Tuesday, August 07, 2007
မသိခြင်းများ
မသိခြင်းများ
***
မြင်နေရတယ် …
ပြုံးရယ်နေတဲ့ နှုတ်ခမ်းများ …
သွားဖွေးဖွေးတွေ ပေါ်လို့ …
နွေးထွေးတဲ့ အပြုံးတွေလား
အေးစက်စက် အစွယ်တွေကို လှစ်ပြတာလား???
အနားရောက်လာတယ် …
တစုံတယောက်ရဲ့ လက်တဖက် …
ကြိုဆိုဖို့ လက်ကမ်းတာလား
တွန်းဖယ်ဖို့ လက်လှမ်းတာလား???
ကြားလိုက်ရတယ် …
“ဖြောင်း .. ဖြောင်း .. ဖြောင်း” … တဲ့
အားပေးတဲ့ လက်ခုပ်သံလား
ချောက်လှန့်တဲ့ တောထုတ်သံလား???
ဟစ်အော်သံ …
((((( ဟေးးးးး )))))
အဝေးက ပဲ့တင်ထပ်လာတယ် …
လှိုက်လှဲစွာ ခေါ်နေတာလား
ငြာသံပေးလို့ မောင်းထုတ်တာလား???
လျှောက်နေခဲ့တယ် …
ဒီလမ်းတွေပေါ်မှာပါပဲ …
လျှောက်ရင်း … လျှောက်ရင်း …
ပန်းတိုင်ကလည်း ဝေးသည်ထက်ဝေး
ခြေလှမ်းတွေလည်း နှေးသည်ထက်နှေး …
ဒီလိုနဲ့
နောက်ဆုံး …
… …. …. ….
… …. …. ….
… …. …. ….
ယုံကြည်ချက်ပျောက်ပြီး
သံသယတွေဝင်ရောက်ခဲ့ …
ဘယ်သူက မိတ်ဆွေအတု
ဘယ်သူက ရန်သူအစစ်
ဘယ်သူက နောက်ကျောကို ဓားနဲ့ထိုးပြီး
ဘယ်သူက ရင်ဝကို ဓားနဲ့စိုက်မလဲ …
မခွဲခြားတတ်ခဲ့တော့ …
မျက်လုံးတွေကို ကြောက်ရွံ
အပြုံးတွေကို ထိတ်လန့်
ကြားရတဲ့ စကားတွေ ခါးသက်
ကမ်းတဲ့လက်တွေ အေးစက်
နောက် … ပြန်လှည့်ရမလား
ရှေ့ … ဆက်တိုးရမလား …
ရှေ့တိုးရင် ထမ်းပိုး
နောက်ဆုတ်တော့ လှည်းတုတ် … တဲ့
ရွေးချယ်ခွင့်မရှိတဲ့ ဘ၀အမှားမှာ
နွားတကောင်လို ခြေရာချင်းထပ်အောင်
နွံထဲသာ ရုန်းရတော့မလား …
သေချာတာကတော့
မရေမရာ အတွေးနဲ့
တွေဝေစွာ ငေးလျက်
ရပ်တံ့လို့ နေမိပါရဲ့ … ။ … ။
***
မေဓာဝီ
သြဂုတ် ၇၊ ၂၀၀၇
နေ့ ၁၂ နာရီ ၄၅ မိနစ်
Subscribe to:
Post Comments (Atom)
12 comments:
မမေဓာဝီ..
အပေါ်ယံ စိတ်ဓာတ် တွေကို တစ်လွှာတစ်ထပ်ချင်းခွာချတဲ့ကဗျာတစ်ပုဒ်လို့ ယူဆပါတယ်။ ရှေ့တိုးရင် ထမ်းပိုး နောက်ဆုတ်တော့ လှည်းတုတ် …ဆိုပြီး တွေဝေစွာ ရပ်တန့်  သွားစေလောက်တဲ့ နောက်ကျောမှာထောက်ထားတဲ့ ဓားတွေရဲ့ အန္တရာယ်အငွေ့ ကို သုံးသပ် ပြထားတဲ့ ကဗျာတစ်ပုဒ်လို့ ခံစားရပါတယ်..
