ဒီဇင်ဘာမနက်ခင်းက
နှင်းတွေကြားမှာ လှနေပါရဲ့
ဒါပေမဲ့ …
ဆောင်းမပီသတဲ့
ကိုယ့်ဒေသရဲ့ မနက်ခင်းကိုသာ
မြင်ယောင်ကာ လွမ်းမိတယ်။
ထင်းရူးရနံ့ လာဗင်ဒါရနံ့
သင်းပျံ့ပျံ့ကို ရှူရှိုက်ရလေတိုင်း
ဆောင်တော်ကူးရနံ့ ညမွှေးပန်းရနံ့တွေ ထုံလွှမ်းတဲ့
ဆောင်းညချမ်းကို လွမ်းမိတယ်။
နှုတ်သီးဝါ၀ါ ကိုယ်ခန္ဓာအနက်
မြက်ခင်းပေါ် အစာရှာထွက်တဲ့
ငှက်ငယ်လေးတွေကို မြင်ပြန်တော့
ခြံထောင့်က သစ်ပင်အိုထက်မှာ
အဖော်မဲ့စွာ တွန်ကျူး
တကူကူးသံလေးကို လွမ်းမိတယ်။
ဘုရားကျောင်းက ခေါင်းလောင်းသံနဲ့
ဓမ္မ တေးသံ လွင့်ပျံလာတဲ့အခါ
ထုံးဖြူဖြူစေတီထက်က
ဆည်းလည်းခတ်သံ တလွင်လွင်နဲ့
သံဃာတော်အများ မေတ္တာပွါးသံကိုသာ
ကြားယောင်ပြီး လွမ်းမိတယ်။
အပူငွေ့ပေးထားတဲ့ အခန်းလေးမှာ
တယောက်ထဲ အထီးကျန်နေရင်း …
လုံခြုံနွေးထွေးတဲ့ အမေ့ရင်ခွင်ကို
လွမ်းမိတယ်။
အသိပညာ အတတ်ပညာတွေ
ဘယ်လိုပင် သင်ကြားသင်ကြား
အဖေ့ဆုံးမစကားတွေကို
လွမ်းမိတယ်။
ကမ ၻာၾကီးဟာ ရြာၾကီးတရြာတဲ့
ဒါဆိုရင် …
တရွာထဲမှာနေပြီး
ဘာလို့အဝေးကြီး ဖြစ်နေရတာလဲ … ။
ဒီဇင်ဘာက …
အလွမ်းတွေကို သယ်ဆောင်လာတယ် ….
လေညင်းတွေရယ်
အညှာလွယ်တဲ့ သစ်ရွက်တွေကို
တရွက်စီခြွေပစ်သလို
အလွမ်းတွေကြွေလွင့်အောင်
တိုက်ခတ်ပေးလှည့်ပါကွယ် … ။
***
မေဓာဝီ
ဒီဇင်ဘာ ၁၊ ၂၀၀၇
နှင်းတွေကြားမှာ လှနေပါရဲ့
ဒါပေမဲ့ …
ဆောင်းမပီသတဲ့
ကိုယ့်ဒေသရဲ့ မနက်ခင်းကိုသာ
မြင်ယောင်ကာ လွမ်းမိတယ်။
ထင်းရူးရနံ့ လာဗင်ဒါရနံ့
သင်းပျံ့ပျံ့ကို ရှူရှိုက်ရလေတိုင်း
ဆောင်တော်ကူးရနံ့ ညမွှေးပန်းရနံ့တွေ ထုံလွှမ်းတဲ့
ဆောင်းညချမ်းကို လွမ်းမိတယ်။
နှုတ်သီးဝါ၀ါ ကိုယ်ခန္ဓာအနက်
မြက်ခင်းပေါ် အစာရှာထွက်တဲ့
ငှက်ငယ်လေးတွေကို မြင်ပြန်တော့
ခြံထောင့်က သစ်ပင်အိုထက်မှာ
အဖော်မဲ့စွာ တွန်ကျူး
တကူကူးသံလေးကို လွမ်းမိတယ်။
ဘုရားကျောင်းက ခေါင်းလောင်းသံနဲ့
