Friday, August 28, 2009

အရိပ်

အိုဘယ့် ငွေလမင်း
ရေလွှာပေါ်မှာလင်း
ပင်လယ်ရေသောက်ဆင်း။ ။

13 comments:

ရေတမာ said...

ပင်လယ်မှာတော့မမြင်ဘူးဘူး ဒိပြင်ရေမှာတော့မြင်ဘူးတယ်
တကယ် ရေသောက်ဆင်းနေတယ်နော်

မေ့သမီး said...

အမရေးတဲ့ကဗျာလား။ ၃ကြောင်းထဲနဲ့ထိတယ်။ ပုံနဲ့လည်းလိုက်တယ်။

ကိုအောင် said...

ကဗျာလေးက ကောင်းပါတယ် မမေဓါဝီ၊ အားပေးလျက်။

မေဓာဝီ said...

မေ့သမီး .. ညီမရေ အမရေးတာပါ၊ ကဗျာကလည်း ၃ကြောင်းထဲ ဆိုတော့ ခါတိုင်းလို နာမည်၊ နေ့စွဲ၊ အချိန် ၃ကြောင်း ထည့်လိုက်ရင် ရှုပ်သွားမှာစိုးလို့ မထည့်ဖြစ်တော့တာ။ ပုံကလဲ ဂူဂဲလ်ကနေ ရှာပြီးထည့်ထားတာ။ ယူတဲ့နေရာ မမှတ်မိတော့လို့ :)

ရေတမာ၊ ကိုအောင် လာရောက် ဖတ်ရှုအားပေးတာ ကျေးဇူးအထူးပါ။

ကိုလူထွေး said...

အိုကွယ် ရှင်နေမင်း
သောင်ပြင်ခရုကောက်ဆင်း
ကြုံတုန်း ရှုးပေါက်ရင်း...

းဝ)

(အခုတလော မေဒါ ဝီကီမှာ ရှာပါ ဆိုပြီးတွေ့တွေ့နေရတယ်နော်...)

တန်ခူး said...

မေရေ… ကဗျာလေးနဲ့  သရုပ်ဖော်ပုံလေးက လိုက်ဖက်လိုက်တာ…
ဟိုးအဝေးက လမင်းကြီးကို ငေးနေရတဲ့ ရေပြင်လေးက ရေသောက်ဆင်းလာတဲ့ လမင်းကြီးကို ၀မ်းပမ်းတသာကြိုလို့ …

ကိုပေါ said...

ရွှေပင်လယ်ကြေးမုံမြ
ငွေလမင်းရှုမဝ
ဒိုင်ဗင်ထိုးချ......း-)

(မမေဓါဝီကဗျာဖတ်တော့....

အိုဘယ့်ဘယ်
အိုဘယ့်သမီးတော်
စနြေ္ဒ်ာလနှယ်ဝင်း...
.......
အိုဘယ့်ဘယ်
အိုဘယ့်သမီးတော်
နတ်သော်ပုံမယွင်း...

အိုဘယ့်ဘယ်
အိုဘယ့်သမီးတော်
ရွှေလှော်သွင်းပုံဆင်း... ဆိုတဲ့ ကဗျာလေးကို သတိရမိတယ်။)

ရွက်လွင့်ခြင်း said...

သဗျာတွေ ကို ခံစားသွားပါတယ်
တုတိုနဲ့  ထိထိမိမိ ရေးသွားတာ
ကောင်း၏

Anonymous said...

ဟိ.. ချစ်စရာလေးကဗျာက..

မင်းနေဝေး said...

အမကဗျာဖတ်တော့ ချစ်စရာကောင်းသလို
ကိုလူထွေးကဗျာကတော့ :D
တော်တော်နောက်တာပဲနော် ...

မင်းနေဝေး said...
This comment has been removed by the author.
. said...

ပုံလေးနဲ့ ကဗျာစာသားလေးနဲ့က လိုက်ဖက်သွားတော့

ကဗျာလေးက ပိုလှလာတယ် ဗျာ

yangonthar said...

မပြောတတ်တော့ဘူး အစ်မရယ်
လှတာပဲသိတော့တယ် ကဗျာထဲ လရောက် နေတယ် ......
လေးစားခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာပါစေ
Law အသုံးအနှုန်းတွေ နဲ့ ချောချောမွေ့ မွေ့ ရှိပါ စေ :)