Sunday, July 19, 2009

အာဇာနည်

စာတစောင် ပေတဖွဲ့
ဋီကာတွေမချဲ့ငြား …
အားလုံးရဲ့ ရင်ထဲမှာ
ထာဝစဉ်ရှိပါ၏။

သမိုင်းထဲကထုတ်
မှေးမှိန်အောင် လုပ်ငြား
မြင့်မြတ်တဲ့နှလုံးသား
အများသိပါ၏။

ပကတိတန်ဖိုး
ဘယ်တော့မှ မညှိုးမှိန်
တန်ခိုးအရှိန်တက်
မိုးတိမ်ထက်တည်
အာ ဇာ နည် … ။
***
မေဓာဝီ
၁၉၊ ဇူလိုင်၊ ၂၀၀၉
(၆၂ နှစ်မြောက် အာဇာနည်နေ့)
၀၀း၀၁ နာရီ

6 comments:

ရေတမာ said...

လေးစားပါတယ် အမ

Unknown said...

မမရေ...

အလေးလာပြုသွားပါတယ်...

အားလုံးရင်ထဲ ရှင်သန်နေဆဲပါ....။

kyalkalay said...

လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

မိုးစက်အိမ် said...

ကဗျာလေးက ကောင်းတယ်ဗျာ
အာဇာနည်နေ.ကို ဂုဏ်ပြုပါတယ်ဗျာ

ကိုအောင် said...

အာဇာနည်ဆိုတာ အလေးစားထိုက်ဆုံးပုဂ္ဂိုတွေပါ။ ရှိပြီးသား အာဇာနည်တွေအပြင် အာဇာနည်အသစ်တွေ၊
အာဇာနည်ကုန်းအသစ်တွေ မပေါ်ပေါက်ပါစေနဲ့လို့
ကျနော်တော့ ဆုတောင်းပါတယ်။

Anonymous said...

lu law ka hma, tha khoe hnint lu thud tha mar ma loke kya pa ne

http://tr.im/zawgyi

http://tr.im/gawgyi