ဓမ္မ တေးသံ လွင့်ပျံလာတဲ့အခါ
ထုံးဖြူဖြူစေတီထက်က
ဆည်းလည်းခတ်သံ တလွင်လွင်နဲ့
သံဃာတော်အများ မေတ္တာပွါးသံကိုသာ
ကြားယောင်ပြီး လွမ်းမိတယ်။
အပူငွေ့ပေးထားတဲ့ အခန်းလေးမှာ
တယောက်ထဲ အထီးကျန်နေရင်း …
လုံခြုံနွေးထွေးတဲ့ အမေ့ရင်ခွင်ကို
လွမ်းမိတယ်။
အသိပညာ အတတ်ပညာတွေ
ဘယ်လိုပင် သင်ကြားသင်ကြား
အဖေ့ဆုံးမစကားတွေကို
လွမ်းမိတယ်။
ကမ ၻာၾကီးဟာ ရြာၾကီးတရြာတဲ့
ဒါဆိုရင် …
တရွာထဲမှာနေပြီး
ဘာလို့အဝေးကြီး ဖြစ်နေရတာလဲ … ။
ဒီဇင်ဘာက …
အလွမ်းတွေကို သယ်ဆောင်လာတယ် ….
လေညင်းတွေရယ်
အညှာလွယ်တဲ့ သစ်ရွက်တွေကို
တရွက်စီခြွေပစ်သလို
အလွမ်းတွေကြွေလွင့်အောင်
တိုက်ခတ်ပေးလှည့်ပါကွယ် … ။
***
မေဓာဝီ
ဒီဇင်ဘာ ၁၊ ၂၀၀၇
5 comments:
ဒီဇင်ဘာအလွမ်း ဆိုတဲ့ သီချင်းတပုဒ်ရှိတယ်။ (အခုတော့ အဆိုတော် ကလိုစေးထူးက ပြန်ဆိုထားတယ်လေ) :D
မမေရဲ့ ဒီဇင်ဘာ အလွမ်းမှာ လွမ်းဆွတ်ဟန်အပြင် အားငယ်သံတွေပါ စွက်နေတယ်လို့ ထင်မိတယ်။ ဝေးရပ်ကို ရောက်နေသူအဖို့ ဒီအချိန်ဟာ အင်မတန်မှ အိမ်လွမ်းစေတဲ့ အချိန်ဖြစ်နေတာကိုး။ အလွမ်းတွေကြွေပြီး အားအင်တွေ ဝေပါစေဗျာ။
လွမ်းစရာကောင်းလိုက်တာ မမေရယ်။
တနေ့နေ့တော့ အားလုံး ပျော်ပျော်ရွှင်ရွှင် အတူဆုံတွေ့ကြရမှာပါ. မမေပြောခဲ့သလို တဟီတီကျွန်းကို အတူတူ သွားကြမယ့် အချိန်လေ..
very very great poem..sister.
i like it.
always support u.
ko nay
http://yeinnweipar.blogspot.com
မမေရေ လွမ်းစရာ ကောင်းအောင် ရေးဖွဲ့နိုင်တယ်နော်။ သိပ်လည်း မလွမ်းပါနဲ့ တချိန်ချိန်တော့ အားလုံး ပြန်ဆုံကြမှာပါ။
ဆောင်းနှင်းမြုတွေကြားထဲက ဒီဇင်ဘာဒီအလွမ်းတွေက ဖြေသိမ့်လို့မလွယ်ဘူး မမရေ.....
ငိုချင်သူကို လက်တို့သလိုဖြစ်နေပြီ.....
အရာအားလုံးဟာ သူ့အတိုင်းလေးသာဆို...
ပျော်ရွှင်လှိုက်မောဖွယ်ကောင်းတဲ့အနှစ်သာရကိုခံစားရမယ်နော်။
Post a Comment