ဆောင်းရဲ့ ပထမခြေလှမ်း
***
ဒီကနေ့ မနက် စောစော အိပ်ရာထပြီး ခြံထဲဆင်းတော့ အရင်နေ့တွေနဲ့မတူတဲ့ အအေးဓာတ်လေး နဲနဲကို ခံစားထိတွေ့ရပါတယ်။
ဆောင်းရဲ့ အငွေ့အသက်ကို ပထမဆုံး ထိတွေ့ရတဲ့ နေ့လို့ဆိုရမှာပေါ့။
အရင်နှစ်တွေက သီတင်းကျွတ်ကျော်တာနဲ့ ဆောင်းငွေ့ကို ခံစားရပေမဲ့ ဒီနှစ်တော့ ဆောင်းဝင်တာ နောက်ကျပါတယ်။ နိုဝင်ဘာကုန်လုမှ ဆောင်းရဲ့ အအေးဓာတ်ရတယ်။ အအေးဓာတ်ရတယ်ဆိုပေမဲ့လည်း ချမ်းတော့မချမ်းပါဘူး။ အနွေးထည်လဲ ၀တ်ဖို့မလိုသေးဘူးပေါ့။ အနွေးထည်ဆိုတာလည်း ဆောင်းတွင်း တတွင်းလုံး ၀တ်ဖို့မလိုဘဲ ခေါက်သိမ်းထားရတာကြာလှပါပြီ။ ခရီးသွားတဲ့အခါ ထုတ်ဝတ်တာကလွဲလို့ ထိကို မထိဖြစ်တာပါ။
ရန်ကုန်ဆောင်းက အဲသလို အေးရှာတာလေ။
ဒီမနက်ခင်းတော့ အအေးဓာတ် ငွေ့ငွေ့လေးရလို့ လူက လန်းဆန်းသလို ခံစားရတယ်။
အသက်ရှူရတဲ့ လေကအစ အေးစက်စက်လေးဆိုတော့ ခါတိုင်းနေ့တွေလို မဟုတ်ဖူးပေါ့။
မနက်ခင်းနေရောင်က မှိန်ပျပျ။ တိမ်ကင်းစင် ကြည်လင်နေတဲ့ ကောင်းကင်ကြီးက ပြာလဲ့လဲ့။
ပန်းပင်တွေကြားထဲမှာလဲ လိပ်ပြာလေးတွေ တကောင်စ နှစ်ကောင်စ ပျံဝဲလို့။
ငယ်ငယ်တုန်းကတော့ ဆောင်းနံနက်တွေဟာ တော်တော်အေးပါတယ်။
ခြံထဲမှာ နေပူစာလှုံရင်း လိပ်ပြာလေးတွေ လိုက်ဖမ်း၊ ပန်းလေးတွေခူး .. ကလေးဘ၀ရဲ့ ကြည်နူးစရာလေးတွေပေါ့။
တခါတလေတော့လဲ ကန်တော်ကြီးဘက် လမ်းလျှောက်၊ ကြက်တောင်ရိုက်၊ ပန်းကန်ပြားပျံ ပစ်ကစားရင်း ဆောင်းနံနက်ခင်းလေးတွေကို ကျော်ဖြတ်ခဲ့ကြဖူးပါတယ်။
ခုတော့လဲ … မနက်ခင်းလေးတွေမှာ ဈေးသွားလိုက် အိမ်အလုပ်တွေလုပ်လိုက်နဲ့ ညှော်နံ့တွေလုံးနေတဲ့ မီးဖိုခန်းလေးထဲမှာ တရှဲရှဲ ကြော်လှော်ချက်ပြုတ်နေရတဲ့ ဘ၀ပေါ့။
ဘာပဲဖြစ်ဖြစ် …ဆောင်းရာသီရဲ့ ပထမဆုံးခြေလှမ်း အဖြစ် ၀င်ရောက်လာတဲ့ ဒီနံနက်ခင်းက စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ အတွက် ခုလို မှတ်တမ်းတင်လိုက်မိပါတယ်။
***
၂၂.၁၁.၀၆
Wednesday, November 22, 2006
Subscribe to:
Post Comments (Atom)
4 comments:
This year is colder than last year at here Ma May, but no snow yet. How about your Mom?
အမေက နဂိုထဲက အအေးကြောက်တာဆိုတော့ အအေးဒဏ်တော်တော်ခံနေရတာပေါ့။ အိမ်ထဲမှာတော့ နေလို့ရတယ်လို့ပြောပါတယ်။ ဒီဇင်ဘာလထဲမှာ ပြန်လာမယ်တဲ့။ အခုတော့ Wolverhampton တလှည့် Huddersfield တလှည့် နေနေတယ်ဆိုပဲ။
Hello
I have ever met a cold weather in Myanmar.At time when I went to Chin state. It was dam cold , could not sleep at night, was afraid of the sun was going down, even the fire could not help me warm.When I faced to fire it was warm on face, chest but the back was cold, then the opposite way the back was warm but the chest was cold.No jumper nor blankets made me warm.I wish I could have run away from that place. Lucky I was, spent a few days and came back to home.
Then I hardly feel cold weather, it has been years that I realized the winter in Myanmar is no longer cold.
In Yangon, we have humid weather, that would have caused warmer.
In the northern or southern hemisphere, the air is very dry, less humid,dry air is cooler.
I saw news on Tele that ice are melting at polar regions, must have been caused by global warming, some said global dimming.It is every one concern about our environment.
It is very lucky that Ma May can feel the fresh air , morning scene...etc...
May be in future.... air on the earth is pollute....water too... every things is polluted by modern industries..... the earth is hotter ....... then at last ...."Impermanence"
what our lord Buddha said are true.....
Thanks
Prince
မမေဓာရေးထားတော့လဲ ဆောင်းတွင်းက ချစ်စရာလေးပဲ။ ဆောင်းတွင်းကို အစက သိပ်မကြိုက်ဘူး။ အသားတွေပပ်တတ်လို့ အေးတာချင်းတူရင် မိုးတွင်းကိုပိုချစ်တယ်။ မိုးရွာရင် အလိုလိုပျော်တယ်။ သစ်ပင်လေးတွေကလည်း စိမ်းလို့ သန့်လို့။ သက်တံ့တွေ ဘာတွေဆိုတာလည်း မိုးတွင်းမှမြင်ရတာလေ။ ကျန်းမာရေးအတွက် သိပ်မကောင်းလို့ မိုးမိမှာ ကြောက်ပေမယ့် အိမ်အပြန်လမ်းမှာဆိုရင်တော့ ထီးကြီးဆောင်းထားပေမယ့် ခိုးခိုးပြီးမိုးစိုခံတယ်။ မိန်းကလေး မိုးရေထဲ ထီးမပါပဲ လမ်းလျှောက်တာကျတော့ မတင့်တယ်ဘူးမဟုတ်လား။ ဘာပဲပြောပြော မိုးရွာတဲ့ဒေသမှာ နေခွင့်ရတာပဲ တော်ပါသေးတယ်။ နှင်းတွေတော့ မြင်ဘူးချင်တယ်။ ကိုင်ကြည့်ချင်တယ်။ အရမ်းကြီး ခေါင်းကိုက်အောင်အေးမယ့် ဆောင်းတွင်းကြီးတော့ မနေချင်ဘူး။
Post a Comment