စောစောစီးစီး ဒီကနေ့ထုတ် သတင်းစာကို ဖတ်လိုက်မိပြီး စိတ်ထဲ ကလိကလိ ဖြစ်လာတာနဲ့ ဒီစာကို ရေးလိုက်မိပါတယ်။ သတင်းစာရဲ့ နောက်ကျောဖုံးမှာ မြင်သာ ထင်သာအောင် ပွိုင့်ကြီးကြီး စာလုံးမည်းကြီးနဲ့ ပြူးနေအောင်ရေးထားပြီး ဘောင်ခတ်ထားတာမို့လည်း မြင်မိ ဖတ်မိသွားတာပါ။ ကျော်မင်းလူ (ရွှေပြည်သာ) ရေးတဲ့ “နှစ်ဘက်မျှမှ အဖြေလှမည်”ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။
သူ့ဆောင်းပါးပါ အကြောင်းအရာနဲ့ အချက်အလက်တွေ အားလုံးဟာ ဘ၀င်မကျ စရာတွေချည်း ပြည့်နှက်နေပါတယ်။ အဆိုးဆုံးက အခုမြင်ရတဲ့ ကောက်စာပါ အကြောင်းအရာပါပဲ။
ရယ်စရာလည်း ကောင်း၊ ဒေါသဖြစ်စရာလည်း ကောင်းလွန်းပါတယ်။ နိုင်ငံတော် အစိုးရနဲ့ ပြည်သူပြည်သားဟာ မိဘနဲ့သားသမီးဆိုပြီး သူမို့လို့ ရေးရဲတယ်။ ကဲ … ကျမတို့ အခု လက်ရှိအစိုးရ (အစိုးရပဲဆိုပါတော့။ တကယ်တော့ အစိုးရလို့ မသုံး နှုန်းသင့်ပါဘူး။ အာဏာကိုမတရားသိမ်းပိုက်ထားတဲ့ အာဏာရှင်ဟာ ပြည်သူလူထု က တင်မြှောက်ရွေးချယ်ထားတဲ့ အစိုးရမှ မဟုတ်ဘဲ။ ထားပါတော့) အစိုးရဟာ မိဘဖြစ်သင့်သလား။ စဉ်းစားကြည့်ရအောင်ပါ။
ကိုယ့်မိဘကိုယ် ဘယ်သားသမီးက ရွေးချယ်ခွင့်ရှိပါသလဲ။ မိမိရဲ့ ကံတရားအရ ဒီအမိရဲ့ ၀မ်းထဲရောက်လာရတာ မဟုတ်လား။ ကိုယ့်အမေအဖေဟာ လူကောင်း လား၊ လူဆိုးလား၊ ရုပ်ချောလား၊ ရုပ်ဆိုးလား၊ ပိုက်ဆံချမ်းသာလား၊ ဆင်းရဲလား ဘယ်သားသမီးက ရွေးချယ်လို့ရမှာလဲ။ ကိုယ့်ကံကြမ္မာအရ ဒီအမိ ဒီအဖ ထံကို ရောက်လာကြရတာမဟုတ်လား။
အစိုးရဆိုတာကတော့ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရဆိုတာ ပြည်သူလူထုကို အကျိုးပြုနိုင်မယ့်လူမျိုးသာ ဖြစ်ရမယ်။ ဒီလို လူမျိုးကိုသာ ပြည်သူတွေက အစိုးရအဖြစ် ရွေးကောက်တင်မြှောက်ကြတာပဲ။ တိုင်းဖျက် ပြည်ဖျက်တွေကို အစိုးရအဖြစ် ဘယ်သူက လက်ခံကြမှာလဲ။ အခုလို ပြည်သူလူထုရဲ့ စိတ်ကြိုက်မဟုတ်ဘဲ မိမိသဘောနဲ့မိမိ လက်နက်နဲ့ အာဏာ သိမ်းထားတဲ့ အဖွဲ့အစည်းမျိုးဟာ အစိုးရ မမည်တဲ့အပြင် မိဘနဲ့ရော နှိုင်းသင့်ပါ သလား။
ဒါဆို အစိုးရကဘာလဲ။ တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့သူဆိုတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင် အကြီးအကဲပဲပေါ့။ အကြီးအကဲဆိုတာ အကြီးအကဲကျင့်ဝတ်နဲ့ အညီ နေထိုင် ကျင့်သုံးရပါမယ်။ မင်းကျင့်တရား (၁၀)ပါး ခဏထားလို့ နာယကဂုဏ် ခြောက်ပါးနဲ့ ပြည့်စုံရမယ်မဟုတ်လား။
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဘန်၊ ထောက်ရှု … ဆိုတဲ့ နာယကဂုဏ် ခြောက်ပါးနဲ့တောင် ပြည့်စုံအောင် ကျင့်ကြံနေထိုင်ကြပါရဲ့လား။
ဆောင်းပါးပါ စာကိုဖတ်ကြည့်ပါအုံး။
ကျမတော့ အဲဒီစာဖတ်ပြီး စိတ်ထဲ တော်တော်လေးကို ကသိကအောက် ဖြစ်မိ တယ်။ ဘယ့်နှယ် မနှိုင်းကောင်း နှိုင်းကောင်း မိဘအရာ ၀င်ချင်သေးတယ်။ ငရဲတွေကြီး ၀မ်းစိမ်းတွေသွားကုန်ကြတော့မှာပဲ။ ဒီအတိုင်းသာဆို ခုလို လောင်စာ ဆီ ဈေးနှုန်းတက်ပေးတာတောင် ကျေးဇူးကြီးလှပါပေတယ်လို့ လက်စုံမိုးပြီး ညတိုင်း ဦးသုံးကြိမ်ပဲ ချနေရမလို။
တကယ်တော့အစိုးရဆိုတာ ပြည်သူ့မျက်နှာ ကြည့်နေရမယ့်သူ။ ပြည်သူတွေ ဖြစ်လာသမျှ အခက်အခဲ အကြပ်အတည်းကို ရင်ဆိုင်ဖြေရှင်းပေးရမယ့်သူ။ ပြည်သူလူထုမရှိဘဲ အစိုးရဆိုတာ ရှိမှာလား။ ဒါကို သူတို့က ပြည်သူတွေရဲ့ ကျေးဇူးရှင် လာလုပ်ချင်သေးတယ်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် သတ်မှတ် ခံချင်ရုံမက ကျေးဇူးဆပ်တာလဲ ပြန်ခံချင်သေးတယ်။ ဖြစ်ပုံများ။ အံ့သြလို့မဆုံးဘူး။
သူပြောသလို မိဘပဲ ထားပါတော့။ မိဘသိပ်ဖြစ်ချင်နေတယ် ဆိုတော့ စိတ်ကူးထဲမှာ မိဘအရာ ခဏ ထားကြည့်တာပါ။ ဒါပေမဲ့ စဉ်းစားရမှာက တကယ့်မိဘအရင်း ဆိုရင် ကိုယ်တိုင်က ရွှေပုံ စိန်ပုံပေါ် ထိုင်နေပြီး သားသမီးတွေလမ်းဘေးရောက် ငတ်ပြတ်တာကြည့်နေမှာ မဟုတ်ဘူး။ မိဘက သိန်းထောင်ကျော်တန်ကားကို စီးပြီး သားသမီးတွေ ကုန်းကြောင်း လျှောက် နေရတာကို ဘယ်မိဘမှ ကြည့်ရက်မှာမဟုတ်ဘူး။ ကိုယ် အသုံးမကျတာကိုလည်း သားသမီးကို လက်ညှိုးထိုးနေမှာ မဟုတ်ဘူး။ ဒါဆို တကယ့်မိဘအရင်း မဟုတ်တာတော့ သေချာပြီ။ ဒါဆို အမေနဲ့တကွ အမွေတွေကိုပါ မတရားသိမ်းပိုက် ယူထားတဲ့ ပထွေးများ ဖြစ်နေမလား။ စဉ်းစားမိတာပါ။
