Thursday, January 28, 2016

တရေးနိုး


မျက်လွှာကိုမှိတ်
အိပ်ပါရစေ
ညဥ့်တစ္ဆေဆိုး
လာ၍နှိုးလား
တရေးနိုးခိုက်
မှောင်မိုက်ကောင်းကင်
ကြယ်စင်မရှိ
လပြည့်မသာ
တိမ်ညိုလွှာလွှမ်း
ရင်ခွင်နန်းထက် …
ပင့်သက်လွင့်ကြွေ
အေးစက်နေဆဲ
မျက်ရည်လည်းခမ်း
ရင်မှာနွမ်းပြီ
မျှော်မှန်းရောင်နီ ဘယ်မှာနည်း။ ။
***
မေဓာဝီ
၂၈၊ ၀၁.၁၆

No comments: