Saturday, November 13, 2010

မျှော်လင့်ရတဲ့ နေ့ ...

စာမေးပွဲပြီးမှ ဘလော့ဂင်းမယ် စိတ်ကူးထားပေမဲ့ ဒီကနေ့တော့ ၀မ်းသာတဲ့ အထိမ်းအမှတ်အဖြစ် ဘလော့ပေါ် ရောက်လာမိပြန်ပါတယ်။ မရေရာတဲ့ သတင်းကြောင့် မနေ့ကတည်းက စိတ်ထဲမှာ မတင်မကျ ဖြစ်နေရတယ်၊ ဒီလိုပဲ သတင်းတွေက ကြားတိုင်းလဲ မှန်ချင်မှ မှန်တာ မဟုတ်လား။ မှန်ပါစေ ဆုတောင်းပေမဲ့ စိတ်ထဲက အားသိပ်မရှိဘူး။ မနက်ခင်း သင်တန်းမသွားခင် မနက်စာစားရင်း ဦးရီးတော်က ပြောတယ် ... မနေ့က ကြားရတဲ့ သတင်းက ခုထိ အတည်မပြုသေးဘူး ဆိုတော့ စိတ်ဓာတ်က ကျချင်ချင်ရယ်။ သင်တန်းက ပြန်ရောက်တော့ နေ့လည် ၁ နာရီ၊ ဗိုက်ဆာတာနဲ့ ကမန်းကတန်း အ၀တ်အစားလဲ ... နေ့လည်စာစားဖို့ ဟင်းနွှေးနေတုန်း ဦးရီးတော်က မီးဖိုခန်းထဲ ၀င်လာပြီး ... သမီးရေ ... လွှတ်လိုက်ပြီ ... လို့ ၀မ်းသာအားရ လာပြောတယ်။ ကျမတို့ တူဝရီးနှစ်ယောက် နွှေးထားတဲ့ ဟင်းထမင်းတွေ ပစ်ပြီး တီဗီမှာ ပြနေတဲ့ သတင်းကို ထိုင်ကြည့်နေလိုက်တာ အကြာကြီးပဲ၊ ဗိုက်ဆာရကောင်းမှန်းလဲ မသိကြဘူး။ ဒီသတင်းကြားရမယ့်နေ့ကို ကျမတို့ မျှော်လင့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပကော .... ။

တီဗီက လွှင့်နေတဲ့ သတင်းတွေက ဒီသတင်းကိုပဲ ဦးစားပေး ကြေငြာနေကြတယ်။ ဒေါ်စုအိမ်ရှေ့က ၀မ်းသာပျော်ရွှင်နေကြတဲ့ လူအုပ်ကြီးကိုကြည့်ပြီး ကြက်သီးများတောင် ထမိပြီး မျက်ရည်ဝဲမိတယ်။ တီဗီမှာ ခပ်ဝါးဝါး မြင်နေရတဲ့ ဒေါ်စုမျက်နှာကိုလဲ ကြည့်လို့မ၀ဘူး။ ၀မ်းလဲ သာတယ်၊ ၀မ်းလဲ နည်းတယ်။ ဖော်မပြတတ်တဲ့ ခံစားမှုပေါင်းများစွာနဲ့ .... ရင်ထဲမှာ ပြည့်ကျပ်နေတယ်။ ဒါကြောင့် တခါတုန်းက ရေးခဲ့ဖူးတဲ့ "အို ... မိခင်" ကဗျာလေးကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ပြန်လည် ဖော်ပြလိုက်ပါတယ်။
လူထုက ချစ်သော ... လူထုကို ချစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာပါစေ ... လို့ ... လှိုက်လှဲစွာ ဆုတောင်းရင်း .... ။
***

အို ... မိခင်

ရင်မှမွေးဖွား ချစ်သည့်သားနှင့်
တိုင်းသားပြည်သူ ယှဉ်လာမူကား
အများအရေး ဦးစားပေးကာ
သားမြေးမငဲ့ စွန့်ဝံ့ခဲ့သည်
ပါရမီရှင် … အို … မိခင်။

အိမ်တွင်ပိတ်လှောင် ထောင်တွင်ထည့်ထား
နှစ်ရက်များစွာ ရှည်ကြာပါလည်း
မလျှော့ဇွဲဖြင့် ရဲမာန်ဝင့်တင်း
စိတ်ဓာတ်ပြင်းသည်
အလင်းသခင် … အို … မိခင်။

လိမ်ဆင်ဉာဏ်များ လှည့်စားတတ်သူ
ထိုလူတစု နှိပ်စက်မှုအောက်
ဖန်ဖန်ရောက်လည်း
ကြောက်သည် မပြော
မောသည် မဆို
ငိုသည် မရှိ
သတ္တိပြည့်သည်
တိုင်းပြည်အရှင် … အို … မိခင်။

အို … မိခင် …
အမိ ကောင်းမှု
ပြုသည့် ပါရမီ
တည်သည့် စိတ်ဓာတ်
မြတ်သည့်ဆန္ဒ
အ၀၀ကြောင့်
ကျမည့် ဘေးရန်
အန္တရာယ်ခပ်သိမ်း
ဖယ်ခွါတိမ်း၍
ငြိမ်းချမ်းပါလို
တောင်းဆု ဆိုသည် …
အလိုဆန္ဒ ပြည့်စေသောဝ် … ။
***
မေဓာဝီ
(၁၇၊ ၅၊ ၂၀၀၉ က ရေးသည်)

17 comments:

Anonymous said...

