Sunday, May 06, 2007

ပြင်ဆင် ဖြည့်စွက်ခြင်း

အဘိဓမ္မာဘလော့ကို အစကတော့ ‘ဗုဒ္ဓ၏ အဘိဓမ္မာ’ လို့ အမည်ပေးထားပါတယ်။
ဒါကို အဖေ့ကိုပြတော့ အဖေက ဗုဒ္ဓအဘိဓမ္မာ ဆိုရင် ရပါတယ်တဲ့။ ‘၏’ ဆိုတာ မလိုပါဘူးတဲ့။
ကျမကတော့ ပိုလေးနက်အောင် ၏ ထည့်ချင်တယ်ဆိုတော့ အဖေက ဒါဆို မြတ်ဗုဒ္ဓ ၏ လို့ အရှေ့က ‘မြတ်’ ဆိုတာပါ ထည့်လို့ပြောပါတယ်။ ဒါနဲ့ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ လို့ ပြင်မယ် စိတ်ကူးထားတုန်း … ဒီမနက်မှာ အဖေက ထပ်ပြောတယ်။ အခုဘလော့မှာ ဖော်ပြမယ့် စာတွေက တကယ့် အခြေခံတွေပဲ … တဲ့။ ဒါကြောင့် ‘အခြေခံ’ ဆိုတာပါ ပါအောင်ထည့် လို့ ဆိုပြန်တယ်။

ဒီလိုနဲ့ … နာမည်ကို ရှေ့နောက်စဉ်ပြီး …
မြတ်ဗုဒ္ဓ၏ အခြေခံ အဘိဓမ္မာ
အခြေခံ ဗုဒ္ဓအဘိဓမ္မာ
မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအခြေခံ
စိတ်ကူးထဲမှာ အမည်တွေ ပေးကြည့်နေမိတယ်။ နောက်ဆုံးတော့ အခြေခံ ဆိုတာကို ကွင်းစကွင်းပိတ်နဲ့ပဲ အနောက်မှာ ထည့်မယ်လို့ (လောလောဆယ်) စိတ်ကူးပြီး
“မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ (အခြေခံ)” လို့ အမည်ပြောင်းလိုက်ပါတယ်။

နောက်ပြီး … ဂျစ်တူးနဲ့ ညလေးက cbox ထည့်ပါဆိုလို့ cbox ကလေး ဖြည့်စွက် တပ်ဆင် လိုက်ပါတယ်။ ဖတ်ရတာ ရေးရတာ အခက်အခဲရှိလည်း ကျမကို ပြောကြပါ။ ပြန်ပြုပြင်ပေးပါမယ်။
ဒီဘလော့မှာ တပတ်ကို ၂ရက်သာ စာတင်မှာ ဖြစ်ပါတယ်။ အကြံပေး ဆွေးနွေး မေးမြန်းချင်တာတွေ cbox နဲ့ ကွန်မန့်ထဲမှာ ထားခဲ့နိုင်ပါတယ်။

ဒီ အဘိဓမ္မာဘလော့ကို ဖြစ်မြောက်အောင် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ တိုက်တွန်း အားပေးကြသူများကို ကျေးဇူးတင်ကြောင်းပါ။
***

3 comments:

Ka Daung Nyin Thar said...

သာဓု သာဓု သာဓု ပါ အစ်မရေ..

ကျနော့်ဆီမှာ အဘိဓမ္မာ စာအုပ်လေးတအုပ်တော့ ရှိတယ်.. ဒါပေမယ့် အသိဥာဏ်က နုံနဲ့တော့ ဖတ်လို့ နားမလည်ဘူးဗျ..

ကဒေါင်းညင်သာ

MyMetro said...

အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံ ကျောင်းတိုက် ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူတဲ့ “ အခြေပြ ပဋ္ဌာန်းတရားတော်” စာအုပ်ခေါင်းစဉ်လိုမျိုး အခု ဘလော့ဂ်ခေါင်းစဉ်ကိုလည်း “အခြေပြ ဗုဒ္ဓအဘိဓမ္မာ” လို့ပေးရင် ကောင်းမယ်လို့ အကြံပြုပါတယ်။ ခေါင်းစဉ်ကို ပြောလိုရင်းဖြစ်လို့ ရှည်သွားတာပါ။

tint said...

ညီ မ လေး သို့ 
မြင် ရ တာ စိတ် ချမ်း မြေ့  ပ ဘိ
အ ဘိ ဓမ္မာ ဘ လော့  မှာ
တ ဖြေး ဖြေး ပုံ ပေါ် လာ
စည် ကား ကာ သင် တန်း သား ၈ ရယ် နဲ့ 
ဒီ ကု သိုလ် ဒို့  ၂ ကိုယ် မ ယူ ပါ ဘူး
ကံ ဆိုး သူ ညီ ငယ် လေး အ တွက် ပေ မို့ 
ရှေ့  ကို သာ ဆက် ကို တိုး ပါ ဦး လို့ 
တောင်း ပန် ရ ပေ

ဒို့  တ တွေ
ကြမ္မာ ဖန် တဲ့  လမ်း ကို လ
အံ ကြိတ် ခါ ရှေ့  သို့  လှမ်း တဲ့  ခါ
ကူ ညီ တာ တွေ့  မှာ ဘဲ လို့ 
တ ထစ် ချ တဲ့  မ ယူ စေ လို
လူ ဆို တာ အ မိုက် မှောင် ဖုံး သမို့ 
တား ဆီး တာ တွေ့  မှာ ဘဲ ကွဲ့ 
မ ဆန်း လှ တဲ့  သဘာ ၀ ပေ

အခက် ကယ် ကြုံ ပ စေ
သက် ဆုံး စေ ဘယ် မ မှု ပါ နဲ့ 
ဇာနည် ပီပီ ရှေ့  သာ လှမ်း ပါ စို့ 
အ ကို တော် လက် သာ ကမ်း ပါ့  တယ်
ရှေ့  သို့  ညီ မ