***
သူ့ဆောင်းပါးပါ အကြောင်းအရာနဲ့ အချက်အလက်တွေ အားလုံးဟာ ဘ၀င်မကျ စရာတွေချည်း ပြည့်နှက်နေပါတယ်။ အဆိုးဆုံးက အခုမြင်ရတဲ့ ကောက်စာပါ အကြောင်းအရာပါပဲ။
ရယ်စရာလည်း ကောင်း၊ ဒေါသဖြစ်စရာလည်း ကောင်းလွန်းပါတယ်။ နိုင်ငံတော် အစိုးရနဲ့ ပြည်သူပြည်သားဟာ မိဘနဲ့သားသမီးဆိုပြီး သူမို့လို့ ရေးရဲတယ်။ ကဲ … ကျမတို့ အခု လက်ရှိအစိုးရ (အစိုးရပဲဆိုပါတော့။ တကယ်တော့ အစိုးရလို့ မသုံး နှုန်းသင့်ပါဘူး။ အာဏာကိုမတရားသိမ်းပိုက်ထားတဲ့ အာဏာရှင်ဟာ ပြည်သူလူထု က တင်မြှောက်ရွေးချယ်ထားတဲ့ အစိုးရမှ မဟုတ်ဘဲ။ ထားပါတော့) အစိုးရဟာ မိဘဖြစ်သင့်သလား။ စဉ်းစားကြည့်ရအောင်ပါ။
ကိုယ့်မိဘကိုယ် ဘယ်သားသမီးက ရွေးချယ်ခွင့်ရှိပါသလဲ။ မိမိရဲ့ ကံတရားအရ ဒီအမိရဲ့ ၀မ်းထဲရောက်လာရတာ မဟုတ်လား။ ကိုယ့်အမေအဖေဟာ လူကောင်း လား၊ လူဆိုးလား၊ ရုပ်ချောလား၊ ရုပ်ဆိုးလား၊ ပိုက်ဆံချမ်းသာလား၊ ဆင်းရဲလား ဘယ်သားသမီးက ရွေးချယ်လို့ရမှာလဲ။ ကိုယ့်ကံကြမ္မာအရ ဒီအမိ ဒီအဖ ထံကို ရောက်လာကြရတာမဟုတ်လား။
အစိုးရဆိုတာကတော့ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရဆိုတာ ပြည်သူလူထုကို အကျိုးပြုနိုင်မယ့်လူမျိုးသာ ဖြစ်ရမယ်။ ဒီလို လူမျိုးကိုသာ ပြည်သူတွေက အစိုးရအဖြစ် ရွေးကောက်တင်မြှောက်ကြတာပဲ။ တိုင်းဖျက် ပြည်ဖျက်တွေကို အစိုးရအဖြစ် ဘယ်သူက လက်ခံကြမှာလဲ။ အခုလို ပြည်သူလူထုရဲ့ စိတ်ကြိုက်မဟုတ်ဘဲ မိမိသဘောနဲ့မိမိ လက်နက်နဲ့ အာဏာ သိမ်းထားတဲ့ အဖွဲ့အစည်းမျိုးဟာ အစိုးရ မမည်တဲ့အပြင် မိဘနဲ့ရော နှိုင်းသင့်ပါ သလား။
ဒါဆို အစိုးရကဘာလဲ။ တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့သူဆိုတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင် အကြီးအကဲပဲပေါ့။ အကြီးအကဲဆိုတာ အကြီးအကဲကျင့်ဝတ်နဲ့ အညီ နေထိုင် ကျင့်သုံးရပါမယ်။ မင်းကျင့်တရား (၁၀)ပါး ခဏထားလို့ နာယကဂုဏ် ခြောက်ပါးနဲ့ ပြည့်စုံရမယ်မဟုတ်လား။
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဘန်၊ ထောက်ရှု … ဆိုတဲ့ နာယကဂုဏ် ခြောက်ပါးနဲ့တောင် ပြည့်စုံအောင် ကျင့်ကြံနေထိုင်ကြပါရဲ့လား။
ဆောင်းပါးပါ စာကိုဖတ်ကြည့်ပါအုံး။
ကျမတော့ အဲဒီစာဖတ်ပြီး စိတ်ထဲ တော်တော်လေးကို ကသိကအောက် ဖြစ်မိ တယ်။ ဘယ့်နှယ် မနှိုင်းကောင်း နှိုင်းကောင်း မိဘအရာ ၀င်ချင်သေးတယ်။ ငရဲတွေကြီး ၀မ်းစိမ်းတွေသွားကုန်ကြတော့မှာပဲ။ ဒီအတိုင်းသာဆို ခုလို လောင်စာ ဆီ ဈေးနှုန်းတက်ပေးတာတောင် ကျေးဇူးကြီးလှပါပေတယ်လို့ လက်စုံမိုးပြီး ညတိုင်း ဦးသုံးကြိမ်ပဲ ချနေရမလို။
တကယ်တော့အစိုးရဆိုတာ ပြည်သူ့မျက်နှာ ကြည့်နေရမယ့်သူ။ ပြည်သူတွေ ဖြစ်လာသမျှ အခက်အခဲ အကြပ်အတည်းကို ရင်ဆိုင်ဖြေရှင်းပေးရမယ့်သူ။ ပြည်သူလူထုမရှိဘဲ အစိုးရဆိုတာ ရှိမှာလား။ ဒါကို သူတို့က ပြည်သူတွေရဲ့ ကျေးဇူးရှင် လာလုပ်ချင်သေးတယ်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် သတ်မှတ် ခံချင်ရုံမက ကျေးဇူးဆပ်တာလဲ ပြန်ခံချင်သေးတယ်။ ဖြစ်ပုံများ။ အံ့သြလို့မဆုံးဘူး။
သူပြောသလို မိဘပဲ ထားပါတော့။ မိဘသိပ်ဖြစ်ချင်နေတယ် ဆိုတော့ စိတ်ကူးထဲမှာ မိဘအရာ ခဏ ထားကြည့်တာပါ။ ဒါပေမဲ့ စဉ်းစားရမှာက တကယ့်မိဘအရင်း ဆိုရင် ကိုယ်တိုင်က ရွှေပုံ စိန်ပုံပေါ် ထိုင်နေပြီး သားသမီးတွေလမ်းဘေးရောက် ငတ်ပြတ်တာကြည့်နေမှာ မဟုတ်ဘူး။ မိဘက သိန်းထောင်ကျော်တန်ကားကို စီးပြီး သားသမီးတွေ ကုန်းကြောင်း လျှောက် နေရတာကို ဘယ်မိဘမှ ကြည့်ရက်မှာမဟုတ်ဘူး။ ကိုယ် အသုံးမကျတာကိုလည်း သားသမီးကို လက်ညှိုးထိုးနေမှာ မဟုတ်ဘူး။ ဒါဆို တကယ့်မိဘအရင်း မဟုတ်တာတော့ သေချာပြီ။ ဒါဆို အမေနဲ့တကွ အမွေတွေကိုပါ မတရားသိမ်းပိုက် ယူထားတဲ့ ပထွေးများ ဖြစ်နေမလား။ စဉ်းစားမိတာပါ။
***
နောက်ဆုံးတော့လည်း ကျမ တခါက ရေးခဲ့ဖူးသလို “ဟာသအတွေး ဟာသ အမြင်” လို့ သဘောထားလိုက်တာပဲ ခပ်ကောင်းကောင်းဆိုပြီး ရယ်ဖို့ကြိုးစားမိတယ်။ ဒါပေမဲ့ … ရယ်လို့လည်း မရတော့ အီလည်လည်နဲ့ သက်ပြင်းကြီးသာ ချလိုက်မိပါရဲ့။
***
မေဓာဝီ
၂၄၊ သြဂုတ်၊ ၂၀၀၇
၁၂ နာရီ ၃၀ မိနစ်
***
မေဓာဝီ
၂၄၊ သြဂုတ်၊ ၂၀၀၇
၁၂ နာရီ ၃၀ မိနစ်
37 comments:
yes..yes...you are right...they r not our parents ....step father
very terrible, brutal, wicked step father…
took our mother land who has so many values and torture her children….
