Saturday, December 02, 2006

အဖေ့ကဗျာ (၂)

အဖေရေးခဲ့ဖူးတဲ့ ကဗျာလေးပါ။ ကြာပြီဆိုပါတော့။
ကဗျာအမျိုးအစားက ၀ဲရိုက်ဝဲသွင်း လို့ အဖေကပြောပြပါတယ်။
ဝဲရိုက်ဝဲသွင်းဆိုတာက ကဗျာရဲ့ အဆုံးပါဒမှာချတဲ့ စာလုံးရဲ့ကာရန်နဲ့ နောက်အစပါဒက စာလုံးရဲ့ကာရန်ကို ချိတ်ယူထားတဲ့ ပုံစံမျိုးကိုပြောတာပါ။
အဲဒီစပ်နည်းကို သဘောကျလို့ ကျမဘလော့မှာတင်ချင်တာနဲ့ ညက အဖေ့ကို ပြန်မေးကြည့်ပြီး လိုက်မှတ်ထားတာပါ။
ကဗျာရဲ့ နောက်ဆုံး စာလုံး “ဇွဲနှင့်ကျင့်” က အစ စာလုံး “မြင့်ခေါင်ထွတ်” နဲ့ ပြန်ဆက်ဆိုလို့ရပါတယ်၊
ဝဲရိုက်ဝဲသွင်း ကဗျာလေး .. ဖတ်ကြည့်ကြပါအုံး။

***
စိတ်တန်ခိုး တိုးစေကြောင်း

မြင့်ခေါင်ထွတ်၊ စိတ်တန်ခိုး
တိုးဖို့နော်၊ ဖော်ပြမည်
တည်စေကြောင်း၊ ကောင်းကောင်းမှတ်
တပ်မက်ရာ၊ ရှာမသွား
ကြွားမဆို၊ ကိုယ်ကိုစောင့်
ကြောင့်မ၀ှန်၊ လွန်မမှား
အားလပ်မဲ့၊ ချဲ့ကာကြိုး
ဆိုးလျှင်ပယ်၊ ရွယ်လျှင်လုပ်
ငုပ်လျှင်သဲ၊ မြဲမြဲသိ
မိမိဖမ်း၊ ငမ်းငမ်းဖျောက်
နောက်မပြန်၊ ဖန်ဖန်ရှေ့
စေ့စေ့ရော်၊ မြော်ကာထောက်
ရောက်ရမည်၊ သည်ပန်းတိုင်
ယိုင်မလဲ၊ ဇွဲနဲ့ကျင့်
မြင့်ခေါင်ထွတ် .. .. ..

5 comments:

Anonymous said...

Dear Friend,
We would like to invite you to our new forum (www.myanmarteashop.com). Believe it or not, Myanmarteashop is the only forum with unique features that allowed you to express your view in native language. For that reason, more and more people are joining everyday. Some of our forum’s features are :
1.Totally 100% Burmese (Burmese can be use any part of the forum.)
2.Because of Unicode font, you’ll be able to read Burmese posts clearly.
3.You can also use English as well, if you are more comfortable using English.
4.Polling features allow you to poll easily.
5.YouTube videos are also allowed.
6.More than 1,770 smilies to describe your emotions.
7.Friendly community.

cheers
myanmarteashop.com

မေဓာဝီ said...

ကိုချိုသုံးချင်ရင် အသုံးပြုနိုင်ပါတယ်ရှင်

ကလိုစေးထူး said...

လက်စသတ်တော့ အဖေတူသမီးမို့လို့ စာရေးတော်တာကိုး..ကောင်းလိုက်တဲ့ ကဗျာ.. :)

Anonymous said...

ka byar kg kyaung , kya naw chee kyu sa gar so yin, ka byar gun nge thwar hmar so lo, ma may ko pe, yo yo lya, kyay zuu sa gar so par ya say, ka byar lay a tut, give my regards to your dad

ရာဇာထွေး said...

မင်္ဂလာပါ မမမေ.. ကဗျာလေးလေးတွေဖတ်လို့ကောင်းလို့ကူးသွားပါတယ်..။ ကျွန်တော်တခုလောက်ခွင့်တောင်းပါရစေမမမေ..။ မမမေရဲ့ အဖေ့ကဗျာလေးတွေ တချို့ဗဟုသုတဖြစ်ဖွယ်ရာ ပို့စ်လေးတွေကို www.eainlwanthu.ning.com/ မှာရှိတဲ့ကျွန်တော်ရဲ့ဘလော့လေးမှာတင်ချင်ပါတယ် မမမေ..။ စာကောင်းပေကောင်းလေးတွေကိုမိတ်ဆွေသူငယ်ချင်းတွေကိုဖတ်စေချင်တဲ့ဆန္ဒကြောင့်ပါ..အထူးသဖြင့် ဘလော့တွေဝင်ကြည့်ဖို့အဆင်မပြေတဲ့ ပြည်တွင်းကသူငယ်ချင်းတွေအတွက်ပါမမမေ..။ ကျွန်တော်ခွင့်တောင်းတာပါ..ဖော်ပြခဲ့ရင်လည်းမမမေရဲ့ဘလော့ကိုဘဲပြန်ညွှန်းမှာပါ.. မမမေ..။ yarzar.htwe5@gmail.com/ဒါ ကျွန်တော့်ရဲ့
Email ပါမမမေ..။ ခင်မင်လေးစားစွာဖြင့်