Saturday, November 18, 2006

ရေမြွေတကောင်၏ အမေသို့တမ်းချင်း …

မနေ့ညက …
အမေ့ဆီကဖုန်းလာတယ်။
အမေနဲ့ စကားပြောရတယ်။
အမေသွားကတည်းက အမေ့အသံကို ခုမှ ပထမဆုံးအကြိမ်အဖြစ် ကြားရတာ။
ခါတိုင်း အမေဖုန်းဆက်ရင် မပြောခဲ့ရဘူးလေ။
ဖုန်းထဲမှာ … အမေ့အသံက ပျော်ရွှင်တက်ကြွ လန်းဆန်းနေတာပဲ။
အမေ …နေကောင်းလား … ဆိုတော့ …ကောင်းတယ် .. တဲ့။
အရမ်းအေးနေတာ တခုပဲ .. တဲ့။
ဘာမှာမလဲ … ဘာလိုချင်လဲ … တဲ့ …
ဘာမှ မမှာဘူးလို့ပဲ ပါးစပ်က ပြောဖြစ်သွားတယ် …
စိတ်ထဲကတော့ အမေ အမြန်ပြန်လာတာပဲ လိုချင်တယ် … အမေ အမြန်ပြန်လာပါ လို့ပြောနေမိတယ်။
အဆင်ပြေတယ်မှုတ်လား … လို့မေးတော့ …
ဟုတ်ကဲ့ .. လို့ပဲ ဖြေလိုက်မိပါတယ်။
အဝေးကနေ .. အမေ စိတ်တထင့်ထင့်ဖြစ်မနေစေချင်ဘူး …. ။
တကယ်တော့ အမေရယ် ….
အမေ့ကို ပြောစရာတွေက ရင်ထဲမှာအပြည့်ပါပဲ ….
ပြောလိုက်ရင် အမေ့အပျော်တွေ ပျောက်ကုန်မှာစိုးတယ် ….
သည်းခံ ဆိုတဲ့ အမေနဲ့ အဖေရဲ့ စကားကြောင့် ပြောချင်တာတွေ မပြောဘဲ .. ကိုယ့်လျှာကိုယ် ကိုက်ထားရလွန်းလို့ လျှာလဲ ပြတ်လုပြီ အမေ … ။
ဘယ်ချိန်ထိများ ရေမြွေတကောင်လို နေနေရဦးမှာလဲ ….
တခါတလေတော့လဲ နဂါးမှန်းသိအောင် အမောက်ထောင်ပြချင်တယ် …
အမေ့လိုလဲ အားလုံးနဲ့လိုက်လျောညီတွေ မဆက်ဆံတတ်ဘူး .. ။
အဖေ့လိုလဲ အရာရာကို သည်းမခံတတ်ဘူး ..။
ဒေါသတွေ မာနတွေဟာ ပူလောင်လွန်းလို့ …
မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာပွါးကြည့်ပေမဲ့ … အချည်းနှီးပါပဲ … ။
ပါရမီမရင့်သန်သေးတဲ့ သူတယောက်ရဲ့ မေတ္တာဟာ … အစွမ်းမရှိဘူး ထင်ပါရဲ့။
မေတ္တာ ခြုံလို့လဲ မလုံဘူး …
မေတ္တာ ဆောင်လို့လဲ မအောင်ဘူး …
ဘာတွေများမှားယွင်းနေလို့ပါလိမ့် …။
***
ဖုန်းမချခင် အမေက ‘မကြာမီ .. လာမည် ..မျှော် …’ လို့ နောက်လိုက်သေးတယ်။
အမေ မသွားခင်ကတည်းက ကြိုလွမ်းနေပြီး ..
အမေ့ကို လေယာဉ်ကွင်းလိုက်ပို့ကတည်းက .. အမေ ပြန်အလာကို မျှော်နေတာပါ … အမေ … ။
***

4 comments:

ကလိုစေးထူး said...

ကိုယ့်ကိုယ်ကို ရေမြွေလို့ မနှိမ့်ချပါနဲ့ အမရာ .. အမကြည့်ရတာ ခံစားရတာတွေ များလွန်းနေပုံပေါ်နေပြီ...

Anonymous said...

Yes May

It happens to every home..
if someone comes in or visits to a home, no one realises much difference.

But someone goes even a short trip , away from home, may be he / she doesn't realise the emptyness because he/she is in a new place and wondering the new things, learning about new senery.

As for the one who stays at home will definitely realise the differece.
Home becomes quieter than usual.

As for you, she is your MOM , so I can feel it the emotional feeling of you.

My sincere opinion is " Please keep it up " what you are doing now, that is a good attitude. And also you will get many "KUTHO" because you have made your parents happy both physically and emotionally.

Prince

Anonymous said...