မင်္ဂလာပါ အမကြီးရေ Cbox မရှိတော့ဒီမှာပဲ လာနှုတ်ဆက်တာပါ ကျွန်တော်က blogger အသစ်တစ်ယောက်ပါခင်ဗျာ အမကို link ချိတ်ခွင့်ပြုပါနော် အတွေးအခေါ်တွေ စာတွေဖတ်ရတာအားရလိုက်တာဗျာ အချိန်ရရင်ကျွန်တော် blog ကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ် blog လိပ်စာကတော့ http://chanmyaeoo.blogspot.com/ ပါအမရေ
မမေဓါဝီရေ
မိဘက သားသမီးကို သေနတ်နဲ့သေအောင် ပစ်ပြီး ဆုံးမတယ်လို့ တစ်ခါမှမကြားဖူးဘူး။ အကယ်၍ သူပြောသလို လက်ရှိအစိုးရကို မိဘလို့သဘောထားတဲ့လူတွေကလဲ သား/သမီးကောင်းရတနာတွေ မဟုတ်ဘူး။
ရတာနာတွေပဲဖြစ်လိမ့်မယ်။ အဲလိုသတင်းစာမျိုးက ဖနောင့်နဲ့ပေါက်ရင်တောင် ခြေထောက်နာတယ်။ ကန်တော့ပါရဲ့၊ ရေအိမ်သုံးစက္ကူပဲလုပ်သင့်တယ်။ ခုရေးတဲ့ကောင်ကလဲ ကိုယ့်အမေမှကိုယ်မသနား၊ အံ့ပ အံ့ပ။
ဒီလိုအချိန်မျိုးမှာ စာပေတာဝန်ကျေပွန်တဲ့ မမေဓာဝီကို အလေးပြုလိုက်ပါတယ်။ တစ်နေ့တစ်ပုဒ် အချိန်ရဲ့ လိုအပ်ချက်နဲ့ ကိုက်အောင် ရေးလည်း ရေးတတ်လှပါတယ်။ အားပေးနေတယ်။
စစ်အစိုးရကိုများ အဖေခေါ်ချင်တဲ့ကောင်ကို ပြောချင်တယ်။ မေကျော်ဒွေးတော်လွန်းတယ် ဆိုရင်လည်း လွန်းတဲ့လူကို အပြစ်မတင်နဲ့ဦး။ အမေကများအသုံးမကျ ဖြစ်နေပြီလားဆိုတာ စဉ်းစားဦး။
မမေရေ...take care နော်။ ကျွန်တော် မမေကို စိတ်ပူလာပြီ။ သူတို့က လူသိခံရဲတဲ့ writer တွေမဟုတ်ဘူးရယ်။
ဟေ့ မင်းတို့မှာ ရေးစရာမရှိတိုင်း အစိုးရ မကောင်းကြောင်းပဲ ရေးဖို့ရှိသလား။ အစိုးရမကောင်းကြောင်းရေးတော့ လက်ရှိအစိုးရဆိုတာ တပ်မတော် အစိုးရပဲမို့ တပ်မတော် မကောင်းကြောင်းပဲ မင်းတို့ရေးတာပဲ။ ဟေ့ တပ်မတော်ဆိုတာ သမိုင်းရဲ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတာ။ ဒီ တပ်မတော်မရှိရင် မင်းတို့ကို ဘယ်သူက ဖက်ဆစ်ကို တိုက်ပေးမလဲ။ ဘယ်သူက မိဘအရင်းပြန်သတ်တဲ့ ကွန်မြူနစ်ကို တိုက်ပေးမလဲ။ ဘယ်သူက တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေက ကယ်ဆယ်မလဲ။
အခု ဒီတပ်မတော်ကပဲ တိုင်းပြည်ကို အုပ်ချုပ်ရုံ သက်သက်မဟုတ်။ လမ်းတွေဖေါက်။ တံတာတွေဆောက်။ ဒါတင်မကဘူး။ နိုင်ငံတကာက လေးစားရတဲ့ နူကလီးယား လက်နက်ပိုင်ရှင် နိုင်ငံဖြစ်ဖို့ တပ်မတော်သားတွေ ဘယ်လောက်စွန့်စား လုပ်ကိုင်နေရသလဲ မင်းတို့သိလား။
ငယ်ငယ်တုန်းက မင်းတို့သင်ဖူးတယ်မဟုတ်လား။ မိုး မရှိရင် စပါးစိုက်လို့ မရ။ စပါးစိုက်လို့မရရင် ထမင်းစားစရာမရှိ။ အားလုံးငတ်သေကုန်မယ်။ ဒီလိုပဲ။ လေ မရှိရင် မင်းတို့ဘာရှူပြီး အသက်ဆက်ကြမလဲ။
အဲဒီလိုဘဲ။ တပ်မတော် မရှိရင် မင်းတို့ အသက်ဆက်လို့ ရမယ်ထင်နေလား။
မင်းတို့ ကြိုက်ကြိုက် မကြိုက်ကြိုက်။ တပ်မတော်ဟာ မိုးလို လေလို အင်မတန် အရေးပါတယ်။ ဒါကြောင့် ငါကတော့ တပ်မတော်သားတွေကို ဒီလို လေးလေးစားစားဂုဏ်ပြုပြီးခေါ်ချင်တယ်။ မိုးလိုလေလို အရေးပါတဲ့ တပ်မတော်သားတွေမို့
ကိုမိုးကိုလေ တပ်မတော်သားများ လို့
မမေရေ ...
ပုံမှန်လာဖတ်နေကျပါ ... ဒီနေ့တော့ ဒီစာကို ဖတ်ပြီး မမေကို လေးစားလွန်းလို့ ကွန့်မန့်ဝင်ရေးဖြစ်တာပါ ...
မမေက ပြည်တွင်းမှာနေတဲ့သူဖြစ်ပြီး လူသိများထင်ရှားတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်နေလျှက်နဲ့ ဒီအချိန်မှာ ဒီစာမျိုးကို ရေးရဲ ရေးဝံ့တဲ့ စိတ်ဓာတ်နဲ့သတ္တိကို
အရမ်းလေးစားတယ် ... we salute you!
ဆိုးပေနဲ့ သူငယ်ချင်းများ
နောက်ဆုံးကွန့်မန့်ပေးသွားတဲ့ အနောနမတ်စ်ရဲ့စာကိုဖတ်ပြီးတော့လည်း အူနာအောင်ရီမိတယ် ... ပြောတတ်ပ ဆရာရေ ... မိုးလားလေလားနဲ့ အဟုတ်မှတ်တာ ... နောက်ဆုံးတကြောင်းမှပဲ ... သိတော့တယ် ...း) လေးစားပါတယ် ...
ကျေးဇးတင်ပါတယ်။ကျွန်တော်ရေးတော့မလို့ မမေကလောင်တာ0န်ကျေစွာရေးလိုက်ပါပြီ။ လေးစားစွာဖြင့်
့ အစိုးရ ဆိုတာ နိုင်ငံရဲ့ ပြတင်းတွေပိတ်ရမယ့် တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နေရင် လူငယ်တွေ မျက်စိကန်း သလို ဖြစ်ကုန်ကြမပေါ့ ။ အနာဂတ်ကို သင်းသတ်ပြီး ခေတ်ရေစီးကြောင်းကို တမံပိတ်ဖို့ ကြိုးစားတာ တရားသဖြင့် ရှိရဲ့လား ။ ဒီကြားထဲ တစ်ပွက်စွာ ကောင်းစားရေး အတွက် အစွယ်ပြချင်တဲ့ သတ္တ၀ါ တွေက ရှိသေးရဲ့ ။
မမရေ ....
အားလုံးကိုယ်စား ဂုဏ်ယူစွာ နဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေ ...
ဒါမှ ... ကလောင်သွားဗျ ။ အမှန်တရား ကို ဘက်မပါ မညာဘဲရေးတာ ...
