Tuesday, February 15, 2011

မေ့ထားတဲ့ နေ့များ ...

ဟိုနေ့ ဒီနေ့
ဟို-ဒီ နေ့အား
မေ့ထားခဲ့တာ ကြာပါပြီ။

ကြုံ၍ ဆုံတွေ့
ဘုံဓလေ့အား
ထုံမွေ့ဖို့တွက် ခက်လှသည်။

ကမ္ဘာအရေး မြန်မာအရေး
အခါခါတွေးလဲ
စာရေးဖို့ဖြင့် မ၀ံ့ပြီ။

မေတ္တာ သစ္စာ
ချစ်သဒ္ဓါလဲ
နှစ်ကြာညောင်း၍ ဟောင်းခဲ့ပြီ။

ရှုံးလျက် မုန်းခက်
အဆုံးသတ်တော့
ပြုံးလျက်နှင့်သာ နေချင်သည်။

ကြမ္မာ ဖန်လာ
သံသရာတကွေ့
ပြန်ကာတွေ့ဖို့ ဆုတောင်းမည်။ ... ။
***
မေဓာဝီ
၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၀၀း၀၁ နာရီ

(ဖေဖော်ဝါရီရဲ့ ဟိုနေ့ ဒီနေ့တွေအတွက် အမှတ်တရ ဘာမှ မရေးဘူးလားဟု မေးလာသူများသို့ ... )

15 comments:

အိမ့်ချမ်းမြေ့ said...

ကမ္ဘာအရေး မြန်မာအရေး
အခါခါတွေးလဲ
စာရေးဖို့ဖြင့် မ၀ံ့ပြီ။

အဲဒါလေးကို ချစ်လိုက်တာ..း))

Anonymous said...

ကြီးမေ
မေတ္တာ သစ္စာ နှစ်ကြာ လို့
ဟောင်းပေမယ့် လတ်ဆတ်လန်းနေဆဲနေမှာပါ
ဒါကြောင့် ကြမ္မာ ဖန်လာရင်
သံသရာ တကွေ့ထိ စောင့်ဖို့မလို
ပြန်ကာတွေ့ကြလို့ ပျော်စေ။ (နောက်တယောက်နဲ့ဖြစ်ဖြစ်ပေါ့း) )


ခင်မင်တဲ့
seesein

အင်္ဂါမောင် said...

ရိုးရိုးရှင်းရှင်း ကာရန်အချိတ်ကလေးတွေနဲ့ ဖတ်သူတိုင်း နားလည်အောင် ရေးတတ်တဲ့ မမေဓာဝီရဲ့ ကဗျာ့စွမ်းရည်ကိုတော့ မချီးကျူးဘဲ မနေနိုင်တော့ဘူး။ တကယ်ကို ချီးကျူးပါတယ်။ မြန်မာဆန်တဲ့ ဘလော့လေးမို့လဲ လာလည်ရတာ စိတ်ချမ်းသာပါတယ်။

နေ၀သန် said...

သံသရာတစ်ကွေ့မှာ ဘူနဲ့တွေ့မလို့တုန်း....း))


ခင်မင်တဲ့
နေ၀သန်

Maung Myo said...

ကမ္ဘာအရေး မြန်မာအရေး
အခါခါတွေးလဲ
စာရေးဖို့ဖြင့် မ၀ံ့ပြီ။

အဲ့တာလေးရေးဖြစ်ရင်တော့ အမှတ်မရှိတဲ့ သည်း ကွဲတာပဲကောင်းပါတယ် အဲ့သီချင်းလေး သွားသတိရတယ်း)

ကျောက်လင်တိုင်း said...

အလို...သူက ဟိုနေ့ ဒီနေ့အတွက် အမှတ်တရတွေ ဘာတွေ ရှိသတဲ့လား....အံ့ရော....အံ့ရော...

shwezinu said...

မမေဓါဝီ ရေ

ချစ်စရာ ကဗျာလေးကို ဖတ်သွားတယ်နော်

ခင်မင်စွာဖြင့်

ရွှေစင်ဦး

sosegado said...

အဆုံးသတ်တော့ပြုံးလျက်နှင့်သာ နေချင်သည်။

အဆုံးမှာ အမုန်းမဖြစ်ရင်ပြီးတာပဲ၊ အရှုံးပေးထားတဲ့သူအတွက်။

ညီလင်းသစ် said...

တခါတလေတော့လည်း ဟိုနေ့ဒီနေ့တွေကို ဟိုတကွေ့၊ ဒီတကွေ့မှာ မေ့ထားတာ ခပ်ကောင်းကောင်းပါပဲ...နော၊ :)

Anonymous said...

မေတ္တာမပျက် သစ္စာဖက်လို့
သံသရာတကွေ့ ပြန်ဆုံတွေ့ကြရင်ဖြင့်
အပြုံးလေးတွေပန်ဆင်ရင်း အမုန်းခြုံလွှာလေးတော့ဖြင့် မ၀တ်ဆင်ပါနဲ့လို့ နော် မမေ
း)


ချော(အစိမ်းရောင်လွင်ပြင်)

Anonymous said...

ရှုံးလျက် မုန်းခက်
အဆုံးသတ်တော့
ပြုံးလျက်နှင့်သာ နေချင်သည်။

အရမ်းကြိုက်..
အမရာ..အဲလိုလေးတွေရေးပါ..အရမ်းမိုက်တယ်..


ညီမ

ကိုအောင်(ပျူနိုင်ငံ) said...

ပြန်တွေ့ချင်တယ်ဆိုတော့ အလှူအိမ်မှာ
ဖိနပ်မှားသွားလို့နဲ့ တူတယ် ... :P

သစ်နက်ဆူး said...

ညီမမေ
ကဗျာလေးတွေကတော့
ရိုး၇ိုးလေးနဲ့ ကောင်းနေတာဘဲ..
ဒါပေမယ့် နောက်ဆုံးပိုဒ်လေးဖတ်ပြီးတော့
ဘုရးစင်ရှေ့ မျာ ပုတီးဘဲစိတ်ရတော့မလိုလို..
နှင်းဆီပန်းဘဲ ပြေးဝယ်ပြီးပေး၇တော့မလိုလိုနဲ့ 
..
..
ညီမမေ
တော်တော်ဆိုးး)

rose said...

ကဗျာလေး ကြိုက်၏။ ခိုက်၏။

မေတ္တာ သစ္စာ
ချစ်သဒ္ဓါလဲ
နှစ်ကြာညောင်း၍ ဟောင်းခဲ့ပြီ။

မြစ်ကျိုးအင်း said...

တပိုဒ်ချင်းစီမှာ အဓိပ္ပါယ်တွေ လေးနက်လို့ သဘောကျမိတဲ့ ကဗျာလေးပါ။