အမေ့ရဲ့နွေးထွေးတဲ့ရင်ခွင် အမေ့ရဲ့အုပ်ထိန်းမှုအောက် အမေ့ရဲ့ အရသာအရှိဆုံးဟင်းတစ်ခွက်နဲ့ဝေးနေရတဲ့သူတွေထက်စာရင်တော့ မမေအများကြီးကံကောင်းပါတယ့့်  ကျမျက်ရည်ချောင်းဖြစ်ဆိုတဲ့စကားလုံးလေးသာ တကယ်မှန်ခဲ့မယ်ဆိုရင်အမေ့ကိုလွမ်းလို့ကျတဲ့မျက်ရည်တွေကတော့ 
နွေးထွေးတဲ့အမေ့အိမ်ကို တမ်းတရင်းနဲ့  မဆုံးတဲ့ခရီးကို အားတင်းလျှောက်လှမ်းရင့်း့

Anonymous said...

မမေ
ရေမြွေလို့ပြောတော့ တစ်မျိုးကြီးစိတ်ထဲမှာဖြစ်သွားတယ်။
မမေဓာဝီဆိုတဲ့နာမည်ကို မမဗန် ရေးတဲ့ဖိုရမ်တွေကနေသိခဲ့ရတယ်။ နောက် မြန်မာချက်မှာ မေ ဆိုတဲ့နာမည်ကိုတွေ့ခဲ့ရတယ်။
ဟနက ချက်ထဲမှာ အသက်ကြီးသူမို့ ဟနထက်ကြီးသူမရှိတော့ဘူးဆိုပြီး မမေ ကို မသိဘဲ မေ လို့ပဲခေါ်ခဲ့မိတယ်။
အဲဒီတုန်းက မေ ဆိုတဲ့နာမည်တစ်ခုအပြင်ဘာမှမသိခဲ့ဘဲ ဟိတ်ကြီးဟန်ကြီးမနေတတ်သူ ၊
ကိုယ့်ကိုကိုယ်လည်း ဂုဏ်ဖော်မကြွားတတ်သူ မမေ ကိုခင်မင်လာခဲ့ပြီး နောက်မှ စာတွေ ၊ ကဗျာတွေရေးသူမှန်းသိလာရတယ်.။နောက်တော့မှ မဂ္ဂဇင်း ထဲက ၀ထ္ထုတစ်ပုဒ်အကြောင်း ဟနကြိုက်ကြောင်းပြောမိရင်း မမေ ကဟနတကယ်ကြိုက်တာလား လို့မေးတယ်။ ဟနက တကယ်ကြိုက်တာ ဆိုတော့ အဲဒါ မမေရေးတာလို့ပြောပါတယ်။ ဟနအံ့သြသွားခဲ့တယ်။ မမေက ကလောင်ခွဲတွေကြောင့် လူတွေက မမေကို သိပ်မသိသလိုဖြစ်နေခဲ့တာကိုး။
တကယ်တော့ မမေစာရေးသက် ၊ စာပေအတွေ့အကြုံဗတွကနည်းမှမနည်းဘဲ။
အငယ်တွေကို ချစ်ခင်စွာ စနောက်တတ်ပြီး ပျော်တတ်တဲ့မမေ ၊ အငယ်တွေကို အေးဆေးညင်သာစွာ ဆုံးမလေ့ရှိတဲ့ မမေ ကို ဟနတို့အွန်လိုင်းမောင်နှမတွေက လေးစားချစ်ခင်ကြပါတယ်။
ဟနစာရေးရင်မှားတဲ့အမှားလေးတွေ ကိုမမေကထောက်ပြ ဝေဖန်အကြံပေးတတ်ပြီး ဟနရေးသမျှကိုလည်းမပျင်းမရိဖတ်ပေးတတ်လို့ ဟနကတစ်ခုခုရေးပြီးတိုင်း မမေကို ဖတ်ပေးဖို့ အမြဲတောင်းဆိုပါတယ်။
တကယ်ကို မာန်မာနကင်းစင်ပြီး အေးချမ်းတဲ့ မမေ ၊ဗဟုသုတတွေစုံပေမယ့် ဘယ်တော့မှ အသားလွတ်ကြီး ပညာမပြတတ်တဲ့မမေ ၊ တကယ်ဆိုရင် ဘယ်မျိုးဘယ်ဆွေကလို့ ထုတ်ကြွားလို့ရပေမယ့် ဘယ်တုန်းကမှမကြွားတတ်တဲ့ မမေ ကို ဟန အံသြမိတယ်။
မမေ က ဟနကို မြန်မာစာပေမှာနည်းလမ်းမှန်ဖို့ လမ်းညွှန်ပေးတဲ့ မီးအိမ်ရှင် တစ်ယောက်ပါ။