မြို့ရွှေဘို သနပ်ခါးကိုလ
တို့မေပျို ပါးကွက်ပါးတင်လို့
အညက်သား လိမ်းလို့ခြယ်
ပိန်းလို့ရယ်တဲ့ ထူထဲ။
အလှူပွဲကိုလာ
အမူကဲကာ ဟန်ကိုချီလို့
တရံဆီ မြန်ပြည်ဖြစ်ပါတဲ့
အဆင်ညီ ပင်နီချောရယ်နဲ့
ယောနယ်က ညိုထဘီ
သီကရီ ဆင်မြန်း။
တပင်နန်းသူ အသွင်
မယ့်စိတ်တွင် ဘာသာထင်လျက်
ရွှေဘ၀င် လေအလျဉ်ဟပ်နေလဲ
မေတခင် ဖြေမရွှင်ခက်လေပေါ့
ဘိလပ်မြေ မြောက်လေသွေးပြန်တော့
အနောက်ပြေ (ပြည်) မှာ တယောက်မေ မနွေးနိုင်ဘု …
အေးလို့ တုန်ချမ်း။ … ။
***
မေဓာဝီ
၂၃၊ ဇူလိုင်၊ ၂၀၀၉
၁၃း၁၂ နာရီ
Subscribe to:
Post Comments (Atom)
6 comments:
စိတ်ထဲမှာ တစ်ပိုဒ်လောက် ပိုနေသလို ဒါမှမဟုတ် လိုနေသလိုပဲ။... (ထင်တာသက်သက်လည်း ဖြစ်နိုင်ပါတယ်။)
ဘာပဲဖြစ်ဖြစ် လိမ်းပြီးတော့မှ ချမ်းသွားပုံကို ရယ်နေမိတယ်။ ချစ်စရာ။
ဘာတွေခံစားနေရလဲ၊
ပွင့်ပွင့်လင်းလင်း ဘလောဂ့်ပေါ်ချရေးလိုက်ပေါ့....း)
ဟဲဟဲ ပန်ပန်ရေ ..
စိတ်ထဲရှိတာ လက်က ရေးလိုက်တာလေ။
ဥပဒေသတွေ ဘာတွေ ပြန်ဖတ်ရမှာ ပျင်းတာနဲ့ ... ပြီးပြီးရော ချရေးလိုက်မိတာ။
ကိုယ့်ဟာကိုယ်လဲ သိတယ်။ တခုခု လိုနေတယ်ဆိုတာ။ ဘာလိုနေမှန်းတော့ မသိဘူး။ ဒီထက်ပို မရေးတတ်တော့တာနဲ့ ဒီတိုင်းပဲ ထားလိုက်တော့တယ်။
အခု နည်းနည်းပြန်ပြင်ထားတယ်။
ဒါလဲ သိပ်မဟုတ်သေးသလိုပဲ ... ။ ရတော့ဘူး ဒီ့ထက်။
:D
ပွင့်ပွင့်လင်းလင်း ရေးထားတယ်လေ ... ရွက်လွှင့်ခြင်းရေ ...
ချမ်းနေတာပါဆိုမှ ... ;)
:D
good, good .
မိုက်တယ်..သနပ်ခါးက ရန်ကုန်မှာတောင် ဆောင်းဆို
လိမ်းရတာ ချမ်းကချမ်းနဲ့ အင်္ဂလန်မှာ လိမ်းတော့
ဟိဟိ မမေ သနားပါတယ်
ကဗျာလေးကောင်းလွန်းလို့
ရာဇဝင်ထဲက ဘယ်ရွှေဘိုမင်းသမီး ဘိလပ်ရောက်သွားပါလိမ့်လို့ တွေးနေသေးတာ...
လတ်စသတ်တော့ မေဓာဝီကိုး...
ဘိလပ်မြေတော့ မလိမ်းနဲ့နော်...
းဝ)
ရွှေဘိုသနပ်ခါးတုံးများ ဘိလပ်လိမ်းဖို့ ယူ...
ကဗျာလေးက ချစ်စရာလေး...
သနပ်ခါးလေးက ဒီကထိရနံ့ သင်းနေသလိုပဲ
Post a Comment