Tuesday, October 14, 2014

တမ်းတတဲ့ တေး ...

တမ်းတတဲ့ တေး


ပန်းဖြူဖြူ ... 
နမ်းသူကို မျှော်ငေး။

အဖော်ဝေးသူမို့
သြော် ... ဆွေးကာ - ခမျာ လွမ်းမယ် ...
တမ်းတတဲ့ တေး ... ။ 
***
မေဓာဝီ
၁၄.၁၀.၁၄
၀၆း၄၀ နာရီ

ဒီနေ့မနက် အိပ်ရာက နိုးချိန် မျက်နှာမသစ်ခင် ဖေ့စ်ဘွတ်ဝင်တော့ ကိုနတ္ထိတင်ထားတဲ့ နှင်းဆီပန်းဖြူဖြူ လေးတွေကို တွေ့ရတယ်။ ကိုနတ္ထိက ဓာတ်ပုံလေးတွေ တင်ရင် စီးရီးစ် အလိုက်တင်လေ့ရှိပါတယ်။ ငှက်ကလေးတွေ၊ နေမင်းကြီး၊ သစ်ပင်တွေ ... စသဖြင့်ပေါ့။ ခုတလောတော့ နှင်းဆီပန်း အဖြူရောင်တွေချည်း ဆက်တိုက် တင်နေတာ တွေ့ရတယ်။ ဒီမနက် အဲဒီနှင်းဆီပန်း အဖြူလေးတွေကို မြင်ရတော့ ကျမစိတ်ထဲကနေ စာသားလေးတွေ အစီအရီ ပေါ်လာတာနဲ့ ကမန်းကတန်း ချရေးလိုက်တယ်။ ကိုနတ္ထိရဲ့ ပို့စ်က ကွန်မန့်ထဲမှာရော ... ကျမရဲ့ ဖေ့စ်ဘွတ် ပေ့ခ်ျမှာပါပေါ့။ အဲဒီလိုနဲ့ ကဗျာလေးတပုဒ် ဖြစ်လာပါတယ်။ ဖြစ်လာတဲ့ ကဗျာလေး အလဟဿ  မဖြစ်ရအောင် ဘလော့မှာ တင်လိုက်ပါတယ်။ :)
***
(မှတ်ချက်။ ပုံထဲက နှင်းဆီပန်းလေးက ဦးရီးတော်ခြံထဲက ပန်းကလေးပါ)
***
တောင်းပန်ခြင်း ... ။ 

အလုပ်ရှုပ်၊ စိတ်ရှုပ်နေတာကြောင့် တီတင့်နဲ့ သူကြီးမင်းတို့ရဲ့ တဂ်ပို့စ်ကို အချိန်မီ မရေးပေးနိုင်တာ ခွင့်လွှတ်ပါ။ မကြာမီ ရက်ပိုင်းမှာ ရေးလက်စလေး အချောသတ်ပြီး တင်ပေးပါမယ်။ အခုတော့ ... ဒီကဗျာလေးနဲ့ပဲ လောလောဆယ် ကျေနပ်ကြပါလို့ ... ။
***

4 comments:

စုချစ် said...

ချစ်စရာကောင်းလိုက်တဲ့ ကဗျာ...
စောစောစီးစီး ပန်းလှလှလေးကြည့်ပြီး ချစ်စရာကောင်းတာလေး ဖတ်လိုက်ရလို့ ကျေနပ်သွား...

Anonymous said...

ပန်းများလဲ ပွင့်စေ…
အလွမ်းများလဲ လွင့်စေ…
… 

Aunty Tint said...

အလုပ်ရှုပ် စိတ်ရှုပ်တဲ့ကြားကနေ တမ်းတတဲ့တေးလေး ဖြစ်အောင်ရေးခဲ့တော့လဲ some thing is better than nothing လို့တွေးရင်း ကျေနပ်ခဲ့ပါတယ် မမေရေ... :P

မဒမ်ကိုး said...

ပန်းတွေကြွေ အလွမ်းတွေဝေ

ပြန်လာရင်တွေ့မယ်နော်မမမေ