Thursday, July 30, 2009

အပြန်ခက်တဲ့ ရတုကဗျာ

လေချိုသွေးစဉ်၊ ထုံမွှေးသင်းပျံ့၊ ပန်းရနံ့တို့၊ ရှင်းသန့်ကြိုင်စွာ၊ ဝေ့၀ဲလာလည်း၊ စိတ်မှာမကြည်၊ ပန်းဝတ်ရည်ကို၊ ညွတ်သီမြတ်နိုး၊ တန်ဖိုးမထား၊ နေနိုင်အား၍၊ လားလားဂရု၊ မပြုမိသော်၊ ပန်းမြတ်တော်ဝင်၊ ရနံ့ရှင်မူ၊ ငြူစူစိတ်ထဲ၊ လွန်ဝမ်းနည်းကာ၊ ညှိုးငယ်စွာဖြင့်၊ နွမ်းကြွေလွင့်ဝါ၊ သွားရရှာသည်။ ။ ခံသာခံခက် လေသည်လော။

နေညိုအေးလျှင်၊ ငှက်ကျေးသာရကာ၊ အိပ်တန်းရှာ၍၊ ခိုရာသိုက်နန်း၊ မြိုင်တောတန်းတွင်၊ နားစက်ဝင်လျက်၊ နံနက်မိုးသောက်၊ အလင်းရောက်သော်၊ စုံညီဖော်ကောင်း၊ ငှက်အပေါင်းတို့၊ ရဖို့ ၀မ်းစာ၊ မနေသာဘဲ၊ ဖွေရှာခဲခက်၊ အသက်ဆက်ရန်၊ စိတ်ရည်သန်၍၊ လေဆန်ကိုတက်၊ ၀ဠာထက်ဆီ၊ မြန်းတက်ချီကာ၊ ဦးတည်ပါသည်။ ။ ပျံသာပျံလျက် နေမည်လော။

မေငိုကြွေးချင်၊ ဝေးရပ်ခွင်ဝယ်၊ ကြင်သူဘယ်မှာ၊ ဘယ်ခါဆုံနိုး၊ မျှော်ကာကိုးရင်း၊ နှောင့်စိုးဗျာပူ၊ ဗလောင်ဆူကာ၊ ငေးငူငိုင်မော၊ ရင်၌သောက၊ မျက်ရည်စတို့၊ မကျအောင်သိမ်း၊ ကွယ်ဝှက်ထိမ်းလည်း၊ အလွမ်းမီးစ၊ ပြင်းထန်လှ၍၊ တမြေ့မြေ့ကျွမ်း၊ မျက်ရည်စမ်းစီး၊ အထီးကျန်လျက်၊ ရက်ရေတွက်ကာ၊ ပူဆွေးပါသည်။ ။ ပြန်သာပြန်ခက် စေသည်လော … ။ ။
***
မေဓာဝီ
၃၀၊ ဇူလိုင်၊ ၂၀၀၉
၁၁း၁၁ နာရီ

9 comments:

pandora said...

ဒါလည်း အဝေးရောက်ပင်လယ်ပဲ
ကမ်းကပ်ရမယ့် အချိန်တွေ
ချစ်သူတွေနဲ့ ဆုံဆည်းရမယ့် အချိန်တွေ
လက်ချိုးရေတွက်..အပြန်ခက်နေတဲ့အခါ

ရွက်လွင့်ခြင်း said...

oversea မှာ ခံစားရေးဖွဲ့ တဲ့အတွက် ပိုပြီးတော့ ထိမိပါတယ်။
အားပေးလျှက်

TNS said...

မမေဓာဝီ
ကျနော်က အခုမှ မှတ်မှတ်ယယရောက်ဘူးတယ်ထင်တာပါဘဲ...။
ဒါပေမယ့် နာမည်ကြားကတည်းက စိတ်ဝင်စားမိပါတယ်..။
စာတွေကဗျာတွေ ဖတ်ကြည့်မိတဲ့ အခါ တော်တော်ကို
လေးစားမိပါတယ်..။
ကျနော်က မြန်မာဆန်တဲ့ အမည်တွေနဲ့ မြန်မာစာတွေကို လေးစားတယ် စိတ်ဝင်စားတယ်..တန်ဘိုးထားဖတ်ပါတယ်..။
ကျနော် နောက်လဲ လာဖြစ်မှာသေချာပါတယ်..။
ကျနော့် ဘလော့ဂ်လေးကို အလုပ်အားလို့ ပြန်လုပ်ဖြစ်တဲ့ အခါကျရင် မမေရဲ့ ဘလော့ဂ်ကို လင့်ခ် ချိတ်ခွင့်ပြုပါ...။
လေးစားမှုများစွာနဲ့ ...။

ကိုလူထွေး said...

