အတိတ်ရဲ့ အရိပ်တွေ
တစ္ဆေလို ခြောက်နေသလား
ဝိုးတ၀ါး ညလယ်မှာ …။
လ-ကွယ်လွန်သွား
အလင်းအားချိနဲ့
အမိုက်ရဲ့ အဆုံး
အမုန်းများစွာနဲ့နက်မှောင်
ဟိုး … တောင်ဘက်မှာတော့
မိုးတွေရွာစွေလို့ … ။
လေခြွေသစ်ရွက်
တဖြတ်ဖြတ်ကြွေ
ညဥ့်ငှက်တွေငို
ညိုညို့ညိုဆိုင်း
တလောကလုံး မှောင်မှိုင်းနေဆဲ … ။
မရဲတရဲ
အမှောင်ထဲတိုး
ဆိုးသည်ထက် ဆိုးမလား …
အားကိုးစရာ
ဘယ်မှာမှ မတွေ့
အားလုံးကိုသာ မေ့လိုက်ပါရစေတော့ … ။
ဘ၀ဆိုတာ တိုတိုလေး
ငိုကြွေးရုံနဲ့ ခရီးမရောက်
လမ်းလျှောက်ရင်း လမ်းပျောက်တဲ့အဆုံး
အမုန်းတရားကို ပယ်ဖျက်
အရှုံးများကို တွယ်ဖက်ရင်း
အလင်းကိုကျောခိုင်း
နက်ရှိုင်းတဲ့ အမှောင်လမ်းကို
ယောင်ယမ်းတိုးဝင် မိလေရဲ့ … ။ … ။
***
မေဓာဝီ
၁၄၊ ဇူလိုင်၊ ၂၀၀၉
၁၄း၃၇ နာရီ
Subscribe to:
Post Comments (Atom)
3 comments:
စိတ်ဓာတ်ကျတုန်းရေးမိထားတဲ့ ကဗျာလေလား...
စကားထဲမှာ တရားတွေပါနေတယ်နော်...
အလင်းရောင်ရဲ့တန်ဖိုးကို အမှောင်ထဲကလူတွေက အသိဆုံးပါ...
းဝ)
ဒီနေ့(၁၄၊ ဇူလိုင်၊ ၂၀၀၉)မှာ မမေဓာဝီရဲ့ စာကို ပိုပြီးကျကျနန ရင်းနှီးဖြစ်ပါတော့တယ်။ (၃၁၊ မတ်၊ ၂၀၀၈) တုန်းက "စာမေးပွဲ" ဆိုတဲ့ စာကို အဲ့ဒီတုန်းက ဖတ်ဖြစ်ခဲ့ဖူးပေမယ့် ACCA ဖြေတာဖြစ်နိုင်ကောင်းတယ်လို့ တွေးထင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း မရောက်ဖြစ်တော့ပဲ ခုတစ်လောအတွင်း မတော်တစပြန်လည်ရောက်ရှိလာပြီး ဒီနေ့မှ ဘလောက် တစ်ခုလုံးရဲ့ လေးလေးပင်ပင်၊ ထူထူထဲထဲ၊ နက်နက်နဲနဲတွေကြားမှာ တစ်ခါတစ်ရံ စိတ်အစဉ်တွေ လွင့်စင်ထွက်သွားမိကာ ဖတ်မိရင်း ACCA မဟုတ်ပြန်နိုင်တော့ဘူးဆိုတာ ခန့်မှန်းမိလာဖြစ်ပြန်ပါတယ်။
ဒီနေ့ မမေဓာဝီရဲ့ စာတွေကို ဖတ်ဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း စာတွေရဲ့ အစအဆုံးကို ကြုံးရုံးဖတ်ဖြစ်သွားပါတော့တယ်။ စာတွေက အယ်စတုန်ကြီးတွေ များတာရော၊ စာတွေအားလုံးကို ဆက်တိုက် တစ်ခုပြီးတစ်ခု ဖတ်မိလို့ထင်ပါတယ် လူလည်း ရှိန်းပိန်းကာ ခေါင်းတွေလည်း ချာလပတ်ကို လည်နေပါတော့တယ်။ တစ်ကယ်တော့ ဘလောက် တစ်ခုလုံးကို တစ်ရက်လောက်ကလေးနဲ့ အပြီးဖတ်ဖို့ဆိုတာ မလုံလောက်ပါဘူး။ ပိုပြီး စိတ်ဝင်စားတာမျိုး၊ ဖတ်ပြီး နားလည် လိုက်မီနိုင်တာမျိုးတွေကို ပိုပြီး အာရုံစိုက်ကာ ဖတ်သွားလို့တာ ပြီးတာပါ။
စာဖတ်သူတွေရဲ့ မှတ်ချက်တွေကိုလည်း ဖတ်သွားပါတယ်။ ဆွေးနွေးချက်တွေကြားက ကတောက်ကစလေးတွေကိုလည်း ဖတ်ရတာ အားရပါတယ်။ အတွေးတွေလည်း ရစေပါတယ်။
ဆက်လက်အားပေးလျက်
ခဏခဏလဲမှောင်
ညကလဲမှောင်
ဘ၀ကလဲမှောင်
ဖတ်ရတာလဲ မှောင်တယ်
ပန်းပွင့်တွေတောင် မှောင်နေသလားမသိဘူး
Post a Comment