Monday, November 13, 2006

song 4

ဒီနေ့ ဒီသီချင်းကိုပဲ ထပ်တလဲလဲ နားထောင်နေမိတယ်။
အယ်နောင်းရဲ့ အသံ .. သူ့ရဲ့ဆိုဟန်နဲ့ သီချင်း သံစဉ် စာသား အားလုံးကို သဘောကျလို့ပါ … ။
တခါတလေကျတော့လဲ …
မပြောဘဲထားတဲ့ စကားလုံးတွေက
ဖွင့်ပြောဖြစ်တဲ့ စကားတွေထက် ပိုပြီး နက်ရှိုင်း သိမ်မွေ့တယ်ဆိုတာ … … …

***

သူ ..ပျော်နိုင်ပါစေ … (အယ်နောင်း)
***
ကိုယ် သူသိအောင် ပြောဖို့ရန်ခက်တယ်
သူ မျက်ဝန်းမှာ မမြင်ချင်ပါ မျက်ရည်တွေ
ပြောဖို့ရန်ခက်တယ်
ဝေးရမဲ့အဖြစ်ကိုသူ - မသိစေချင်
ကိုယ် ရယ် မင်းရယ် မနီးစပ်နိုင်တဲ့ ကမ္ဘာ
အို သူနားလည်အောင် ကိုယ်ဘယ်လိုပြောမလဲ
အဆုံးသတ်ကို မသိစေချင် ကိုယ့်အဖြစ်ကို မသိစေချင်
ခက်ပါတယ်

သူ ပျော်နေပါစေ ..လေ
ကိုယ် နာကျင်နေလဲပဲ ..
သူ ပျော်နေပါစေ ..လေ
ကိုယ် နာကျင်နေလဲပဲ
သူ ပျော်နေပါစေ …

အို မျက်ဝန်းတွေ နှလုံးသားသိနားလည်
ကံကြမ္မာကို အပြစ်မမြင်
နာကျင်သူ ကိုယ်ပဲ ဖြစ်ချင်
မင်းနားလည်မှုတွေ
ကိုယ့်ရဲ့ အိပ်မက်အပြင်ကို သွားပါကွယ် …

သူ ပျော်နေပါစေ ..လေ
ကိုယ် နာကျင်နေလဲပဲ ..
သူ ပျော်နေပါစေ ..လေ
ကိုယ် နာကျင်နေလဲပဲ
သူ ပျော်နေပါစေ …
***

သူပျော်နိုင်ပါစေ

3 comments:

Anonymous said...

အင်း မမေ ရေ သူပျော်ဖို့ အတွက် ကိုယ်ကတော့ ငိုနေရတယ်နော် သူပျော်နိုင်ပါစေ

မေလေး

ကလိုစေးထူး said...

ဒီသီချင်းလေးကို ကျနော်လဲ အရမ်းကြိုက်တယ်.. ထပ်ခါထပ်ခါဖွင့်ပြီး လိုက်ဆိုမိတယ်။
ကိုယ်နာကျင်နေလဲပဲ…
သူပျော်နေပါစေ

ကိုသူ said...

ဒီပို့စ်ရှိရာကို အရောက်ပြန်လာခဲ့တယ်။ တခေါက်ခြင်းစီမှာ မျက်ရည် အပြည့်နဲ့ ဘယ်နှစ်ခေါက်မှန်း မသိအောင် ပြန်နားထောင်ခဲ့တယ်။ ကျနော် ငိုနေတယ်။ ဒါပေမယ့် ကျနော့်မျက်ရည်ကို စာနာသူ တကယ် မရှိပါဘူး။ `အရင်လို ပြန်နေကြရအောင်´ တဲ့..။ ကျနော် ငိုပါရစေ။ အဖိုးတန်သည် ဖြစ်စေ၊ မတန်သည်ဖြစ်စေ… ၀မ်းနည်းနာကျင်စိတ်နဲ့ ဟိုးတချိန်က ဖြူစင်စွာ ပျော်ခဲ့ရတဲ့ အချိန်လေးကို သတိတရနဲ့ ကျနော် ငိုပါရစေ။

မလာချင်သူကို အတင်းမခေါ်ပါဘူး။ မလုပ်ချင်တာကို အတင်း မတိုက်တွန်းပါဘူး။ ဒါပေမယ့် ကျနော့် ရင်ဘတ်ထဲက တစုံတရာက ဟာလာဟင်းလင်းဖြစ်နေတယ်။ ဒါဟာ ကျနော့် သိက္ခာအတွက် တခုတည်းတော့ မဟုတ်တာ သေချာတယ်။ သူ..ပျော်နေပါစေ။ ((((((((((((((((((((