Sunday, June 24, 2007

လွမ်းလျက်သာပင် ....

သူသာရှိခဲ့ရင် … ဒီကနေ့ သူ့မွေးနေ့။
သူသာရှိခဲ့ရင် … ဒီလိုနေ့မှာ သူ့အတွက်မွေးနေ့ဆုတောင်းတွေ အင်တာနက် စာမျက်နှာထက် မြင်ကြရမှာသေချာပါတယ်။ သူ့ကို လူတကာကချစ်ခင်ကြ တယ်။ သူဟာ အားလုံးရဲ့စိတ်နှလုံးကို ချမ်းမြေ့ပျော်ရွှင်အောင် ပြုစွမ်းပေးနိုင်တဲ့ သူ။
ခုတော့ … သူမရှိတော့ပါဘူး … ။ သူမရှိတော့တဲ့တိုင် သူ့ကိုသတိတရရှိနေတဲ့ သူငယ်ချင်းတယောက် … သူ့ကို တသသ လွမ်းနေသူတယောက် ဒီကမ္ဘာကြီး ပေါ်မှာ ရှိနေတယ်ဆိုတာ … သူ … သိနိုင်မှာ မဟုတ်တော့ပါဘူး။
***
ဒီနေ့ မနက် ရွှေတိဂုံဘုရားကိုသွားဖြစ်တယ်။ သူ့ကိုရည်စူးပြီး ရွှေတိဂုံဘုရား မီးပူဇော်ဖို့ ငွေလှူခဲ့တယ်။ ဘုရားရှေ့မှာ … ဆုတောင်းမေတ္တာပို့ခဲ့တယ်။
ဒီကုသိုလ်ကောင်းမှုကြောင့် ….
သူငယ်ချင်း …ရောက်လေရာဘ၀မှာ … ငြိမ်းချမ်းရပါစေ … ။
***
ချစ်တဲ့
ဝီ
(မေဓာဝီ)
၂၄၊ ၆၊ ၂၀၀၇
နံနက် ၉ နာရီ ၃၀

7 comments:

Hteink Min said...
This comment has been removed by the author.
Hteink Min said...

သာဓု သာဓု သာဓု .. စာလုံးပေါင်းမှားနေလား မသိ .. သားဒုတော့ မဟုန်ပါဘူးနော်..ဟေး.. ပထမဆုံးကွ မ ဆိုးဝှတ် ဘယ်ကို ရောက်နေပါလိမ့်.. ဟဲ ခု အွန်နေပြီ အိမ်ကနေ..ဘယ်တော့ ရဲလာဖမ်းမလဲပဲ စောင့်နေရတယ်။ ဟဲဟဲ.. သူများ အင်တာနက်အိမ်ထဲရောက်လာလို့ သုံးနေတာပါ..

s0wha1 said...

ဘယ်မှ မရောက်ဘူး...ရှိတယ်...ဘာကွန်မန့်ပေးရမလဲ မသိလို့ မပေးဘဲ နေတာကွ...မမေ သူငယ်ချင်းအတွက် စိတ်မကောင်းလို့...

Anonymous said...

mamay...

http://lesbellesfleurs.blogspot.com/2007/06/happy-birthday-mama-vam.html

http://littlegreenvilla.blogspot.com/2007/06/happy-birthday-mama-vam.html

ကလိုစေးထူး said...

မိမိ ချစ်ခင်ရတဲ့ သူငယ်ချင်းအတွက် သူတမလွန်ကိုရောက်သွားတာတောင် ယနေ့အထိ မမေ့မလျော့နဲ့ အမှတ်ရနေပေးတာ၊ သူ့အတွက် ကုသိုလ်ပြုပေးတာအတွက် ၀ိုင်းပြီး သာဓုခေါ်ပါမယ်။

khin oo may said...

sowhat blog ဝင်ရခက်နေတယ်ဝဲ ပြနေတယ် ကြံကြံဖန်ဖန်။
kom

Anonymous said...

#
ညောင်ကန်အေးသာသနာ့ရိပ်သာ(မဟာစည်)
- 6:37am
တင့်ဇင်လတ်) ၊ အင်္ဂလန် ၃။ ဦးလှဝင်းညွန့်+(ဒေါ်မြင့်ရီ)၊ သမီး၊မအေးသီတာဝင်း၊ မယမင်းထွေး၊ ...
www.blogger.com/feeds/8467060523464043718/posts/default - Cached

#



ညောင်ကန်အေးသာသနာ့ရိပ်သာ(မဟာစည်)
- 6:36am
21 Oct 2009 ... တင့်ဇင်လတ်) ၊ အင်္ဂလန် ၃။ ဦးလှဝင်းညွန့်+(ဒေါ်မြင့်ရီ)၊ သမီး၊မအေးသီတာဝင်း၊ ...
nyaungkanaye-mm.blogspot.com/ - Cached
#
CHOCO - cho's Blog
- 6:37am
တင့်ဇင်လတ်) ၊ အင်္ဂလန် ၃။ ဦးလှဝင်းညွန့်+(ဒေါ်မြင့်ရီ)၊ သမီး၊မအေးသီတာဝင်း၊ မယမင်းထွေး၊ ...

စိတ်ဝင်စားလို့လိုက်ရှာတာ။
kom