Tuesday, September 19, 2006

my lovely pet


သူ့နာမည်က ကစ်ကစ်တဲ့။
အရမ်းချစ်ဖို့ကောင်းပြီး အရမ်းဆိုးတဲ့ ခွေးကလေးပေါ့။
သူ့ကိုယ်သူ ခွေး ဆိုတာ မသိတဲ့ ခွေးကလေးလေ။
‘ခွေး’ လို့ဆိုရင် သူက တခြားခွေးကြီးတွေကို ခေါ်တယ်ပဲ ထင်ပြီး မာန်ဖီတတ်တယ်။ ဟောင် တတ်တယ်။
အကောင်လေး သေးပေမဲ့ အရမ်းစွာတယ်။ သူထက်အများကြီးကြီးတဲ့ ခွေးကြီးတွေကိုတောင် သူက ပြန်ဖိုက်ချင်သေးတာ။
တကယ်တမ်း ဆေးခန်းလိုနေရာမျိုးမှာ ခွေးကြီးတွေနဲ့ ဆုံရင်တော့ ကြောက်လွန်းလို့ လူပေါ်အတင်းဖက်တက်တယ် .. ။
အရင်က ခွေးမချစ်တတ်ပေမဲ့ .. အရမ်းဆိုး .. အရမ်းချွဲတတ်ပြီး .. အရမ်းနားလည်တဲ့ သူ့ကိုတော့ အရမ်းချစ်မိသွားတယ်။
နောက် ကြုံမှ သူ့အကြောင်းလေးတွေ ထပ်ရေးပါဦးမယ်။
ဒီပုံလေးက သူဆော့တဲ့ အရုပ်တွေကြားမှာ ၀ပ်နေတုန်း .. ရိုက်ထားတဲ့ ပုံလေးပါ။

4 comments:

THET NAI TUN said...

ချစ်စရာလေးပါ

မေဓာဝီ said...

yes .. i love him very much.

Anonymous said...

ချစ်စရာလေးနော်၊ အဲ့လိုမျိုးလေး တစ်ကောင်လောက်လိုချင်တာ၊ မွေးရဘူးတဲ့ အလုပ်ရှုပ်လို့လေ၊ ဒါ့ကြောင့် ခွေးလှလှလေးမြင်တိုင်း လည်ပြန်လှည့်ကြည့်ပြီး ငမ်းနေရတာနဲ့ပဲ ကျေနပ်နေရတာ

သက်ဝေ said...

မေ... အခု သူကလေး ဘယ်ရောက်သွားပြီလဲဟင်....
သူ့ကိုယ်သူ ခွေး ဆိုတာ မသိတဲ့ ခွေးကလေး ဆိုတဲ့ စကားကို ခွေးကလေးတွေနဲ့ တရင်းတနှီး အတူတူ နေဖူးတဲ့သူဆိုရင် ပိုနားလည်မယ် ထင်တယ်နော်...။

ကိုယ့်မှာလဲ အရင်က ရန်ကုန်အိမ်မှာ အဲလို အဖြူရောင် အကောင်လေး တကောင်ရှိခဲ့ဖူးတယ်။ လူကလေး တယောက်လို ထားတာဆိုတော့ သူဟာ ခွေးဆိုတာ မသိတော့ဘူး.. ကိုယ်တို့ ကိုကာကိုလာသောက်ရင် လိုက်သောက်ပြီး သူက အရင် ဟေ့ ဆိုပြီး လေတက်တတ်တဲ့ အကောင်စားလေးပေါ့...
မေ့အချစ်တော်လေးကိုတွေ့တော့ ကိုယ့်ခွေးလေးကို လွမ်းသွားလို့ လာရေးတာပါ...။

ဒီမှာတော့ ခွေးလေးတကောင်လောက် မွေးချင်ပေမယ့် နေရာထိုင်ခင်းနဲ့ ဝေယျာဝစ္စတွေက အခြေအနေမပေးလို့ စိတ်လျှော့ထားရတယ် မေရေ...။