Thursday, May 17, 2007

ကျမ ၀ဋ်လည်ခြင်း ....

အပိန် အပဲ့ နောက်ဆက်တွဲ ကွန်မန့်တွေ ဖတ်နေရင်းနဲ့ လွန်ခဲ့တဲ့ ၃-နှစ် ကျော်ကျော်က ကျမ ရေးခဲ့ဖူးတဲ့ ဆောင်းပါးတပုဒ် ခေါင်းထဲ ရောက်လာတယ်။ ဒါနဲ့ အဲဒီဆောင်းပါးကို ကွန်ပျူတာထဲ ပြန်ရှာဖတ်ကြည့်ပြီး ကျမတယောက်ထဲ ရယ်နေမိတယ်။ ကျမ ၀ဋ်လည် တာများလားလို့ တွေးမိတယ်။ ဖြစ်နိုင်ပါတယ် … ၀ဋ်ဆိုတာ နောင်ဘ၀ မကူးဘူး၊ လည်ချင်တဲ့အချိန် လည်တတ်တယ် မဟုတ်လား။

ဒီလိုပါ … ။
၂၀၀၄ ခုနှစ်ဆီက ပေါ်ပြူလာဂျာနယ်မှာ တာရာမင်းဝေက “မှားလျှင်ပြင်ပါ” ဆိုပြီး ဆောင်းပါးတပုဒ် ရေးလိုက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး တာရာမင်းဝေကို ကျမက တန်ပြန်ဆောင်းပါး ရေးပြီး ဝေဖန်ခဲ့မိတယ်။ အကြောင်းအရာက အခုဖြစ်နေတဲ့ အပိန် အပဲ့ နဲ့ ခပ်ဆင်ဆင်ပါဘဲ။ အဲဒီတုန်းကတော့ ကိုယ်ပြောချင်တာလည်း ပြောရသေး ကိုယ့်စာလည်း ဂျာနယ်ထဲ ပါသေးဆိုတော့ ပျော်ပျော်ပါးပါး မော်မော်ကြွားကြွားပေါ့။ အင်း …. ခုတော့ တာရာမင်းဝေနေရာကို ကျမ ရောက်နေပြီလား လို့ ထင်လိုက်မိတယ်။ ဒါပေမဲ့လည်း ကျမကတော့ တာရာမင်းဝေလောက် sensitive မဖြစ်ပါဘူးလို့ ကိုယ့်ကိုယ်ကို အတွေးထဲက ကာဗာလုပ်နေမိသေးတယ်။
ဘာပဲဖြစ်ဖြစ် ဒါဟာလည်း ၀ဋ်လည်ခြင်း တမျိုးပေပဲ။

နားရှုပ်မှာစိုးလို့ … တာရာမင်းဝေရဲ့ ဆောင်းပါးနဲ့ ကျမဆောင်းပါး ၂-ပုဒ်လုံးကို တင်လိုက်ပါတယ်။ နှိုင်းယှဉ် ဖတ်ကြည့်ပြီး … အာမနာတမ်းသာ ဝေဖန်ကြပေရော့။ မထူးတော့ဘူးလေ … ၀ဋ်လည်မှတော့ ကုန်အောင်သာ လည်ပေရော့ … ခံလိုက်လေမဟဲ့လို့ စိတ်ပိုင်းဖြတ်လိုက်ပါပြီ။
***
***

စကန်ဖတ်ထားတဲ့ စာတွေဖတ်မရရင် ရိုက်ထားပြီးသား တင်ပေးပါမယ်။
အဲဒီ ဆောင်းပါး ၂ပုဒ်ကို နေးတစ်ဖိုရမ်မှာလဲ တင်ဖူးပါတယ်။
***
မေဓာဝီ
၁၇၊ မေ၊ ၂၀၀၇
နံနက် ၉ နာရီ ၃၀

မမြင်ရလျှင် “ဒီနေရာ”မှာ ဖတ်နိုင်ပါတယ်။

8 comments:

Anonymous said...

မမေရေ...
အားစိုက် ဖတ်တာတောင် ဖတ်မရဘူး...
အောက်ဆုံး စာမျက်နှာတွေပဲ မနည်းကြည့်မှ မြင်ရတာ...
ရိုက်ပြီးသားလေးရှိရင် တင်ပေးပါလား...
ကျေးဇူး မမေ...

ကိုဖြိုး said...