ဂုဏ်ယူတယ်ဗျာ ...။
မမေရေ အေးဆေးတည်ငြိမ်သလောက် ရဲဝံ့တဲ့ မမေရဲ့ စိတ်ဓာတ်နဲ့ စာတွေကို အလွန်လေးစားပါတယ်။ သတိကတော့ ပိုတယ်မရှိဘူး မမေရေ။
တကယ်လွတ်လပ်တဲ့ တိုးတက်တဲ့ နိုင်ငံတွေမှာ အုပ်ချုပ်သူ နဲ့ ပြည်သူဟာ မိဘနဲ့ သားသမီး အနေအထားမှာ မရှိပါ။ အုပ်ချုပ်သူကို ပြည်သူက ရွေးချယ်ပါတယ်။
စကားမစပ် ဟိုအပေါ်က စကားလိမ်နဲ့ ဆဲထားသော ကို၊မ အမည်မသိရဲ့ အရေးအသားမျိုးကတော့ ကိုယ့်ဘက်ကလည်း တရားပျက်ရာ ရောက်နိုင်ပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေပဲ ကိုယ့်သဘောထားကို ဆဲတဲ့ အရေးအသားမဟုတ်ဘဲနဲ့ ဖော်ထုတ်စရာနည်းလမ်းတွေ အများကြီးရှိပါကြောင်း။
ပန်ဒိုရာ .. ရေ ...
အတွေ့ အကြုံအရ ပြောတာနော် ခံရတာများလို့သိတာ ... အဲဒါ ကျွန်တော်တို့ ရေးတယ် ထင်အောင်လုပ်တာဗျ။
They dun even deserve to be named as step-father...even some step-fathers treat the children nicely..give the food to eat..give the good education and shelter, and some saftey in life.. they are just brainless and more stupid then dog, the dog are like dog bites the people who feed them, give them food...
Oh well..even dog is better than them..dog knows how to behave and at least got some brain and some manner.. They are worse than dog n worse than animal.. they are lice from the dog body.. know only how to gave harm to feeder..
They dun even deserve to be named as step-father...even some step-fathers treat the children nicely..give the food to eat..give the good education and shelter, and some saftey in life.. they are just brainless and more stupid then dog, they are like dog bites the people who feed them, give them food...
Oh well..even dog is better than them..dog knows how to behave and at least got some brain and some manner.. They are worse than dog n worse than animal.. they are lice from the dog body.. know only how to gave harm to feeder..
We salute you ..Ma May
dear ma may..
After reading the post, i can't stop myself to salute you coz of your courage.
Even your local blogger, you are really brave enough to show your true feeling and highlighting the truth.
I really wish to ask those kind of people.
they steal
they cheat
they abuse
they kill
they do all sins..
Next minute,what they gonna happen?
Are they ever think about that??
What the thing forcing them to do these dirty staffs??
what the thing makes them so blind??
We all have to die once in a life. why they choose that way of death??
I do feel sorroy for them.
May peace be with you as always.
မမေဓာဝီ www.hittaing.org ကပါ။ ဒီဆောင်းပါးကို ပြန်ဖော်ပြချင်လို့ ခွင့်ပြုပေးစေချင်ပါတယ်။ အီးမေးလိပ်စာ ဖြစ်နိုင်ရင် သိပါရစေ။ ဒါမှ မဟုတ် ခွင့်ပြုမပြုနဲံ ကလောင်အမည် (သုံးလိုတဲ့ အမည်)ကို hit_taing@yahoo.com ကို ပြန်ကြားပေးစေချင်ပါတယ်
ခွင့်ပြုနိုင်မနိုင် သိလိုပါတယ်။ လေးစားလျက်
yeah yeah..i am absolutely sure that is stepparents... or in burmese.. pa htwae..hahaha.. very bad pa htwae..
Ma May
I really appreciate your blog.
I have to agree with the other anonymous and serena's comments. They don't deserve to call "Step father or dog". They are so blind by the money and power.
I wish, we will reach our gold one day(soon).
previous anonymous,
မိုက်တယ်ဗျာ၊ ဘာရယ် ဘာရယ်
ကိုမိုးကိုလေ အာဏာရှင်များ
ဟီးဟီး
သတင်းစာမှာ ဆောင်းပါးရေးသူထက် အဲဒီ သတင်းစာကို သွားဖတ်သူကိုသာ စိတ်ဆိုးချင်တော့သည်။ အဲဒါကြောင့် `ကျမ ဖတ်မိ အပြစ်ရှိ၏´ ဆိုပြီး နောက်ထပ် ပို့စ်တခုထပ်ရေးပြီး စိတ်ကို ဖြေပါတော့။ ။
well done May Dar Wii.
I think Myanmar is the only country in the world that government can raise the price of fuel to two times of the previous price. Taiwan president warned the Minister of Energy not to raise the price of fuel unreasonably because he raised 1 cent/liter in last month.
Very good article. I am absolutely agreed with you for your article. They SPDC forget where they come from and always lie to themself. I do hope Burma will soon be more protest the next days if they SPDC still brutally oppress to the people in Burma. Best Regards and respect!!!
If Kyaw Min Lu (he is not lu, he should be dog) portray existing thugs (so called government)as our parents, I have a wish. If there will be a next life, I do not want to meet/associate again with such vicious, dishonest, greedy, brutal, shameless, brainless fools.
May... I always read your blog and I like your moderate thinking and writing. I read this article heading and can't read all. If I read their articles, I was very mad at them. And finally, very tired and decide not to read them. Waste time, get nothing, meaningless, "moe lone phyi muthawada". take care! may
U know what! Even burglars have higher attitudes than them. They are just extremely low standard people. Full of shit, nonsense, psychic people. They are the type of father that fuck their own daughter!
ဒီလိုဆောင်းပါးကြီးတွေထည့်နေတုန်းပဲနော်။ ဖတ်ပြီးယုံကြည်တဲ့သူရော ရှိလို့လား။ တကယ် ရှားတယ်။ အရမ်း ရွံ့တယ်။ ရေးတဲ့သူကိုယ်တိုင်ပါ သူရေးသလို တကယ်ယုံကြည်တယ်ဆိုရင်တော့ ........။
The writer of this article should learn political science. He deserved the title Ko Moe Ko Lay.They are trying to hide the reality with the illusion.Foolish!I am wondering how much he earned for this article. May be a mobile phone or another financial opportunity.He should change his name 'Opportunist'.
Hello A Ma yay, I am your blog's regulary reader. After reading this post, I want to cheer you up as a respectable/brave writer. Keep on going...
The funniest thing i ever heard in my life. What...Junta is our parent? lol. If they were our parents, I would proudly rather like to be called myself as dxd/mxmf@#ker. I would be proud of being called in that name.
