Wednesday, September 01, 2010

အနီတွေ … အနီတွေ …

မြင်နေရသည် …
ထို အနီများ
တနံလျားဆီ
စွေးစွေးနီ။

လေထဲမှာ နီ … ကြေကွဲစွာ နီ …
မဝေခွဲစွာ နီ … နေမြဲသာ နီ …
အနီ … အနီ …
အိုဘယ့် အနီ … ထို အနီများ
ကွန်ယက်များဆီ
ချင်းချင်းနီ။

သိက္ခာအတွက် နီ … ရိက္ခာအတွက် နီ
စိတ်မပါလျက် နီ … အိပ်ရာထက် နီ
အနီ … အနီ …
အိုဘယ့် အနီ … ထို အနီများ
အာရုံများဆီ
တွေးတွေးနီ။

ပေါ်ပင် အနီ … တော်ဝင် အနီ
ပျော်ရွှင် အနီ … ဂေါ်ဂင် အနီ
အနီ … အနီ …
အိုဘယ့် အနီ … ထို အနီများ
စုတ်ချက်ဖျားဆီ
တွတ်တွတ်နီ။

စကား အနီ … အမှား အနီ
တရား အနီ … အလကား အနီ
အနီ … အနီ …
အိုဘယ့်အနီ … ထို အနီများ
ပါးစပ်ဖျားဆီ
မောင်းမောင်းနီ။

အပေါ်ယံ အနီ … တော်လှန် အနီ
အပျော်ဟန် အနီ … မလျော်ကန် အနီ
အနီ … အနီ … … … …
အိုဘယ့်အနီ … တကယ်နီလား
စဉ်းစားနေဆဲ ကိုယ်တိုင်လဲ …
အနီထဲမှာ “ရဲ” အုံးမည်။

***
မေဓာဝီ
၁၉၊ ဇူလိုင်၊ ၂၀၁၀
၉း၂၇ နာရီ

ရေးထားတာ တလကျော်လောက် ရှိပါပြီ။ ရေးပြီးပြီးချင်း ဆိုက်ဘားမှာ ခဏတင်ခဲ့ဖူးတယ်။ နောက်တော့ တခြားကဗျာတွေ တင်နေတာနဲ့ ဒီကဗျာကို ပြန်ဖြုတ်ထားလိုက်ပါတယ်။ ခုတော့ အသစ်မရေးဖြစ်သေးလို့ ရေးပြီးသား ဒီကဗျာလေးပဲ တင်လိုက်ပါတယ်။
***
၁၊ စက်တင်ဘာ၊ ၂၀၁၀
၀၀း၀၂ နာရီ

7 comments:

ရွှေရတုမှတ်တမ်း said...

အဟင်း... ဒေါ်လေးမေ ကဗျာကို ငယ်ငယ်က ဖတ်ဖူးတဲ့ မော်စီတုန်း သီချင်းလားလို့...ပေါက်ဖေါ်သံနဲ့တောင် ဖတ်ကြည့်မိသေး...
မြီနီရတီ
ထိုအီနီများ
တီနံလားဆီ
စွေ့စွေ့နီ......

(ချိပ်အချိုးနဲ့နော်...အီလီကားနောက်တာ)

ဘကျောက်

သူကြီးမင်း (တုံးဖလား) said...

အနီဋီကာချဲ့ပြီး
အပီ စီကာကုံးတဲ့
အနှီကဗျာထုံးလေးကတော့
အတည် သဟာတွေပြုံးဖို့
အနီ ကမ္ဘာထဲ ပုန်းခွင့်ပေးနေသယောင်ယောင်။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

SHWE ZIN U said...

ဆိုက်ဘား မှာ တင်ထားတာ ဖတ်လိုက်မိတယ် အဲဒီကထဲက ကြိုက်နေတဲ့ ကဗျာလေး ပါ မမေဓါဝီ ရေ

ခင်မင်စွာဖြင့်
ရဲရဲတောက်
ရွှေစင်ဦး

Anonymous said...

အနီထဲမှာ ရဲ
ရဲရဲတောက်တော့ ရင့်
ရင့်တော့ မှောင်
မှောင်ထဲမှာ မရဲတရဲ
စမ်းတ၀ါးဝါး လျှောက်လမ်းဆဲပါမေ။

ကြီးမေရေ မရဲဘူးဗျ
စည်းစိမ်က ကြောက်တတ်တယ်ဗျ
ခင်မင်စွာဖြင့်
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

နီချင်ပါသော်လည်း
အမဲရောင်ဆေးစက်တွေနဲ့
ကျဲပက်ခံရလို့ မနီနိုင်ရှာတော့ဘဲ
နီညိုရောင်ဘ၀နဲ့ နှစ်သိမ့်လိုက်ရသူတွေ
ရှိနေပါသေးတယ်..
မလျှော်ကန်တဲ့ အနီတို့ အပေါ်ယံအနီတို့ထက်စာရင်
အညိုရောင်ကမှ လှနေဦးမယ် ထင်ပါတယ်လေ။

ကိုအောင် said...

ဂေါ်ဂင်က နီ မနီတော့ မသိဘူး၊ ကလေး
တစ်ယောက်ကိုလက်ဆွဲပြီး ဒိန်းမတ်က
ပြန်သွားတယ်ဗျ၊ ကြုံတုန်းပြောရအုံးမယ်
ပထမကမ္ဘာစစ်ကို ဖြစ်စေတဲ့ သြစတြေးရီးယား
အိမ်ရှေ့စံမင်းသား ဖရန့်စစ်ဖာဒီနန်ကို လုပ်ကြံ
ခဲ့တဲ့သူနဲ့ အစ္စရေးလ်ဝန်ကြီးချုပ်ရာဘင်ကို
လုပ်ကြံခဲ့တဲ့သူတွေဟာ ဥပဒေ ကျောင်းသား
တွေလားလို့ ....းP
မကြောက်ပါနဲ့ မိုးပေါ်ထောင် ဖောက်တာပါ။

ကိုပေါ said...

တော်သေးတယ်...

ကညော့ရင်းနီ၊ အော့ရင်းနီ
ဘလော့ဂင်းနီ.... ဆိုတာ မပါလို့...း-)