Tuesday, March 03, 2009

မထူးဇာတ်

မထူးတော့ပါဘူး …
နေလဲ အတော်မြင့်နေမှ။

မထူးတော့ပါဘူး …
အချိန်တွေလဲ လင့်နေမှ။

မထူးတော့ပါဘူး …
ဘ၀တွေလဲ လွင့်ကြွေမှ … ။
***
မေဓာဝီ
၃၊ ၃၊ ၂၀၀၉
၂၂း၂၄ နာရီ

5 comments:

ကိုပေါ said...

“ထူးဇာတ်”

နေမြင့်လျှင်လည်း
ဆည်းဆာတော့ ကြုံနိုင်သေးတယ်။

မိုးချုပ်လျှင်လည်း
အရုဏ်ဦးတော့ ကြုံနိုင်သေးတယ်။

အချိန်လင့်လည်း
မရဏတော့ ကြုံနိုင်သေးတယ်။

ဘ၀လွင့်လည်း
ဘ၀သစ်တွေ ကြုံနိုင်သေးတယ်။

မျှော်လင့်ချက်တွေ
မလင့်ကြွေစေနဲ့။

Mhu Darye said...

good! bravo for both! :)

ကိုအောင် said...

မမေဓါဝီရဲ့ ကဗျာက အရမ်းကောင်းပါတယ်၊ ကျနော်လည်း အဲဒီနာမည်နဲ့ ကဗျာတစ်ပုဒ်ရေးဖူးတယ်၊
အမရယ့် အရေးအသားတွေကို အားပေးလျက်ပါ။

တန်ခူး said...

မေရေ…
မထူးဇာတ်က တာထွက်ခါနီး ပြေးဖို့ အသင့်ပြင်နေသလိုပဲ…

Thet Oo said...

ဘာတွေ မထူးဇာတ်ခင်းနေရတာတုံး။ ခုမှ အသက်ငယ်ငယ်လေး ရှိသေးတာ။ နေပြည်တော်က ပုဂ္ဂိုလ်တွေ မထူးဇာတ်ခင်းဘို့ ထားပါအုံး။