Sunday, August 21, 2011

မွေးနေ့ ဆွမ်းကျွေး

၂၁၊ သြဂုတ်၊ ၂၀၁၁၊ တနင်္ဂနွေနေ့။

မွေးနေ့မှာ ဆွမ်းကပ်ဖို့ မနက်စောစော ဘာမင်ဂန် ဘုန်းကြီးကျောင်းကို သွားကြတယ်။ ဘုန်းကြီးကျောင်းမှာ သံဃာ ၆-ပါး၊ ယောဂီ ၈ ယောက်နဲ့ ဖိတ်ထားတဲ့ ဧည့်သည်တွေ အတွက် ထုံးစံအတိုင်းထက် နည်းနည်းသာတဲ့ ဟင်းတွေချက်ယူသွားခဲ့တယ်။ ကံကောင်းချင်တော့ အလုပ်က စနေ တနင်္ဂနွေ ၂ ရက်လုံး off ပေးထားလို့ စနေနေ့ တနေ့လုံး ဟင်းချက်ချိန် ရခဲ့တယ်။


ဆွမ်းဟင်းပွဲတွေ ...

အားလုံး မေဓာဝီ တယောက်ထဲ ချက်တာ မဟုတ်ပါဘူး။ ကြွရောက်လာကြတဲ့ ဧည့်သည်တွေ ယူလာကြတဲ့ ဟင်းတွေလဲ အသီးသီး အသက ပါတာမို့ ဖွယ်ဖွယ်ရာရာ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတယ်။


သံဃာတော်များ နေ့ဆွမ်းဘုဉ်းပေး



အချိုပွဲ ... (မေဓာဝီကိုယ်တိုင်နှပ်သော လက်ဖက်လဲပါတယ်။)



ပုံ (၁) ကြွရောက်ချီးမြှင့်ကြသော ဧည့်ပရိသတ်များ ... ပုံ (၂) ကာလသားဝိုင်း


ဒါကတော့ ကာလသမီးဝိုင်း ... အဲ မှားလို့ ... အပျိုချောလေးတွေဝိုင်း



ပရိတ်တရား ချီးမြှင့်နေသော သံဃာတော်များနှင့် နာကြားနေသော ပရိသတ်များ



ဒေါက်တာဦးဥတ္တရဥာဏ၏ တရားလက်ချာ သင်္ခါရာ ....
(သင်္ခါရက္ခန္ဓာ နှင့် ပတ်သက်သည့် တရားဒေသနာကို ချီးမြှင့် ဟောကြားနေပုံ)

တောင်းပန်စကား ...
နက်ဖြန် မနက်စောစော ထပြီး အလုပ်သွားရမှာမို့ ပို့စ်ကို ကမန်းကတန်းသာ တင်လိုက်ပါသည်။ စာရှည်ရှည်လဲ မရေးနိုင် အလွန်ပင်ပန်းကာ အိပ်ချင်ပြီမို့ ဤမျှသာ တင်လိုက်ရကြောင်း အားလုံးကို တောင်းပန်ပါ၏။

ကျေးဇူးစကား ...
အဝေးရောက် မိဘနှစ်ပါး၊ အမကြီး မောင်လေးနှင့်တကွ ... မွေးနေ့ (ဟုမပြောဘဲ) အလှူ ဖြစ်မြောက်အောင် အစစ အရာရာ ငွေကြေးစိုက်ထုတ် စီစဉ်ပေးသော ဦးရီးတော်၊ ငွေအားလူအား ကူညီပေးသော အမလတ်နှင့် ယောက်ဖတော်၊ မွေးနေ့အကြို ကိတ်မုန့်ကို အထူးအော်ဒါမှာပေးသော ညီမ သုသုနှင့် မိသားစုဝင်များ၊ အလှူကို လာရောက်၍ အစားအသောက်နှင့်တကွ အစစ အရာရာ ပံ့ပိုး ကူညီပေးကြသူများ ... အမှတ်တရ လက်ဆောင် ပေးကြသူများ ..... အားလုံး အားလုံးကို ကျေးဇူး အထူးတင်ပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

Finally ....


ပုံ(၁) ခွဲပြီ ... (ကိတ်မုန့်) ။ ပုံ (၂) ဖောက်ပြီ (လက်ဆောင်ထုတ်များ)


and then ....

