Tuesday, March 21, 2017

လက်ကမ်းအမွေ ... ပေးပါ အမေ ...


“လက်ကမ်းအမွေ ... ပေးပါအမေ” 

***
အမေ့ကေသာ
ဖြူဖျော့ပါလည်း
ကေသာဆံထက်...
ပန်းတခက်ဖြင့်
ရင့်ကျက်အိနြေ္ဒ
အို ... အမေ ... ။
 .
အမေ့ခွန်အား
လျော့နည်းပါးလည်း
ဇွဲကားမရော့
မာန်မလျှော့သည့်
တိုင်းပြည့်ဂုဏ်ရည်
အို … အမေ … ။ 
.
 .
အမေ့လက်တွေ
အရေတွန့်လည်း
ခိုင်မာမြဲလျက်
ကမ်းလက်ဆက်ကာ
နောင်လာ သားမြေး
တို့ရှေ့ရေးတွက်
လက်ကမ်း အမွေ ... ပေးပါ အမေ ... ။
 
.
***

မေဓာဝီ
၂၁ မတ် ၂၀၁၇
၂၁း၅၃
(မူရင်းဓာတ်ပုံ ပိုင်ရှင်အား ခရက်ဒစ်ပေးပါသည်)

No comments: