အမည်မဲ့နေရာ
လူနေတော့ 'အိမ်ခန်း'၊ ရဟန်းနေတော့ 'ကျောင်း'၊ သူတောင်းစားနေတော့ 'ဇရပ်'၊ မြတ်သောဘုရင် 'ပလ္လင်နန်းတော်' .. .. ဆိုတဲ့ စကားလေးကို ၀င်းဦးရဲ့ ရုပ်ရှင်ဇာတ်ကားတခုထဲမှာ သီချင်းအဖြစ် ၀င်းဦးသီဆိုခဲ့တာ ငယ်ငယ်လေးထဲက ကြားဖူးနေခဲ့ပါတယ်။နေရာတခုဟာ နေထိုင်သူရဲ့ အဆင့်အတန်းအလိုက် အခေါ်အဝေါ် ပြောင်းလဲသွားနိုင်သလို တန်ဖိုးချင်းလည်း မတူညီနိုင်ပါဘူး။ ကိုယ်နေထိုင်ရာ တိုင်းပြည်၊ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်း မှန်သမျှ အမည်လေးတွေနဲ့ သတ်မှတ်ထားကြတာ ခုအခါမှ မဟုတ်ပါဘူး။ တောလဲ တော အလျောက် ..မြို့လဲ မြို့အလျောက် .. တိုင်းပြည်နိုင်ငံလဲ တိုင်းပြည်နိုင်ငံ အလျောက် အမည်နာမ သတ်မှတ်ချက်လေးတွေဆိုတာ ရှေးယခင်ထဲက အသီးသီးအသက ရှိကြပါရဲ့။ တိုင်းပြည်၊ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်း ဆိုတာဟာ အများဆိုင်နာမ်ပါ၊ အဲဒီစာလုံးတွေရဲ့ ရှေ့မှာမှ ကိုယ်စားပြုတဲ့ ကိုယ်ပိုင်နာမ်တခုထပ်ထည့်မှ ပြည့်စုံပါမယ်။ ဘာမြို့လဲ၊ ဘာရွာလဲ၊ ဘာရပ်ကွက်လဲ၊ ဘာလမ်းလဲ .. ။ ဥပမာဆိုရရင် -ကောသလ’တိုင်းပြည်၊ မိဂဒါဝုန်တော၊ မလ္လတိုင်း၊ စသည် ကနေ ..မြန်မာပြည်၊ မုဆိုးဘိုရွာ၊ အင်းဝနေပြည်တော်၊ မန္တလေးနေပြည်တော် .. ရန်ကုန်မြို့၊ မော်လမြိုင်မြို့ စသည် စသည် .. ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း .. စသည် စသည် .. အမည်နာမ တိတိကျကျ ရှိကြပါတယ်။ အဲဒီလိုမှ နာမည်တပ်မထားရင် .. အမည်မဲ့ နေရာတခုဖြစ်နေမှာ မဟုတ်ပါလား။ အမည်မရှိတဲ့ နေရာမှာ နေတဲ့သူတွေကိုရော .. ဘယ်လိုလူမျိုးလို့ သတ်မှတ်ရမှာပါလိမ့်။
၈.၉.၀၆
Subscribe to:
Post Comments (Atom)
No comments:
Post a Comment