(မေဓာဝီ။ ။အင်း …. ခုတော့ တာရာမင်းဝေနေရာကို ကျမ ရောက်နေပြီလား လို့ ထင်လိုက်မိတယ်။)
ဖြစ်မှဖြစ်ရလေ မေဓာဝီရယ် … မတန်မရာမှန်းနေတယ်။ (ကိုယ်ပြောချင်တာလည်း ပြောရသေး ကိုယ့်စာလည်း ဂျာနယ်ထဲ ပါသေးဆိုတော့ ပျော်ပျော်ပါးပါး မော်မော်ကြွားကြွားပေါ့။) လို့ဆိုကတည်းကိုက ခင်ဗျားဟာအသားလွတ် လိုက်ပြီးကိုယ်ရည်သွေးနေတယ်ဆိုတာ ထင်ရှားပါတယ်။ စာဖတ်သူအပေါ်လည်း စေတနာမထား။ စာရေးသူရဲ့ နေရာ (First Person Place)ကိုလည်း အလေးမထား။ ငါနဲ့များ ၀ဋ်လည်ပြီထင်သလေးဘာသလေးနဲ့ ကျွန်တော်တော့ တွေးမရဘူးဗျာ။ ကျွန်တော်ဒီနေရာမှာ တစ်ခုပြောခဲ့ပါမယ်။ လူငယ်တွေဆိုတာ အတွေးအခေါ်လွတ်လပ်တယ်။ စည်းကမ်းတွေနဲ့တင်းကြပ်ထားတဲ့ ဘ၀တွေကို ဖောက်ထွက်ချင်ကြတယ်။ ခင်ဗျား အခုသုံးနေတဲ့ ၀င်းဒိုးဆိုတာကို စည်းမရှိကမ်းမရှိနေထိုင်ခဲ့တဲ့ လူငယ်တစ်ဦးဖန်တီးယူခဲ့တယ်ဆိုတာကို သတိရပါ။ အဲလိုလူငယ်တွေကို ဆရာမကြီးလေသံနဲ့ အဆိပ်မခတ်ပါနဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် အရာတွေကို တင်ပြမယ်ဆိုရင်လည်း ခင်ဗျား အာဘော်ကြီးထည့်မနေပါနဲ့။ မြန်မာစာဆိုတာ ဒီဟာကဒီလို၊ ဟိုဟာကဟိုလိုဆိုပြီးသာ ပညာရပ်စစ်ကို တင်ပြပါ။ ခင်ဗျားရဲ့ထင်မြင်ယူဆချက်တွေဟာ လူငယ်အများစုကို အဆိပ်မခတ်မိစေဖို့သတိပြုပါလို့ တိုက်တွန်းလိုက်ပါတယ်။ တာရာမင်းဝေကို ခင်ဗျားဝေဖန်ခဲ့တဲ့စာ ဂျာနယ်ထဲမှာပါလာတာကို သိပ်ဂုဏ်ယူမနေပါနဲ့။ အဲဒါဟာ ဒီနေ့ခေတ်စာပေလောကမှာ ဖြစ်ပျက်နေတဲ့ နာမည်ကြီးပုဂ္ဂိုလ်များအား ဖွလျှင် ဂျာနယ်အရောင်းတတ်စေသည့် စီးပွားရေးလှည့်ကွက်တစ်ခုမျှသာ ဖြစ်ကြောင်းဆင်ခြင်စေလိုပါတယ်။ ကျွန်တော်ထပ်ပြီး ပြောခဲ့ပါ့မယ်။ လူငယ်တွေရဲ့ ဦးနှောက်နဲ့ နှလုံးသားကို အဆိပ်မခတ်မိစေရန် သတိပြုပေးစေလိုပါတယ်။

tint said...

ကို ဖြိုး ရေ
အယူ အ ဆ တွေ သတ် ပုံ တွေ ငြင်း နေ တော့  ၀င် မ ပြော ပါ
လက် တွေ့  သ မား ကျွန် တော် ဟာ စာ အ ကြောင်း သိပ် မ သိ ပါ
ကျွန် တော် ခံ စား ရ သ လို သာ မျှ ဝေ တတ် ပါ တယ်
နောက် မြန် မာ လို လဲ အ ရေး နဲ ပါ တယ်
ထား တော့ 
တ နေ့  မ ပြီး ၂ နေ့  မ ပြီး မို့  အား လုံး ကို တောင်း ပန် ခဲ့  တယ်
ဒါ လဲ ထား တော့ 
အ ခု ဟာ က မ ဆိုင် တဲ့  နောက် posting မှာ ပုဂ္ဂိုလ် ရေး တိုက် ခိုက် လာ
တာတော့  လွန် လာ ပြီ လို့  မြင် ပါ တယ်
အဲ မေး စ ရာ ရှိ ပါ တယ် မင်း ဘာ ကောင် မို့  ၀င် ပြော ရ တာ လဲ ဘာ တတ် နိုင် လဲ
၂ ခု ပါ
၁) မိမိ ရေး သော စာ ဟာ မိမိ သ မိုင်း ပါ ဒေါ သ စိတ် ကြောင့်  ကို ဖြိုး
ရဲ့  သ မိုင်း မ ညစ် ထေး စေ လို တဲ့  စေ တနာ ပါ
၂) ညီ မ လေး မေ ရဲ့  အား ထုတ် မှု blog က လေး မှာ ဒေါ သ တွေ နဲ့  မ
ညစ် ထေး စေ လို ပါ
ဒါ ဟာ ဒိ လို အ ပြု အ မူ မျိုး ကျွန် တော် နောက် ဆုံး မြင် ရ ခြင်း ဖြစ်
မယ် လို့  မျှော် လင့်  ပါ တယ်
တင့်  ဇင် ဦးး

