Thursday, September 21, 2006

လူဆိုတာ ...

လွန်ခဲ့တဲ့ တပတ်လောက်က သူငယ်ချင်းတယောက်နဲ့လဖက်ရည်ဆိုင်ထိုင်ရင်း .. သူ့ဆီမှာ ပါလာတဲ့ အခွင့်အလမ်းဂျာနယ်ကို ယူကြည့်မိတယ်။ ဂျာနယ်ကို ဟိုလှန်ဒီလှန်နဲ့ဖတ်နေရင်း ဆောင်းပါးတပုဒ်ထဲက စာသားတချို့ ဖတ်မိသွားတယ်။ ဆောင်းပါးရှင်က နိုင်ငံခြားကစီးပွားရေးပညာရှင်တယောက် (အဒမ်စမစ် လို့ထင်ပါတယ် .. အတိအကျမမှတ်မိတော့ပါ)ပြောတဲ့ စာသားတချို့ကို ကိုးကားပြီးဆောင်းပါးမှာဖော်ပြ ထားတယ်။
မှတ်မိသလောက်ပြန်ပြောရမယ်ဆိုရင် ..
လူနှစ်ယောက် တွေ့ကြတဲ့အခါမှာ .. တယောက်နဲ့တယောက် စကားအငြင်းအခုန်လုပ်မလား .. ပါလာတဲ့ ကုန်ပစ္စည်းချင်းဖလှယ်မလား .. တဲ့။ အဲဒီမေးခွန်းကို သူကိုယ်တိုင်ကပဲ ပြန်ဖြေပါတယ်။ ကုန်ပစ္စည်းချင်း ဖလှယ်ပါမယ် .. တဲ့။
ဒါကြောင့် .. လူဆိုတာ ပင်ကိုယ်က နိုင်ငံရေးသတ္တ၀ါ မဟုတ်ဖူး .. စီးပွါးရေးသတ္တ၀ါ ဖြစ်တယ် လို့ ကောက်ချက်ချပါသတဲ့။
ဒါကို ကျမက ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါတယ်။
လူဆိုတာ မွေးလာကတည်းက ဗလာပါပဲ။ သူ့မှာ ဘာကုန်ပစ္စည်းမှ ပါလာတာမဟုတ်ပါဘူး။ ဒါပေမဲ့ အသိဥာဏ် နဲ့ စဉ်းစားတတ်တဲ့ဦးနှောက်တော့ပါလာပါတယ်။
ဒီတော့ ..လူနှစ်ယောက်တွေ့ကြရာမှာ လက်ဗလာကြီးပဲဆိုရင် .. သူတို့ဘာလုပ်မလဲ။
စကားပြောမယ်။ မိတ်ဖွဲ့မယ်။ နောက် … သူတို့ရဲ့ အတွေးအခေါ် အယူအဆချင်း ဖလှယ်ကြမယ်။ သဘောထားချင်း တိုက်ဆိုင်ရင် လက်တွဲဖြစ်မယ်။ သဘောထားခြင်း မတိုက်ဆိုင်ရင် ငြင်းခုန်ကြမယ်။
ဒီလိုနဲ့ .. ကျန်တဲ့သူတွေကပါ .. သူတို့ကြိုက်တဲ့အယူအဆရှိတဲ့လူကိုထောက်ခံမယ်။ မကြိုက်တဲ့သူကို ကန့်ကွက်မယ်။ ဒီလိုနဲ့ အုပ်စုတွေကွဲသွားမယ် .. ။
စသဖြင့် ..လျှောက်တွေးကြည့်တော့ .. သူပြောသလို … လူဆိုတာ .. ပင်ကိုယ်က စီးပွါးရေးသတ္တ၀ါ ဆိုတာ ဟုတ်ပါ့မလားလို့ .. စဉ်းစားမိပါတယ်။
ပြောသူကတော့ စီးပွါးရေးပညာရှင်မို့ သူလိုရာကို ဆွဲပြောတာများလားပေါ့ နော်။
ဘာပဲဖြစ်ဖြစ် ..
လူဆိုတာ .. ပင်ကိုယ်ကတော့ ဗလာ ပါပဲ။

1 comment:

Thet Htoo@Myat Lone said...

အစ်မရေ . . အစ်မရေ။ အစ်မရဲ့ Post တွေ ဟိုးအစကနေ မွှေနှောက်ပြီး လိုက်ဖတ်နေတာဗျာ။ ဒီ "လူဆိုတာ" Post လေးတင်တဲ့ရက်က ကျွန်တော် မွေးနေ့နဲ့လည်း တိုက်ဆိုင်ပြီး အတွေးအခေါ်လည်း စိတ်ဝင်စားလို့ အမှတ်တရ Comment လေး ၀င်ပေးတာပါခင်ဗျာ။ မမေ စာကောင်းပေမွန်တွေ အများကြီး ဆက်ရေးနိုင်ပြီး လိုအင်ဆန္ဒများလည်း ပြည့်ဝပါစေခင်ဗျာ