မမေဓာဝီရေ... အစ်မရဲ့ ဆောင်းပါးကို ဟစ်တိုင်မှာ တွေ့လိုက်ရတဲ့အတွက် အတော်ကို မျက်လုံးပြူးသွားတယ်။ ဘလော့ဂ်မှာရေးတာဟာ ကိုယ်ပိုင်ခံစားချက်လွတ်လပ်ခွင့် အပြည့်နဲ့ ရေးတာဖြစ်တဲ့အတွက် အကြောင်းမဟုတ်ပေမယ့် ဟစ်တိုင်လို စာမျက်နှာပေါ်မှာ ဖော်ပြတာကတော့ Professional ဆန်သွားပြီလို့ ထင်တာပါပဲ။ ကျွန်တော့်အမြင် ပြောရရင် အစ်မရဲ့ဘလော့ဂ်မှာရေးထားတာဟာ အစ်မရဲ့ ကိုယ်ပိုင်ခံစားချက်သက်သက်သာဖြစ်ပါတယ်။ အခုလို စာမျက်နှာမှာ ဖော်ပြတာကျတော့ စောစောက အစ်မပြောတဲ့ သတင်းစာထဲမှာပါတဲ့အကြောင်းအရာကို ဝေဖန်တဲ့သဘော၊ အတိုက်အခံလုပ်တဲ့သဘောတွေ အများကြီးပါသွားပါပြီ အစ်မရေ။ တစ်နည်းပြောရရင် အစ်မဟာ လက်ရှိအစိုးရက ထုတ်ဝေတဲ့သတင်းစာပါ အကြောင်းအရာတွေအားလုံးကို ဆန့်ကျင်တယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံရေးဆိုတာ အရမ်းကျယ်ပြန့်ပါတယ်။ ကိုယ်ရေးချင်တဲ့စာရေးပြီး အစိုးရကို အတိုက်အခံဖြစ်ရင် ပြီးရော လုပ်တာဟာ နိုင်ငံရေးမဟုတ်ပါဘူး။ အပေါ်က ကွန်မန့်ထဲမှာ ရေးထားသလို စာပေတာဝန်ကျေပွန်တယ် ဆိုတာ လုံးဝကို ဘာမှမဆိုင်တဲ့အကြောင်းအရာပါ။ အဲဒီ လူတွေကို မေးချင်ပါတယ်။ နိုင်ငံရေးဆိုတာ ဘာလဲလို့။ သူတို့တွေကရော နိုင်ငံရေးကို ဘယ်လောက်များ လုပ်ခဲ့ကြသလဲလို့။ အလကားနေရင်း သူများရေးတာကို ထောက်ခံသလိုလိုနဲ့ ရုတ်ရင်းကြမ်းကြုတ်တဲ့စကားတွေ ရေးပြော၊ သူတစ်ဖက်သားကိုဆဲ၊ ဒါဟာ လူကြီးလူကောင်းတွေရဲ့ အလုပ်မဟုတ်ပါဘူး။ ကိုမင်းကိုနိုင်လို လူမျိုးက အဲဒီလိုပြောတယ်ဆိုရင် ကျွန်တော်ဘာမှမပြောဘဲ ထိုင်ကြည့်နေရုံပါ။ နားထောင်နေရုံပါ။ သူက သူယုံကြည်ရာအတွက် အချိန်တွေအများကြီး ပေးဆပ်ခဲ့ပြီးပါပြီ။ ဘ၀အပျက်ခံ ပြီးပါပြီ။ အခုတော့ ဟိုနိုင်ငံရောက်၊ ဒီနိုင်ငံရောက် စာသင်သလိုလို၊ အလုပ်လုပ်သလိုလိုနဲ့ ဟိုအစိုးရဆီက ထောက်ပံ့ကြေးယူ၊ ဒီအစိုးရဆီက ထောက်ပံ့ကြေးယူ ပြီးတော့ ကိုယ့်နိုင်ငံမကောင်းကြောင်းကိုယ်ပြော၊ အဲဒီလို လူတွေက ကြီးကြီးကျယ်ကျယ်လာပြောနေတော့ ကျွန်တော်က ရယ်ချင်တော့တာပါပဲ။ သူတို့အသက်တွေက ရှိလှမှ ၂၀ ကျော် ၂၅ ပေါ့ဗျာ။ အဲဒီလို လူတွေက ဒီမိုကရေစီ၊ ဒီမိုကရေစီ၊ မီဒီယာ တိုက်ပွဲ၊ မီဒီယာလက်နက်ဆိုပြီး ကိုယ်သုံးတတ်တဲ့ အင်တာနက်ပညာလေး မတောက်တခေါက်နဲ့ ဟိုရေး၊ ဒီရေး၊ တောင်ရေး၊ မြောက်ရေး လုပ်နေတာမြင်ရတော့ အများကြီး ရင်လေးမိသေးတယ်။ အဲဒီလူတွေကို ခေါ်လိုက်စမ်းပါ။ အခုမြန်မာပြည်ကို ပြန်လာခဲ့။ ပြီးရင် ကျွန်တော်တို့နဲ့အတူ လမ်းလျှောက်ဆန္ဒပြပွဲတွေမှာ ပါဝင်လှည့်ဆိုရင် ဘယ်နှယောက် ပြေးလာမလဲလို့။ မမေဓာဝီကိုလည်း မေးချင်တယ်။ မမေဓာဝီက အိမ်ကြီးပေါ်မှာ အခန့်သား အင်တာနက်သုံး၊ သွားစရာ ရှိရင် ကားလေးနဲ့သွား၊ ဈေးဝယ်ထွက်၊ တစ်ပတ်စာ တစ်လစာ ဈေးဝယ်စားနေပြီး ဒီမိုကရေစီဘက်တော်သား လိုလို၊ အစိုးရကို ဆန့်ကျင်တဲ့ လူလိုလို လုပ်နေတာ အတော်ရယ်ရတယ် ဗျ။ အခြားလူတွေက မမေဓာဝီကို ခင်မင်စွဲတွေနဲ့ မြောက်ပေးနေတာကို အဟုတ်မှတ်နေတော့တာကိုး။ သူ့ကို ကိုယ်မြောက်ပင့်၊ ကိုယ့်ကို သူမြောက်ပင့်လုပ်နေပြီး အဟုတ်ကြီးမှတ်နေတာကို ရယ်ရတယ်ဗျာ။ မမေဓာဝီသာ တကယ် သတ္တိရှိရင် ကျွန်တော်တို့တွေ အခုလှုပ်ရှားနေကြပါတယ်။ ပါဝင်လှည့်ပါ့လား။ ကျွန်တော်တို့တွေ လမ်းလျှောက်နေတဲ့အချိန်၊ ကြွေးကြော်သံတွေ ရွတ်နေတဲ့အချိန် ဘေးကဖြတ်သွားတဲ့ ကားဟာ မမေဓာဝီ မောင်းလာတဲ့ကားဖြစ်ချင်တောင် ဖြစ်နေဦးမှာပါ။ ဘယ်နှခါများ လမ်းဆုံတွေမှာ တွေ့လို့ မမေဓာဝီ ဆင်းပြီး အားပေးဖူးပါသလဲ။ ဆင်းပြီး အတူ လမ်းလျှောက်ဖူးပါသလဲ။ အခုရေးတဲ့ပို့စ်ဟာ ရာသီပေါ် သီးနှံလိုပါပဲ။ ငါးပွက်ရာ ငါးစာချတဲ့ မမေဓာဝီရဲ့ လုပ်ရပ်ကို မချီးကျူးတဲ့အတွက် ကျွန်တော့်ကို ကြိုက်သလို အပြစ်တင်စကား ပြောနိုင်ကြောင်းပါ။