မမေ ရေ ... ကျမတို့တွေရဲ့  ဒီနေ့ခံစားချက်တွေက ထပ်တူထပ်မျှပါဘဲ ... အဝေးကနေပြီး ၀မ်းသာလွန်းလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတာရယ် ...

mie nge

Crystal said...

အားလုံးတိတ်တခိုးမျှော်လင့်နေရတဲ့ ဝမ်းသာလွန်းလို့ မျက်ရည်ကျရတဲ့နေ့ဖြစ်ပါတယ်။

ကိုပေါ said...

ကျမည့်ဘေးရန်
အန္တရာယ်ခပ်သိမ်း
ဖယ်ခွာတိမ်း၍
ငြိမ်းချမ်းပါလို
တောင်းဆု ဆိုသည်...
အလိုဆန္ဒ ပြည့်စေသောဝ်...။

အမြန်ဆုံး ပြည့်စေသောဝ် ...။

Anonymous said...

ကြီးမေရေ
ခံစားမှု ထပ်တူထပ်မျှပါ
သက်ကြီးခေါင်ချ ကြက်တွေတောင်တွန်ပြီ
လင်းကြက်တွန်သံလည်း ကြားနေရပြီ
အိပ်လို့မပျော်သေးဘူး

့ငြိမ်းချမ်းအေးမြကြပါစေ
ခင်မင်စွာဖြင့်
အရီးလေး
seesein

Anonymous said...

ဝမ်းလဲ သာတယ်၊ ၀မ်းလဲ နည်းတယ်။ ဖော်မပြတတ်တဲ့ ခံစားမှုပေါင်းများစွာနဲ့ ....

ထပ်တူထပ်မျှပါဘဲ ...

ရွှေရတုမှတ်တမ်း said...

မနက်လင်းကထဲက..ဒီသတင်းတွေပဲ..ရှာကြည့်နေတာ..
စိုးတော့စိုးရိမ်မိတယ်...
ဒင်းတို့က.....စကောလောက်မပြောနဲ့ ဒန်အိုးဖုံးလောက်မှ ဇောက်မနက်တဲ့ကောင်တွေ..
အန်တီစု....ဘေးဘယာဝေးကွာပါစေ....

Unknown said...

ပြောရရင် ယုံမှာတောင် မဟုတ်ဖူး။ မနေ့ညက တညလုံး မအိပ်ပဲ ဒီသတင်းကို စောင့်နေတာ... အဖြူအမဲ သိရတော့မှ အိပ်ရာဝင်တာ အခုမှ နိုးတော့တာပဲ.... အခုဒီမှာ နေ့လည် ၁:00 ဟီးးးး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပါရဲ့
သတင်းတွေကြားတော့ သိပ်ဝမ်းသာမိပေမဲ့
အမေစုရဲ့ ပုံတွေကို မြင်လိုက်ရတော့ ဘယ်လိုခံစားချက်မှန်းမသိဘဲ မျက်ရည်ကျမိပါတယ်.. အရည်အချင်းရှိသူတစ်ယောက်ရဲ့ ကုန်ဆုံးသွားတဲ့အချိန်တွေကို နှမြောမိလို့ပါ

ကိုအောင် said...

တကယ့်ကို ၀မ်းမြောက်ဖွယ်ပါ။

ချစ်ကြည်အေး said...

အလိုဆန္ဒ ပြည့်စေသောဝ်..

တူတူ ဝင်ကူ ဆုတောင်းသွားပါတယ် ညီမမေ...:)

Anonymous said...

i'm so glad to free aunt suu

Sint Si said...

ဝမ်းလဲ သာတယ်၊ ၀မ်းလဲ နည်းတယ်။
As Ko Gyi Kyaut said "ဒင်းတို့က.....စကောလောက်မပြောနဲ့ ဒန်အိုးဖုံးလောက်မှ ဇောက်မနက်တဲ့ကောင်တွေ "
I wish she get to meet her family soon and free for ever.

Prince said...

ဝေနေများစွာသတ္တဝါ အားလုံး ကိုယ်စိတ် ၂ ဖြာကျန်းမာ ချမ်းသာ ပါစေ။ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် လွတ်လပ်ခွင့် ရှိကျပါစေ...

မြစ်ကျိုးအင်း said...

ပျော်လွန်းလို့ သတင်းဆိုဒ်တွေတိုင်းကို အထပ်ထပ်ပါတ်ပြီးကို လိုက်ဖတ်နေတာ..။
ပီတိကတော့ ထပ်တူထပ်မျှပါပဲ

Anonymous said...

မေ
ဒီလိုရက်တွေမှာ မေ့ရဲ့ဘလော့ကိုပစ်မထားပဲလာမယ်ဆိုတာသိလို့ ဖွင့်ကြည့်မိတာ မေ့ရဲ့စာသားလေးတွေကိုတွေ့သွားတယ်.မေပျော်သလိုအမေစုကိုချစ်သောသူအားလုံးလဲပျော်ကြပါတယ်.ကဗျာလေးကိုကြိုက်လို့ fbကသူငယ်ချင်းတွေအတွက် ယူသွားတယ်နော်.

Anonymous said...

မမေဓါ ရေ

ကဗျာလေးကလည်း ကောင်းလိုက်တာ စု လွတ်မြောက်တဲ့ အတွက်လည်း ဝမ်းသာလိုက်တာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

တို့လဲ အားလုံးနဲ့ထပ်တူ အတိုင်းမသိ ပျော်ရွှင်မိပါတယ်

မိုးစက်ပွင့်