အိပ်ပြီ ... good night
***
MDW
21.08.2011
23;30

26 comments:

Anonymous said...

Ma May,

HAPPY BIRTHDAY!!!!!!!!!!!

Regular reader

သက်ဝေ said...

Happy Birthday ပါ မေ...
မွေးနေ့အတွက် ကောင်းမှုကုသိုလ်တွေကို သာဓုခေါ်ပါတယ်...။ လိုရာဆန္ဒတွေ အားလုံး ပြည့်စုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ရှင်သန်နိုင်ပါစေ...။

ဝါသနာအရ... မွေးနေ့လက်ဆောင်တွေထဲက ပိုက်ဆံအိပ် အညိုရောင်လေးကို သွားရည်ကျသွားသေးတယ်...း))

SHWE ZIN U said...

မမေဓါ ရေ

မွေးနေ့ တရာနှစ်ဆယ် တိုင်ပါစေ ရွှင်လန်းချမ်းမြေ့ပါစေ နော်

Maung Myo said...

လက်ဆောင်ကို လေထဲကနေ လေနဲ့ ပို့လိုက်တယ် မမေရေ့ ဘက်ဒေးမှာ ဟက်ပီးပါစေး)

နေ၀သန် said...

သာဓု.. သာဓု... အိပ်ပါ..အိပ်ပါ... :D

ခင်မင်လျက်
နေ၀သန်

Anonymous said...

21 Aug! Same birthday with me!

ချော(အစိမ်းရောင်လွင်ပြင်) said...

မမေ
မွေးနေ့မှသည် နေ့ရက်တိုင်း ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ
စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒအားလုံး ပြည့်ဝပါစေနော်။
မွေးနေ့ရှင်က မျက်နှာလည်း မပြဘူး။ ကိတ်မုန့်ဘဲမြင်ရတယ်.. မကျေနပ်ဘူးး)


ချစ်တဲ့


ချော

ချစ်ကြည်အေး said...

မင်္ဂလာရှိသော မွေးနေ့ပါ ညီမမေ။ ဟင်းပွဲတွေက ရှယ်ပဲ၊ ကပ္ပီယလုပ်ချင်စိတ် ပေါက်သွားတယ်...ဟဲဟဲ

seesein said...

ကြီးမေ
ပျော်ရွှင်ပြီး လုပ်ချင်တာ အားလုံး လုပ်နိုင်စေနော်

ခင်မင်တဲ့
စစ

ကိုအောင်(ပျူနိုင်ငံ) said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ...

sosegado said...

Happy Birthday !
ပုံတွေကိုကြည့်ပြီး တစ်ယောက်ထဲချက်တယ်ထင်နေတာ၊ စာကိုဖတ်ပြီးမှ …
မွေးနေ့အလှူအတွက် သာဓုခေါ်လိုက်ပါတယ်။

တောက်ပကြယ်စင် said...

မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀-တိုင်အောင် အရှင်ဗာကုလကဲ့သို့ ကျန်းမာပြီး အမျိုးဘာသာ၊ သာသနာအကျိုးကို ဆတက်ထမ်းပိုးတိုးကာတိုးကာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါသည် မမေဓာဝီ။

(အားလုံး မေဓာဝီတစ်ယောက်ထဲ ချက်တာမဟုတ်ဘူးဆိုတာကို မတွေ့ခင် ဟာ...အံ့ဖွယ်ကောင်းလေစွ ချက်နိုင်လှချီလားဆိုပြီး)

ကိတ်မုန့်လေး စားချင်တယ် DHL နဲ့ပို့ပေးပါလား...

ညီလင်းသစ် said...

ပျော်ရွှင်စရာ ကောင်းတဲ့၊ ကုသိုလ်တွေ တပွေ့တပိုက်နဲ့ မွေးနေ့လေး ဖြစ်ပါစေ မမေ...။ ဟင်းပွဲတွေ ကြည့်ပြီး ကြားထဲက သွားရည်ကျရ သေးတယ်၊ ဒီတခါတော့ ခေါက်ဆွဲကြော် မတွေ့မိဘူး၊း) အလုပ်မှာလည်း အစစ အဆင်ပြေမယ်လို့ မျှော်လင့်ပါရဲ့ဗျာ....။

T T Sweet said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ။ မွေးနေ့ရှင် ဘယ်သူလဲ လာချောင်းတာ မမြင်ရဘူးဂျာ။

Anonymous said...