ဘ၀တွေ ပေးပြီးတောင် လုပ်နေတဲ့လူတွေဖြစ်တဲ့အတွက် မကောင်းပြောခံရတာ၊ အဆဲခံရတာဆိုတာ နေ့စဉ် ထမင်းစားရေသောက် အဆင့် ဖြစ်နေပါပြီ။ ကိုယ်နာမည် ကြီးဖို့အတွက် လျှောက်မလုပ်ပါနဲ့ မမေဓာဝီ။ လိုင်းမပူးပါနဲ့။ စာပေဆိုရင် စာပေပေါ့။ နိုင်ငံရေးဆိုရင် နိုင်ငံရေးပေါ့။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ တကယ့် လက်တွေ့မှာ ကျွန်တော်တို့ကို ထောက်ခံမယ့်လူ၊ ပူးပေါင်းမယ့်လူကို အတော်ကို တွေ့ရခဲလို့ပါ။ လူတွေက ပါးစပ်ကသာ ဒီမိုကရေစီပြောတာပါ။ လက်တွေ့ကျတော့ မိသားစုနဲ့မလို့ပါတို့၊ အမေက အသက်ကြီးနေပြီမို့ပါတို့နဲ့ လျှောချသွားကြတာချည်း ကျွန်တော်တို့ ကြုံရလို့ပါ။ အပေါ်မှာ တစ်ယောက်ပြောထားသလို ကျွန်တော်တို့လဲ ခံရတာ များနေတော့ နောကျေနေပြီလေဗျာ။ လုံခြုံရေး အခြေအနေအရ ကျွန်တော်ဘယ်သူလဲဆိုတာ မပြောနိုင်တာကို ခွင့်လွှတ်ပါ။ ကျောင်းသားတစ်ဦးလို့ပဲ မှတ်ထားပေးပါ။ မမေဓာဝီလို့ `မ´တပ်ပြီးခေါ်ပေမယ့် မမေဓာဝီဟာ ကျွန်တော့်ထက် အနည်းဆုံး ၇ နှစ် ၈ နှစ်တော့ ငယ်မှာပါ။ တကယ်ဝါသနာပါရင် ပူးပေါင်းနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဒီမိုကရေစီကို ဗန်းပြ၊ လက်ရှိအစိုးရကို ဆန့်ကျင်ပြသလိုလို လုပ်ပြီး ကိုယ်နာမည်ကြီးအောင် လုပ်တယ်ဆိုရင်တော့ ရပ်တန်းက ရပ်ပေးဖို့ အနူးအညွှတ်တောင်းပန်ပါတယ်။ တကယ်လုပ်နေရတဲ့ ကျွန်တော်တို့ရင်ထဲကို ၀င်ပြီး နားလည်ပေးပါဦး။ အပေါ်က ဆဲထားတဲ့ကွန်းမန့်ဆိုရင် ဖျက်ပစ်ရမယ့်တာဝန်ဟာ မမေဓာဝီရဲ့ တာဝန်ပါ။ သူတို့တွေ ဘယ်လောက်ပဲ ရိုင်းစိုင်းပါစေ၊ နှိပ်စက်ပါစေ ကျွန်တော်တို့ရဲ့နည်းက အကြမ်းမဖက်နည်းပါ။ ကိုယ်ယုံကြည်ရာကို အေးချမ်းစွာ တိုက်ပွဲဝင်တဲ့ နည်းပါ။ အခုလို လမ်းဘေးဂျပိုးပုံစံမျိုး မကောင်းပြော၊ ဆဲဆိုတဲ့ နည်းမဟုတ်ပါဘူး။ မမေဓာဝီကိုယ်တိုင် ဒီလို အောက်တန်းကျတဲ့လုပ်ရပ်ကို အားပေးသလို ဖြစ်နေတာကို ပြန်လည် ဆင်ခြင်နိုင်စေဖို့ပါ။ ဘလော့ဂ် ရေးပြီး အစိုးရကို ဆဲလို့ လွတ်လပ်မယ်ဆိုရင် ကျွန်တော်လဲ ဘလော့ဂ်တစ်ခုရေးပြီး ဆဲမယ်ဗျာ။ သြော် ဒါနဲ့ မမေဓာဝီ ရေးထားတာလေးတွေ့လို့ပါ။ အမှားတွေ့ရင် ထောက်ပြပါ။ ပြင်မှလည်း တိုးတက်မယ် ဆိုလို့ပါ။ မမေဓာဝီရဲ့ လုပ်ရပ်တွေကို ပြန်လည် သုံးသပ်ဖို့ ကျွန်တော်က ထောက်ပြနေပါပြီဗျာ။ အမှားပါသွားရင် ခွင့်လွှတ်ပါ။ ကျွန်တော်တို့နဲ့ အမှန်တကယ် ပူးပေါင်းလိုရင် မမေဓာဝီဘလော့ဂ်မှာ ပို့စ်တစ်ခုတင်ပြီး မမေဓာဝီရဲ့ ခံယူချက်တွေ၊ အယူအဆတွေကို ပြောပြပေးပါ။ ကျွန်တော်တို့ ရအောင် ဆက်သွယ်ပါ့မယ်။ မမေဓာဝီထမ်းနိုင်မယ့် တာဝန်တွေ၊ ပေးနိုင်တဲ့တာဝန်တွေ ကျွန်တော်တို့မှာ အများကြီးပါ။
စောင့်မျှော်လျက်
ကျောင်းသားဟောင်းတစ်ဦး
အမည်မသိ ကျောင်းသားဟောင်း ဆိုသူသို့…
အပေါ်ယံအားဖြင့် ဖတ်ရင်တော့ မိတ်ဆွေရဲ့ မှတ်ချက်စကားက ဟုတ်သယောင်ယောင်ပါပဲ။ ဒါပေမယ့် ကျနော့်အမြင်လေးကို ၀င်ပြောကြည့်ပါရစေ။
ဘလော့ဂ်ကနေ တဆင့် ဟစ်တိုင်လို နေရာမှာ ပါသွားတာနဲ့ ပရော်ဖက်ရှင်နယ် ဆန်တယ်လို့ စွပ်စွဲလိုက်တာက အတော်လေးကို လောကြီးလွန်းတယ်လို့ မြင်တယ်။ ပရော်ဖက်ရှင်နယ်ရဲ့ အဓိပ္ပာယ်ကို ကျောင်းသားဟောင်း သိမှာပါ။ ဟစ်တိုင်က စာမူခ မပေးပါဘူး။ ဟစ်တိုင်လို နေရာက ဖော်ပြလိုက်လို့ ပြည်တွင်းမှာ နေနေရတဲ့ မမေဓာဝီအတွက် အကျိုးအမြတ်ရဖို့ နေနေသာသာ အန္တရာယ်တောင် များပါသေးတယ်။ သူ့ပုံနဲ့တကွ တင်ထားတဲ့ ဘန်နာကလည်း ရှိနေပါသေးတယ်။
ဘလော့ဂ်မှာ ရေးသည်ဖြစ်စေ၊ စာစောင်မှာ ဖော်ပြသည်ဖြစ်စေ သတင်းစာမှာ ပါတဲ့အကြောင်းအရာကို ဝေဖန်တာပါပဲ။ အဲဒီ ဆောင်းပါးကို မကြိုက်လို့ ဆန့်ကျင်တာပါပဲ။ `ကိုယ်ရေးချင်တဲ့ စာရေးပြီး အစိုးရကို အတိုက်အခံ ဖြစ်ရင် ပြီးရော လုပ်တာဟာ နိုင်ငံရေး မဟုတ်ပါဘူး´ လို့ ပြောထားတာ တွေ့လိုက်ပါသေးတယ်။ ကျောင်းသားဟောင်းဆိုသူ အနေနဲ့ လူတယောက်ကို ဝေဖန် ထောက်ပြမယ်ဆိုရင် အဲဒီလူရဲ့ အကြောင်း၊ ဇစ်မြစ်၊ အဲဒီလူ ဘာလဲ ဆိုတာ အရင်လေ့လာသင့်ပါတယ်။ မမေဓာဝီဟာ နိုင်ငံရေး သမားမဟုတ်ပါဘူး။ ဘယ်နိုင်ငံရေး အဖွဲ့အစည်းမှာမှ မပါဝင်တဲ့ သာမန်ပြည်သူတယောက်ပါပဲ။ စာပေတာဝန် ကျေပွန်တယ်လို့ တယောက်က ပြောတာဟာ ဒီလိုအချိန်မျိုးမှာ မြန်မာပြည်ထဲမှာ လက်ရှိနေတဲ့ လူတယောက်က ဒီလိုရေးဝံ့တာကို ချီးမွမ်းလိုက်တဲ့ သဘောပါပဲ။ ဘယ်သူ့ကိုမှ ထိခိုက်မယ်လို့ ကျနော်တော့ မထင်ပါဘူး။
`နိုင်ငံရေး´ ဆိုတာ ဘာလဲလို့ လိုက်မေးနေစရာ မလိုပါဘူး။ ကိုယ်တိုင် သိနားလည်အောင် ကြိုးစားပြီး ကိုယ့်အတိုင်းအတာနဲ့ကိုယ် ကိုယ်တတ်နိုင်တဲ့ဘက်က လူ့အဖွဲ့အစည်း အကျိုးကို သယ်ပိုးနေတာ နိုင်ငံရေးပါပဲ။ ကျောင်းသားဟောင်း နားလည်တဲ့ နိုင်ငံရေးနဲ့ ကွဲပြားကောင်းကွဲပြားနိုင်ပါတယ်။