ဒါအဖွားတို့ခေတ်က ကဗျာလေ...
မေဓာဝီက ဦးကြီးလူထွေးရဲ့ အဖွားအရွယ်ရှိမယ် ထင်တယ်နော်...


အခွင့်ပေးလျှင်
... ... ...
... ... ...
နှံသာနှံလျက် နေမည်လော...


းဝ)

Nyein Chan Aung said...

လေချိုသွေးစဉ်၊ ထုံမွှေးသင်းပျံ့၊ ပန်းရနံ့တို့၊ ရှင်းသန့်ကြိုင်စွာ၊ ဝေ့၀ဲလာလည်း၊ စိတ်မှာမကြည်၊ ပန်းဝတ်ရည်ကို၊ ညွတ်သီမြတ်နိုး၊ တန်ဖိုးမထား၊ နေနိုင်အား၍၊ လားလားဂရု၊ မပြုမိသော်၊ ပန်းမြတ်တော်ဝင်၊ ရနံ့ရှင်မူ၊ ငြူစူစိတ်ထဲ၊ လွန်ဝမ်းနည်းကာ၊ ညှိုးငယ်စွာဖြင့်၊ နွမ်းကြွေလွင့်ဝါ၊ သွားရရှာသည်။ ။ ခံသာခံခက် လေသည်လော။

နေညိုအေးလျှင်၊ ငှက်ကျေးသာရကာ၊ အိပ်တန်းရှာ၍၊ ခိုရာသိုက်နန်း၊ မြိုင်တောတန်းတွင်၊ နားစက်ဝင်လျက်၊ နံနက်မိုးသောက်၊ အလင်းရောက်သော်၊ စုံညီဖော်ကောင်း၊ ငှက်အပေါင်းတို့၊ ရဖို့ ၀မ်းစာ၊ မနေသာဘဲ၊ ဖွေရှာခဲခက်၊ အသက်ဆက်ရန်၊ စိတ်ရည်သန်၍၊ လေဆန်ကိုတက်၊ ၀ဠာထက်ဆီ၊ မြန်းတက်ချီကာ၊ ဦးတည်ပါသည်။ ။ ပျံသာပျံလျက် နေမည်လော။

မေငိုကြွေးချင်၊ ဝေးရပ်ခွင်ဝယ်၊ ကြင်သူဘယ်မှာ၊ ဘယ်ခါဆုံနိုး၊ မျှော်ကာကိုးရင်း၊ နှောင့်စိုးဗျာပူ၊ ဗလောင်ဆူကာ၊ ငေးငူငိုင်မော၊ ရင်၌သောက၊ မျက်ရည်စတို့၊ မကျအောင်သိမ်း၊ ကွယ်ဝှက်ထိမ်းလည်း၊ အလွမ်းမီးစ၊ ပြင်းထန်လှ၍၊ တမြေ့မြေ့ကျွမ်း၊ မျက်ရည်စမ်းစီး၊ အထီးကျန်လျက်၊ ရက်ရေတွက်ကာ၊ ပူဆွေးပါသည်။ ။ ပြန်သာပြန်ခက် စေသည်လော … ။ ။

ကောင်းတယ်ဗျာ..

ရေတမာ said...

!_!

Anonymous said...

very very nice poem..

nyima

Maydarwii said...

အဝေးရောက်မှ ... အဝေးရောက်ပင်လယ်ရဲ့ သဘောကို နားလည်တယ် ပန်ပန်ရေ ... ။

ရွက်လွှင့်ခြင်း ... အားပေးတာ ကျေးဇူးပါ။

ကို TNS - လာဖတ်တဲ့အတွက် ၀မ်းလဲသာတယ်၊ ကျေးဇူးလဲ တင်ပါတယ်။ လင့်ခ်လဲ ချိတ်ခွင့်ပြုပါတယ်။

ဦးကြီးလူထွေး ... အစ အဆုံးရေးမှပေါ့။ အစနဲ့ အဆုံးပဲ ရေးလို့ ဘယ်ရမလဲ။

ကိုငြိမ်းချမ်းအောင် - ကျေးဇူးတင်ပါတယ်။

ရေတမာရေ ... မမေလဲ တူတူပဲ !_!

ညီမ ... ပျောက်နေတာ ကြာပေါ့။ လာဖတ်တာ ကျေးဇူးပဲနော်။

အားလုံးပဲ ... ကျမ မတောက်တခေါက် ရေးထားတဲ့ ရတုလေးကို လာရောက်ဖတ်ရှုအားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင်။

Harry said...

အလွန်ကောင်းပါတယ်ဗျာ ..