Happy be lated Birthday....May!!!!!!
Come and sweep all unread post.Thanks for sharing.
Gyidaw

ဟန်ကြည် said...

ဆွမ်းဟင်းတွေမြင်တော့ ဘုန်းကြီးဝတ်ချင်စိတ်တောင်ပေါက်သွားတယ်...အဟုတ်...

မွေးနေ့မှသည်
နှစ်ထောင်ချီ၍
တိုင်းပြည်၊ ဘာသာ
သာသနာကို
ရောင်ဝါမညှိုး
သရေတိုးအောင်
ရွက်ဆောင်နိုင်သော
မနောဖြူစွာ
မမေဓာတစ်ယောက်ဖြစ်ပါစေ...

နောက်ကျမှ ရောက်ဖြစ်တာ ခွင့်လွှတ်ပါ...အလှူပွဲတွေမှာတော့ နောက်ကျမှရောက်ရင် ဘုန်းကြီးပွဲကျစားရတော့ ဟင်းပိုစုံအောင် စားရလွန်းလို့ အကျင့်ဖြစ်နေတာ...ဟား ဟား...

Thazin said...

happy birthday May

မေဓာဝီ said...

မွေးနေ့ရှင်က ကိတ်မုန့်လှီးတုန်းက ရေမချိုးရသေးလို့ မျက်နှာမပါသွားတာပါ။ :))

မွေးနေ့ဆုတောင်း ကွန်မန့်များအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီရက်ပိုင်း အလုပ်တွေများလို့ ပြန်လည် ဧည့်ဝတ်မကျေနိုင်တာကို ခွင့်လွှတ်ကြပါရှင်။

မဒမ်ကိုး said...

မမမေ
လာလည်တာမွေးနေ့လေးနဲ့တိုးလို့
Happy birthday ပါနော်

ခင်တဲ့
မဒိုးကန်

ကလိုစေးထူး said...

မွေးနေ့ပွဲက အားကျစရာကြီး။ ကျနော်ဖြင့် အဲလို တခါမှ မလုပ်နိုင်ဘူး။ :D

Anonymous said...

blogံ လိခ မေဓံ ဂဏှ။ စိရံ ဇီဝ သုခံ ဟရ။

ရေးပါ...
တွေးပါ...
သက်ရှည်...
ချမ်းသာ...

ကိုအောင်(ပျူနိုင်ငံ) said...

မမေဓါဝီ ခင်ဗျာ ..
ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...

ကိုကိုမောင်(ပန်းရနံ့) said...

နှစ်ပေါင်းရာထောင်ချီပြီး ကျန်းမာချမ်းသာပျော်ရွှင်တက်ကြွစွာ အသက်ရှည်ပါစေ။

အရာအားလုံးအောင်မြင်ပါစေ။

ခင်မင်လျက်

အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်သော မင်္ဂလာမွေးနေ့ပေါင်းများစွာကို စိတ်ချမ်းသာ ကိုယ်ကျမ်းမာစွာဖြင့် ဆင်နွှဲနိုင်ပါစေ မမေ..

ချစ်ခင်လျှက်..
မလေး

မြစ်ကျိုးအင်း said...

နောက်ကျဆုတောင်း

မွေးနေ့မှာ ဒီလို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ် လှူဒါန်းရလို့ အများကြီး ကုသိုလ်လည်း ရမှာပါပဲ။ ကြည်နူးပီတိလည်း ဖြစ်ရမှာပါ။ အဲဒီကုသိုလ်နဲ့ ပီတိ ကို တနှစ်ပါတ်လုံး တည်ရှိခံစားနိင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ညိမ်းနိုင် said...

အဲ...မွေးနေ့အလှူပို့စ်ကြမှ ဘယ်လိုကျော်သွားလဲမသိ၊
တနင်္လာ၊အင်္ဂါနေ့တွေတုန်းက ညပိုင်းအလုပ်တွေလုပ်နေရ
လို့ကျော်သွားတယ်ထင်ရဲ့..၊မွေးနေ့မှသည် နောင်နှစ်ပေါင်း
များစွာ ကျမ်းမာ၊ချမ်းသာ၍ သာသနာကိုကောင်းစွာထောက်
ပံနိုင်သော အမျိုးသမီးကောင်းတစ်ဦးဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ဗျိုး...၊