Friday, December 25, 2015

တခါက ခရစ်စမတ်ည ... သို့ ...

*
***
****
ခရစ်စမတ် ... တဲ့
မြင့်မြတ်တဲ့ အခါသမယ
ဆိုကြပါစို့ရဲ့။
... ...
... ... ...
... ...
အဲ့ဒီနေ့က ...
ချစ်ခြင်းတရားရဲ့ အစ
သောကတွေရဲ့ အဆုံး
အမုန်းတွေ ဖယ်ခွါ
အပြုံးတွေ သယ်လာခဲ့တယ် ... ။
.
အဲ့ဒီနေ့က ...
နွမ်းခဲ့သမျှ ပြေ
ကျွမ်းခဲ့သမျှ ကျေ
ဝေဒနာတွေ လျော့ပါး
နားလည်မှုများ ထားခဲ့ကြတယ်။
.
အဲ့ဒီနေ့က ...
ပန်းတွေက ပိုမွှေးမြ
စမ်းရေက ပိုအေးမြ
နှစ်ယောက်ဘဝရဲ့ အစပျိုး
မေတ္တာမိုးတွေ စွေခဲ့ကြတယ်။
.
အဲဒီနေ့က ...
ငြိမ်းချမ်းတဲ့ အခါသမယ
ခရစ်စမတ်ညပေါ့
ဘယ်တော့မှ မမေ့စရာ
နှစ်ယောက် တကမ္ဘာအဖြစ်
သစ္စာ တိုင်တည်ရစ်ခဲ့ကြတယ် ... ။
.
ချစ်သူရေ ...
နေရာတွေကွာခြားလို့
နှစ်ယောက်သား ဝေးနေပါစေ
ထာဝရ အချစ်ဓာတ်ဖြာလွှမ်းတဲ့
တခါက ခရစ်စမတ် ညချမ်းလေးကို
အမြဲ တမ်းတနေမှာပါလေ ... ။
***
မေဓာဝီ
၂၄၊ ၁၂၊ ၁၅
၂၁း၃၀ နာရီ 
(အားလုံးပဲ ပျော်ရွှင်ငြိမ်းချမ်းသော ခရစ်စမတ်နေ့ ဖြစ်ပါစေ။)

2 comments:

blackroze said...

ပျော်ရွှင်ပါစေ အမရေ..
ပစ်ပြန်လာရင်လည်း ထပ်တွေ့ရအောင်နော်အမ

ချစ်​သူ​မောင်​ ခရီးသွား ဧည့်​သည်​ said...

ကဗျာ​တွေဖတ်​သွားယတ်​ဗျို့ ဒီထက်​များများ​ရေးနှိုင်​ပါ​စေ