Friday, July 16, 2010

အခြေအနေ

အခြေမကျတဲ့ ဘ၀မှာ
အနေရကျပ်တယ်။
အခြေမခိုင်တဲ့အခါ
အနေယိုင်လာတယ်။
အခြေပျက်တော့
အနေခက်ပြန်တယ်။

အနေပြောင်းရင် ...
အခြေကောင်းလာမလား။
အနေရိုးရင် ...
အခြေဆိုးသွားမလား။
အနေမှန်မှ ...
အခြေဟန်ကျမလား။
စဉ်းစားရင်း ခေါင်းရှုပ်
(တော်ပါပြီ … )
ငုတ်တုတ်ပဲ ထိုင်နေတော့မယ်။

***
မေဓာဝီ
၁၆၊ ဇူလိုင်၊ ၂၀၁၀
၂၂း၄၀ နာရီ

16 comments:

သူကြီးမင်း (တုံးဖလား) said...

ငုတ်တုတ်ထိုင်နေတော့လဲ ကဗျာတစ်ပုဒ်တော့ ဖြစ်သွားတာပေါ့။းဝ)

မေဓာဝီဆိုတဲ့နာမည်နဲ့ လိုက်တယ်။

ခင်မင်လျက်
ကိုကိုမောင်

ကိုအောင် said...

ငုတ်တုတ်ကြီးတော့ ထိုင်မနေနဲ့၊ အခြေအနေကောင်းအောင် ထီလေးဘာလေး ထိုးပေါ့ ...း)

Anonymous said...

မေဓါဝီ ဆိုတာ ပညာရှိပေါ့ ဟုတ်တယ်လား ကြီးမေ
ပညာရှိဆိုတော့ ဘာတွေးတွေး ဘာရေးရေး ကောင်းတယ်ဗျ

အခြေပြောင်းမလားလို့
ငုတ်တုတ်ထိုင်နေတာ
နှစ်ပေါင်းတောင် ဘယ်လောက်ကြာပြီလဲ
အခြေမပြောင်းရကောင်းလားလို့
အနေမတတ်ရင်တော့ ....
တော်ပါပြီ.....
စဉ်းစားရင်း ငုတ်တုတ်မှိုင်။

ကြီးမေ ကဗျာကို ဆက်မှီးပြီး ရမ်းတုတ်သွားပါတယ်

ကဗျာတွေလည်း ကြိုက်တာဘဲ
ခင်မင်စွာဖြင့်
seesein

Anonymous said...

မမေဓါဝီ

ငုတ်တုတ်ထိုင်နေရင် လည်း သတိထား အောက်စလည်း လွတ် နေအုန်းမယ်

ချစ်လို့ပြောတာပါ

ရွှေစင်ဦး

နေ၀သန် said...

အင်း..း)) ဆိုရိုးရှိတယ်လေ... သေချင်တဲ့ ကျား တောပြောင်းတဲ့... အဲ..ေ နာက်တစ်ခုရှိသေး... တရွာမပြောင်း သူကောင်းမဖြစ်တဲ့... ကြိုက်ရာယူနော်...း)))


ခင်မင်တဲ့
နေ၀သန်

~ဏီလင်းညို~ said...

မမေရေ......

“အနေရိုးရင် ...
အခြေဆိုးသွားမလား”.......
ဆိုတာလေးကို အားကြီးသဘောကျသွားတယ်.....။
တစ်ခါမှ မစဉ်းစားဖြစ်တာလေး......။
ဖတ်ရလို့......ကျေးဇူး.....။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

sosegado said...

ငုတ်တုတ်ပဲ ထိုင်နေတော့လည်း အရုပ်တစ်ရုပ်လားဆိုပြီး ကိုင်ကြည့်ကြလိမ့်နယ်နော၊

ရွှေရတုမှတ်တမ်း said...

ငုတ်တုတ် ထိုင်နေတုန်း အထုပ်စုတ် လာပေးရင် မယူနဲ့နော်..

ဧပရယ်လ်ပူး@ပူးတေ said...

မမကဗျာလေးကို သဘောကျမိတယ်...

ဦးထုတ်(အုတ်ထုတ်)ကိုင်ပြီး

ငုတ်တုတ်ထိုင်နေလိုက်ပေါ့

မမမေရယ်....

ဟိဟိ ခင်လို့ စသွားတယ်....

ဧပရယ်လ်ပူး@ပူးတေ said...

မမမေ

တလက်စတည်း လင့်ထားပါရစေ ခွင့်ပြုပါလို့

ခင်မင်စွာဖြင့်
ပူးတေ

စုချစ် said...

အလုပ်တွေမပြီးလို့...
မမေ ပြောသလို...

စဉ်းစားရင်းခေါင်းရှုပ်...
(တော်ပါပြီ … )
ငုတ်တုတ်ပဲ ထိုင်နေတော့မယ်။

ဟီးဟီး...
စိတ်ညစ်လို့ ရယ်သွားပါသည်...
း-)

SHWE ZIN U said...

မမေဓါဝီ ရေ

စာမလာ သတင်းမကြားရတာ ကြာပြီဖြစ်ပါ၍ လိုက်လာ ပါသည်ဗျာ

နေများ မကောင်းလို့လား

မြစ်ကျိုးအင်း said...

၁၀ ရက်ကြာသွားပြီဆိုတော့ ခုတော့ အခြေအနေ ကောင်းသွားပြီပေါ့။

Anonymous said...

ကြီးမေရေ

အခြေနေကောင်းသေးဘူးလား
အကြာကြီးပျောက်နေတာနော
ပေါ်မလာ
အတော်ကြာ မျှော်တာ မော (ပို့စ်အသစ်ကလေး)
အနေမှန်မှ အခြေဟန်ကျမလား
ရွှေပြည်မှာ အနေမမှန်မှ အခြေဟန်တာ မြင်စေချင်တယ် မစဉ်းစားတော့ဘူး ခေါင်းရှုပ်မှာဆိုးလို့

ခင်မင်စွာဖြင့်
seesein

Anonymous said...

မမေဓါဝီ ရေ

BBC ဘလောဂါ သင်္ကြန်မှာ မမေဓါဝီ ရဲ့ အသံချိုလေး ကို ပြန် ကြားလိုက်ရလို့ လွမ်းသွားလို့ လာခဲ့တယ်နော်

အခြေအနေ ကောင်းသွားပြီလားဟင် ဘာဘဲဖြစ်ဖြစ် အဆင်ပြေ အခြေအနေကောင်းစေ ဘို့ ဆုတောင်းပေးရင်း သတိရနေပါတယ် ဆိုတာ အကြောင်းကြား ပါတယ်နော်

ပျော်ရွှင်ပါစေ မမေဓါဝီ ရေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

သူကြီးမင်း (တုံးဖလား) said...

ပျောက်လှချည်လား မမမေဓာဝီ။

အင်တာနက် ဒေါင်းနေတယ် ဟုတ်။းဝ)