Wednesday, April 09, 2014

ပိတောက် ၂၀၁၄ ...

...
ခြေသံမကြား ... တံခါးမခေါက်ဘဲ
ပိတောက်တွေ ကိုယ့်ဘေးနား
အမွှေးသား ရောက်လာတယ် ... ။
.

စွဲလမ်းရတဲ့ အဆင်း ... သင်းပျံ့လှတဲ့ ရနံ့
မက်မောခဲ့ရ အခါခါ
ဘယ်နေရာ ရောက်ရောက်
မေ့ပျောက်လို့မရတာ ... ဟော့ဒီ ပိတောက်ဝါ ... ။
.

မိုးကို မျှော်တဲ့ ပိတောက်ပန်း
မိုးရေစင် မပက်ဖြန်းဘဲ
နွေနေမှာ လန်းဆန်းခဲ့။


ဖူး ပွင့် ရွက် ခက်ဖြာ
စုံညီစွာ တင့်တယ်
နွေလယ်မှာ သူပျော်
အတာသင်္ကြန်ရဲ့ အဖော် ... ။  


ပိတောက် အိပ်မက်
သင်္ကြန်ရက်ရှည်
နွေရွက်ကြွေလို
ဝါ ရွှေ ညို ရင့်
အလွမ်းတွေ သင့်ခဲ့တယ် ... ။
***
မေဓာဝီ
၉၊ ဧပြီ၊ ၂၀၁၄
၂၃း၃၄ နာရီ

5 comments:

အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်သော သင်္ကြန်ဖြစ်ပါစေ.. မမေ..
ချစ်တဲ့ မလေး

ရင်လှိုင်း said...

သင်္ကြန်မရောက်လာခင်တုန်းက အရင်သင်္ကြန်ကို လွမ်းတယ်...။ သင်္ကြန်ရောက်တော့ သင်္ကြန်ကို မခွဲချင်ဘူး...။ သင်္ကြန်ဲပြီးသွားတော့ သင်္ကြန်ကို လွမ်းအုံးမှာနော်....။

သူကြီးမင်း said...

ဒီကနေတောင် ပိတောက်နံ့လေး ရသလိုလိုဘဲ။

၁၂လရာသီပန်းနဲ့ အလွမ်းတွေ တပွေ့တပိုက်ချမ်းသာများ နေလေရော့သလား ဒေါ်မေဓာ။း)

နောင်ဂျိန် said...

အမ... ကဗျာကြိုက်တယ်....ဗျာ။


ညီမ

Unknown said...

အီးမေးလ်ဖတ်ကြည့်ဦးနော်