နိုင်ငံရေး လုပ်တယ်ဆိုတာကလည်း ဘယ်သူက ဘယ်လောက်လုပ်ခဲ့တယ်။ ဘာလုပ်ခဲ့တယ်ဆိုတဲ့ ပေတံနဲ့ တိုင်းတာလို့ မရစကောင်းပါဘူး။ နိုင်ငံ့အကျိုးကို ဘယ်လောက်လိုလားတယ် ဆိုတဲ့ စံ က အဓိကပါ။ ဒါကို နိုင်ငံရေးကို တကယ်နားလည်ရင် သိပါတယ်။
နောက်တခု…။ ကျနော်တို့ အဝေးရောက်တွေ…၊ ဘာလို့ ရေးလဲ…။ ကျနော်တို့တတွေလဲ မြန်မာပြည်က ကျနော်တို့ပြည်သူတွေနဲ့ တသားတည်း ရှိနေတယ်ဆိုတာ ပြချင်လို့ ရေးပါတယ်။ ကျောင်းသားဟောင်း ပုတ်ခတ်သလို အားအားယားယား အင်တာနက်ဖိုးအကုန်ခံ၊ အချိန်ကုန်ခံပြီး လျှောက်ရေးနေတာ မဟုတ်ပါဘူး။ အဲဒါတွေ ရေးနေလို့လဲ ဘာအကျိုးအမြတ်မှ မရပါဘူး။ ကျနော်တို့ ဘာမှ မလုပ်ပေးနိုင်တဲ့ အခြေအနေမှာ ကျနော်တို့လဲ ဒီလူတွေနဲ့ တသားတည်းပဲဆိုတာလေး ပြနေချင်တဲ့ စိတ်တခုတည်းနဲ့ ရေးပါတယ်။ သူတပါးနိုင်ငံမှာ အလုပ်က တဖက်၊ တခြားကိစ္စတွေက တဖက်နဲ့ ကြားက ကိုယ့်နိုင်ငံအရေးကို အလေးထားပြီး ကျနော်တို့ နောင်တော်တွေနဲ့ တသားတည်း ရှိချင်တဲ့ စိတ်ကို တခုတည်းသော နည်းဖြစ်တဲ့ ဒီနည်းနဲ့ပဲ ပြရတာပါ။ အဲဒါကို နားလည်မပေးနိုင်တာကို စိတ်မကောင်းပါဘူး။
အပေါ်ပိုင်းမှာ ဟုတ်သယောင်ယောင်နဲ့ မှတ်ချက်ပေးလာတဲ့ ကျောင်းသားဟောင်းက `မမေဓာဝီက အိမ်ကြီးပေါ်မှာ အခန့်သား အင်တာနက်သုံး၊ သွားစရာ ရှိရင် ကားလေးနဲ့သွား၊ ဈေးဝယ်ထွက်၊ တစ်ပတ်စာ တစ်လစာ ဈေးဝယ်စားနေပြီး ဒီမိုကရေစီဘက်တော်သား လိုလို၊ အစိုးရကို ဆန့်ကျင်တဲ့ လူလိုလို လုပ်နေတာ အတော်ရယ်ရတယ် ဗျ။ အခြားလူတွေက မမေဓာဝီကို ခင်မင်စွဲတွေနဲ့ မြောက်ပေးနေတာကို အဟုတ်မှတ်နေတော့တာကိုး။ သူ့ကို ကိုယ်မြောက်ပင့်၊ ကိုယ့်ကို သူမြောက်ပင့်လုပ်နေပြီး အဟုတ်ကြီးမှတ်နေတာကို ရယ်ရတယ်ဗျာ။´ ဆိုတာကို ရေးတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု အသွင်ကို လုံးဝ ဆောင်သွားပါပြီ။ တကယ့် နိုင်ငံရေး စိတ်ဓာတ်ရှိတဲ့ ကျောင်းသားတွေ ဒီလို မပြောပါဘူး။ တကယ်ကို လုပ်နေတဲ့ လူဆိုရင်လည်း အင်တာနက်ပေါ်မှာ လုံခြုံရေး အကြောင်းပြချက်ပါဆိုပြီး အမည်မသိ နဲ့ မှတ်ချက် မရေးပါဘူး။
ရိုင်းစိုင်းတဲ့ ဆဲစာတွေအတွက် မမေဓာဝီမှာ တာဝန်မရှိပါဘူး။ ဆဲတဲ့လူမှာပဲ တာဝန်ရှိပါတယ်။ ဒါပေမယ့် အင်မတိအင်မတန် ရိုင်းစိုင်းတဲ့ စကားလုံးတွေဖြစ်နေရင်တော့ သူလဲ မနေပါဘူး။ ဖျက်ပစ်ပါလိမ့်မယ်။
`ဘလော့ဂ်ရေးပြီး အစိုးရကို ဆဲလို့ လွတ်လပ်မယ်ဆိုရင် ကျနော်လဲ ဘလော့ဂ်တခု ရေးပြီး ဆဲမယ်ဗျာ´ လို့ ပြောထားတာကလည်း မမေဓာဝီရဲ့ စာတွေကို သေသေချာချာ မဖတ်ဘဲ လူကိုသာ ဦးတည်တိုက်ခိုက်မှန်း သိသာလွန်းနေပါတယ်။ သူရေးတဲ့အထဲမှာ ဆဲတဲ့ အသုံးအနှုန်း မပါပါဘူး။ ကျနော်က တခုလောက် ပြန်မေးချင်ပါတယ်။ ကျောင်းသားဟောင်း စွပ်စွဲသလို သူက သူနာမည်ကြီးဖို့အတွက် လုပ်တယ်ပဲ ထားပါတော့။ ဘလော့ဂ် တခု နာမည်ကြီးလို့ ဘာတွေများ အကျိုးအမြတ်ရပါသလဲ။ အကျိုးအမြတ်ရနေတဲ့ မြန်မာ ဘလော့ဂါ ဘယ်သူရှိပါသလဲ။ ဘလော့ဂါတွေ ဘလော့ဂ် ရေးနေတဲ့ ခံစားချက်ကိုတော့ နားလည်ပေးဖို့ သင့်ပါတယ်။ နောက်ဆုံး အနေနဲ့ သုံးသပ်ရရင် ကျောင်းသားဟောင်း ဆိုသူဟာ အမှားတွေ့လို့ စေတနာမှန်နဲ့ ထောက်ပြတာ မဟုတ်ဘဲ `အခါအခွင့်တော့ ကြုံပြီ။ ၀င်တီးလိုက်မှပဲ´ ဆိုတဲ့ စိတ်ဓာတ်နဲ့ မမေဓာဝီကို လူပုဂ္ဂိုလ်ရေးရာအရ တိုက်ခိုက်ချင်စိတ် သက်သက်နဲ့ ဒီမှတ်ချက်ကို လာရေးတယ်လို့ မြင်ပါတယ်။
ကလိုစေးထူး
“အမည်တပ်မထားသောကျောင်းသားဟောင်းဆိုသူများသို့”
ခင်ဗျားတို့ ကွန့်မန့်တွေကိုဖတ်ရတော့ တော်တော်ပထမပိုင်းမှာ ဟုတ်သလိုလိုနဲ့ ဖတ်ရင်းဖတ်ရင်း တဖြည်းဖြည်းနဲ့ ခင်ဗျားတို့ဟာ ဘယ်လိုလူမျိုးတွေလဲဆိုတာသိလိုက်ရတယ်၊ အံ့သြစရာတော့မကောင်းပါဖူး၊ ခင်ဗျားတို့လို လူမျိုးတွေရှိနေလို့ စစ်အစိုးရ သက်ဆိုးရှည်နေတာပေါ့၊ ခင်ဗျားတို့ ပြောတာတွေ အားလုံးကိုတော့ ပြန်ပြောမနေတော့ပါဖူးဗျာ။ အရေးကြီးတဲ့အချက် တချို့ကိုပဲ ထောက်ပြချင်ပါတယ်။
