မှားတဲ့ဘက်ကို မရပ်တည်ချင်လို့
မှန်တယ်လို့ယူဆရတဲ့ ဘက်မှာ ရပ်တည်
ငါ ... ကူညီပေးခဲ့တယ် ... ။
ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ
လူလည်းနွမ်း လက်ပန်းလည်းကျ
ဘ၀ရော ... ဓနရော ရင်းနှီးကာ
ငါ တကယ် ပေးဆပ်ခဲ့တာပါ ... ။
ဒါပေမဲ့ ...
ငါ ယုံကြည်ခဲ့ သူတွေက ...
ငါ့ အရည်အချင်းကို နင်းသွားကြ
ငါ့ လုပ်ရပ်အတွက် အမြတ်ထုတ်ကြ
ငါ့ ဘ၀ ပျက်လု မတတ်
လမ်းခုလတ်မှာ
ဇာတ်နာ ခဲ့ရတယ် ... ။
ဒီလိုနဲ့
တဘက်က သတိပေး ...
ငါအဝေးကို ပြေးခဲ့ရတယ်။
တဘက်က စိန်ခေါ်ကြ
ငါဟာ အောက်တန်းကျသတဲ့ ... ။
တဖြည်းဖြည်းနဲ့
ငါဟာ ...
လူတွေရဲ့ သဘောကို မအံ့သြမိတော့ပါဘူး ...
လိုတဲ့ အခါ သုံး
မလိုတဲ့အခါ မုန်း ...
ဒါ ... သူတို့ ထုံးစံပဲ ... ။
နောက်ဆုံးတော့ ...
မှားတဲ့ဘက်နဲ့ မမှန်တဲ့ဘက်
မတူသယောင်ယောင်နဲ့
တူနေတဲ့ နှစ်ဘက် အလယ်မှာ
ငါဟာ ....
ရပ်လို့သာ နေမိပါတော့တ ယ်။
***
မေဓာဝီ
၃၀၊ ဒီဇင်ဘာ၊ ၂၀၀၇
၀၀း၁၆ နာရီ
(ခေါင်းစဉ်ကို နဂိုက တန်ဆာခံလို့ မှားယွင်း ရေးမိပါတယ်။ ကိုမိုးထက်နဲ့ အမည်မသိသူက ကွန်မန့်မှာ ပြောပြပေးတဲ့အတွက် အမှန်ကို ပြန်ပြင်လိုက်ပါတယ်။ခုလို ပြင်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်ရှင်။ )
Subscribe to:
Post Comments (Atom)
5 comments:
တန်ဆာခံ လို့  ရေးထုံးရှိသလား မသိ။
ဓားစာခံ လို့  ပဲ ရေးတယ်ထင်တယ်။
မျှဝေခံစားကိုယ်ချင်းစာမိပါတယ်...
ရိုးသားမှူက တခါတရံ ဒုက္ခရောက်တတ်ပေမယ့် အချိန်တန်ရင် မမှားတဲ့ဘက်(သို့)မှန်တဲ့ဘက်ကကိုယ့်အနားရောက်လာမှာပါ...
မေ့လို ကိုယ်လေးစားရတဲ့Bloggerက တို့Blogကိုလာလည်တဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်...
Ma May,
I am visiting your precious blog and feel something that I have ever experienced before.. Your poem is really touching my heart.. Life is like that...
တန်ဆာခံဆိုတာကတော့ ကျွန်တော်အထင် .. ရထားတို့ ကားတို့မှာ ကုန်ပစ္စည်းတွေ အတွက် ငွေးကြေးပေးဆောင်တာကိုခေါ်တာဖြစ်မှာပါ.. အဲဒီသဘောရေးတာလား ဒါမှမဟုတ် ဓားစာခံ ဆိုရင်တော့ ရေးထုံးမှားမယ်ထင်တယ် .. အဓိပ္ပာယ်လည်း တခြားစီဖြစ်သွားမှာပါပဲ...ဘာလဲဆိုတာကတော့ ရေးတဲ့လူပဲသိမယ်..
ကိုမိုးထက်နဲ့ အမည်မပါသူ ပြောတာ မှန်ပါတယ်။ ကျမဆိုလိုတာ ဓားစာခံ ဆိုတဲ့ အဓိပ္မါယ် ပါပဲ။ ကျမစိတ်ထဲ တန်ဆာခံလို့ ထင်မိလို့ ရေးလိုက်မိတာ။ အခုလို ကျမ မှားနေတာ ထောက်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျမ ပြန်ပြင်လိုက်ပါမယ်ရှင်။
မခိုင်နဲ့ မခွန်မြလှိုင် .. ကွန်မန့်အတွက် ကျေးဇူးပါရှင်။
Post a Comment