Anonymous said...

မမေက ၀ဋ်လည်မှတော့ ကုန်အောင်သာ လည်ပေရော့ လို့ စိတ်ပိုင်းဖြတ်ပြီးမှတော့ ပြောချင်ရာ ပြောကြပါလေ...
မမေက ဘာမှ တုံ့ပြန်မှာ မဟုတ်ပါဘူး...
ကျမတို့ကလည်း ဘာမှ ၀င်မပြောရင် ရန်လိုနေတဲ့သူများလည်း ပါးစပ်ညောင်း၊ လက်ညောင်းသွားတဲ့ အချိန်ကျ အားလုံး ပြီးသွားပါလိမ့်မယ်...
ဒီတော့ မမေရေ နောက်နေ့ ပို့စ်လေးတွေ မျှော်နေမယ်နော်...
အရင်လိုပဲ ရေးလိုက်ကြ၊ ဖတ်လိုက်ကြရအောင်...;))

Anonymous said...

မမေရေ…

အခုလို ဖတ်စရာ မှတ်စရာ စာလေးတွေ ဆက်လက်ရေးသားဖို့ အလေးအနက် တိုက်တွန်းပါတယ်။ ကျွန်တော်တို့တွေ စောင့်ဖတ်နေမယ်။ မမေရဲ့ ဘလော့ဂ်မှာ လိုတာထက် ပိုတဲ့ အငြင်းပွားမှုတွေ မဖြစ်အောင် ကျွန်တော့်ဘက်က ထိန်းသိမ်းပါ့မယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့၊ သတ်ပုံကျမ်းကို ကျွန်တော့်လို ကြည့်နေရသေးသူများ အတွက် လင့်ခ်တစ်ခု ဝေမျှချင်ပါတယ်၊ တော်တော်များများတော့ သိပြီးဖြစ်ကြမယ် ထင်ပါတယ်။ Online သတ်ပုံကျမ်းပါ၊ လင့်ခ်က ဒီမှာပါ။ သတ်ပုံကျမ်းကို စာအုပ်သုံးပြီး ရှာရင်၊ ပထမ မာတိကာမှာ လိုချင်တဲ့ အက္ခရာခွဲထားနဲ့ စာမျက်နှာနံပါတ်ရှာ၊ ပြီးမှ အဲဒီစာမျက်နှာရောက်အောင် စာရွက်တွေလှန်နဲ့ နည်းနည်းလက်ဝင် ပါတယ်။ အခုကတော့ ကလစ် သုံးလေးချက်လောက် နှိပ်လိုက်ရင် ရောက်ပြီ၊ ရှာရတာ အရင်ထက်စာရင် ပိုလွယ်တယ်။ သတ်ပုံကျမ်း သုံးသူများအတွက် ယခင်ထက် ပိုပြီး လွယ်လွယ်ကူကူ သုံးနိုင်ဖို့ ဝေမျှတာပါ။

ပထဇ

(ကျွန်တော်နဲ့ အရိုင်းပန်းနဲ့ ဆက်စပ်မှု မရှိကြောင်း သိစေအပ်ပါသည်။ အင်တာနက်တွင် ရှာဖွေတွေ့ရှိသည့် အခမဲ့ဝန်ဆောင်မှု သတင်းကို ပြန်လည် ဝေမျှခြင်းသာ ဖြစ်ပါကြောင်း။)

ကလိုစေးထူး said...

ကိုပုရေ.. ကျေးဇူးပဲဗျို့. သတ်ပုံကျမ်းအတွက်.. :)

Anonymous said...

Dear Ma May,

Please carry on...

Hteink Min said...

Thanks for the spelling link