ဒီလိုထင်မိတယ် မမေ
အပြင်ကိုမမှု
ကိုယ်ပြုကိုယ်ကြံ
ကိုယ့်သဏ္ဍာန်ကိုယ်ရှာ
ကိုယ့်အနာကိုယ်သိ
ကိုယ့်သတိနဲ့ယှဉ်တော့
ကိုယ့်လမ်းကိုယ်မြင်ပါလိမ့်မယ်.
မသိခြင်းများ မှ စာသားများအား ကူးယူသွားပါတယ် ။
May,
Most of the times, I got same feeling. Especially, nowadays because most of the people are pretending.
Somehow, peace is the best.
If someone smiles to you, take it as smiles. If someone gives a hand, please shake his hand.
So, if he tries to do something, he can't do because of our positive attitude.
Whatever happen at his/her site is his problem and we will be peaceful when we take as a positive.
Please don't stand and go ahead.
khine
မမေ..
ရင်ကိုတိုက်ရိုက်ထိမှန်သွားတဲ့ ကဗျာဖြစ်နေပါတယ်။ကျေးဇူးပါ။
လျှောက်နေခဲ့တယ် …
ဒီလမ်းတွေပေါ်မှာပါပဲ …
လျှောက်ရင်း … လျှောက်ရင်း …
ပန်းတိုင်ကလည်း ဝေးသည်ထက်ဝေး
ခြေလှမ်းတွေလည်း နှေးသည်ထက်နှေး …
ဒီလိုနဲ့
နောက်ဆုံး …
… …. …. ….
… …. …. ….
… …. …. ….
ယုံကြည်ချက်ပျောက်ပြီး
သံသယတွေဝင်ရောက်ခဲ့ …
ဘယ်သူက မိတ်ဆွေအတု
ဘယ်သူက ရန်သူအစစ်
ဘယ်သူက နောက်ကျောကို ဓားနဲ့ထိုးပြီး
ဘယ်သူက ရင်ဝကို ဓားနဲ့စိုက်မလဲ …
မခွဲခြားတတ်ခဲ့တော့ …
မျက်လုံးတွေကို ကြောက်ရွံ
အပြုံးတွေကို ထိတ်လန့်
ကြားရတဲ့ စကားတွေ ခါးသက်
ကမ်းတဲ့လက်တွေ အေးစက်
နောက် … ပြန်လှည့်ရမလား
ရှေ့ … ဆက်တိုးရမလား …
ရှေ့တိုးရင် ထမ်းပိုး
နောက်ဆုတ်တော့ လှည်းတုတ် … တဲ့
ရွေးချယ်ခွင့်မရှိတဲ့ ဘ၀အမှားမှာ
နွားတကောင်လို ခြေရာချင်းထပ်အောင်
နွံထဲသာ ရုန်းရတော့မလား …
သေချာတာကတော့
မရေမရာ အတွေးနဲ့
တွေဝေစွာ ငေးလျက်
ရပ်တံ့လို့ နေမိပါရဲ့ … ။ … ။
(ဆဂိ ဒီကဗျာထဲက အပိုင်းတိုလေးတစ်ခုကိုတင်ပါရစေလား၊ ခွင့်ပြုနိုင်မလားမမေ)
ma may,
this poem makes me think about human beings.
thanks.
it reveals somehow.....
.....
....
cool!
မမေကို မင်္ဂလာတရားတော် အကြောင်းရေးဖို့ တက်ဂ် ထားကြောင်း လာပြောပါတယ် .. အချိန်ရတဲ့အခါပေါ့နော်
အသစ်မတတ်တာကြာပြီထင်တယ်။ ပုံမှန်လာဖြစ်ပါတယ်။
are u okay? wishing u the best health...
ryan
Are you sick again.
Take care.
Ma Khine
ကျနော်နဲ့ အစ်ကိုမောင်ဆန်ရဲ့ Blog လေးပါ ခင်ဗျာ။ ပွဲဦးစမှာတော့ BBC 9/11 လူသတ်မှုမှာ ပါဝင်နေလားဆိုတာ မေးခွန်းထုတ်ထားပါ တယ်။ အထောက်အထားအားလုံး နဲ့ စုစည်းထားဖေါ်ပြထားပါ။ အမှန်ကို သိလိုသော သူများ အတွက်ပါ
http://lightofmyanmar.blogspot.com/
May,
It has been one week that I don't meet you on the blog. Are you ok? Hope you and your family are feeling well.Take care.I really miss you.
Khine
Post a Comment