နိုင်ငံရေးလုပ်တယ် (တိုင်းပြည်အရေးလုပ်တယ်ဆိုတာ) နိုင်ငံသားတိုင်း လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိတဲ့ ကိစ္စပါ၊ မိမိတို့ကျရာအခန်း၊ ရောက်ရာအရပ်ကနေ မိမိတို့လုပ်နိုင်သလောက် လုပ်လို့ရတယ်၊ ဒါကို ဘယ်သူကမှ ဘယ်သူ့ကို ဘယ်လိုလုပ်ရမယ်ဆိုတာ တောင်းဆိုလို့ မရပါဖူး၊ စစ်အစိုးရ ပြုတ်ကျရေးအတွက် နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ဆိုတော့ မိမိတို့လုပ်နိုင်သလောက် လုပ်တာကို အပြစ်ပြောနေတာဟာ နိုင်ငံရေးသမားကောင်း တစ်ယောက်မဟုတ်သလို။ နိုင်ငံရေးကို နားမလည်သူသာ ဖြစ်ပါတယ်၊ အဲဒီလုပ်ရပ်က စည်းရုံးရာမရောက်ပဲ ရန်များနိုင်သလို၊ အင်အားကိုပြုန်းတီးစေပါတယ်၊
ခင်ဗျားတို့ကွန့်မန့်က နိုင်ငံရေးကို အသေအချာမသိသေးတဲ့ မျိုးဆက်သစ်လူငယ်တွေကို တွေဝေစေတာဖြစ်တဲ့အတွက် ကျနော် ဒီတုန့်ပြန်စာကို ရေးရခြင်းဖြစ်ပါတယ်၊ ကိုမင်းကိုနိုင် အပါအ၀င် ဒီကနေ့အထိ လူထုဖက်က ရပ်တည်နေတဲ့ ၈၈-မျိုးဆက် ကျောင်းသားတွေဟာ ဒီလိုစာမျိုး ဘယ်တုံးကမှ မရေးခဲ့သလို၊ နောင်လည်းဘယ်တော့မှရေးမှာမဟုတ်ပါဖူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ လူထုနဲ့တိုင်းပြည်ကို ချစ်တဲ့သူတွေဖြစ်သလို။ နိုင်ငံရေးကို ကောင်းစွာနားလည်တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဖြစ်လို့ပါပဲ၊
“ခင်ဗျားတို့နဲ့အတူလမ်းပေါ်ထွက်ခဲ့ပါတဲ့လား”
ကျောင်းသားခေါင်းဆောင်ဟောင်းအားလုံး စစ်အစိုးရရဲ့ လက်ကိုင်ဒုတ်တွေကြောင့် ခွေးပြေးဝက်ပြေး တိမ်းရှောင်နေရချိန်မှာ ခင်ဗျားတို့ ကျောင်းသားခေါင်းဆောင်ဟောင်း ဆိုသူတွေက အေးအေးဆေးဆေး ဒီကွန့်မန့်တွေကို ရေးနိုင်သေးတယ်နော်၊ “ဘယ်လမ်းပေါ်ကိုထွက်ခဲ့ရမှာလဲ” ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို စွမ်းအားရှင်ကြံ့ဖွတ်တွေနဲ့ ပေါင်းပြီးရိုက်ဖို့ ခင်ဗျားတို့နဲ့အတူ လမ်းပေါ်ထွက်ခဲ့ရမှာလားလို့ မေးပါရစေတော့ဗျာ။
ခင်ဗျားတို့ အရောင်ဆောင် အရေခြုံကို ခွာချလိုက်ပါဗျာ။ စစ်အစိုးရဖက်က ရပ်တည်မယ်ဆိုရင်လည်း ပေါ်တင်ပဲပေါ့၊ လူဆိုတာ မိမိယုံကြည်တဲ့ဖက်မှာ ရဲရဲဝံ့ဝံ့ ရပ်တည်ရဲရမှာပေါ့၊ သမိုင်းကသာ ချီးမြောက်ခြင်း၊ ပြစ်ဒဏ်ခတ်ခြင်းကို ပြုမှာဖြစ်တယ်၊
ပြည်တွင်းမှာပဲဖြစ်စေ၊ ပြည်ပနိုင်ငံတွေမှာပဲဖြစ်စေ၊ ရောက်ရှိနေကြတဲ့ သူတွေရဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် အသိစိတ်ဓါတ်နဲ့ လုပ်နိုင်သလောက် လုပ်ကြတာကို တွေဝေအောင်မလုပ်ပါနဲ့။
အသိအမှတ်ပြုတာ တစ်ခုတော့ ပြောချင်ပါတယ်၊ စစ်အစိုးရပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းပြောတဲ့ “မီဒီယာကိုမီဒီယာနဲဏ္ဍတုန်ဏ္ဍပြန်ထိုးနှက်တိုက်ခိုက်” ဆိုသလို ခင်ဗျားတို့ဟာ ပြည်ပသတင်းစာဂျာနယ်တွေကို တုန့်ပြန်ထိုးနှက်ရုံသာမက ဘလော့တွေထဲအထိပါ ၀င်ရောက် နှောက်ယှက်လာနိုင်ပြီ ဆိုတာကိုပါပဲ။ စစ်အစိုးရအာဏာတည်မြဲရေးအတွက် အလုပ်ကြိုးစားတဲ့ ခင်ဗျားတို့ကို စစ်အစိုးရက ကောင်းချီးပြုမှာပါ။
ခင်ဗျားတို့ဟာကျောင်းသားဟောင်းတွေတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လူထုဖက်က ရပ်တည်တဲ့ မျိုးချစ်ပြည်ချစ် ကျောင်းသားတွေဖြစ်တယ်ဆိုတာတော့ ယုံကြည်ဖို့မဖြစ်နိုင်ဖူး။ ဖြစ်ကောင်းဖြစ်ရင် လူထုကိုဖိနှိပ်တဲ့ စစ်အစိုးရနဲ့ ပေါင်းသွားတဲ့လူထုသစ္စာဖောက် ကျောင်းသားဟောင်း ကိုအေးလွင်တို့ ငါးမင်းဆွေတို့ အုပ်စုကပဲ ဖြစ်မယ်ဆိုတာပြောလိုက်ပါရစေ၊
ကိုထွဋ်
ကျောင်းသားဟောင်းအရေခြုံ နအဖလက်ကိုင်ဒုတ်ခင်ဗျား..
ဒါအကုန်ပဲလားခင်ဗျား။ နည်းအသစ်တွေ ခင်ဗျားတို့အထက်အရာရှိက သင်မပေးနိုင်တော့ဘူးလား၊ တခါလာလည်း သူတော်ကောင်းယောင်ဆောင်ပြီး သူခိုးလူဟစ်တဲ့အလုပ်ပဲလုပ်ရတာ မငြီးငွေ့ဘူးလားခင်ဗျား။ စီဘောက်မှာသူများနာမည်နဲ့ လျှောက်ဆဲတာ၊ ကွန်မန့်မှာဆိုက်ဝါးသုံးပြီး ပုတ်ခတ်တာ၊ ဒီလိုအောက်တန်းစားအလုပ်တွေအတွက် ခင်ဗျားတို့ ဘာတွေများရလိုက်သလဲ၊ တိုင်းပြည်အတွက်ဘယ်လောက်နစ်နာသလဲ၊ စဉ်းစားပါခင်ဗျား။ နာမည်ကြီးဖို့ရေးနေတယ် ပြောရအောင် မြန်မာပြည်ထဲကနေဒီလိုစာကို နာမည်ကြီးချင်ရုံသက်သက်နဲ့ ရေးနေတဲ့သူရှိပါသလား။ နာမည်ကြီးတာကောင်းတယ်ထင်ရင် ခင်ဗျားနာမည်နဲ့ရေးပါလား၊ နောက်ရေးချင်ရင် ဦးဏှောက်သုံးပြီး ဆင်ဆင်ခြင်ခြင်ရေးပါခင်ဗျာ၊ ဖတ်ရတာစိတ်မချမ်းသာလွန်းလို့ပါ။
မမေ... အမြဲဖတ်နေပါတယ်။
Ma May,
I salute you. I absolutely agree with you.
Post a Comment