Tuesday, January 22, 2008

ခဏ နှုတ်ဆက်ပါတယ်…

မပြောမဆိုနဲ့ ကျမ ပျောက်သွားရတဲ့ အကြောင်းကို ရှင်းပြပါမယ်။ ဒီကို မလာခင် ကျမ မိဘတွေကို ကတိ တခု ပေးခဲ့ရပါတယ်။ အဲဒါကတော့ ဒီကို ရောက်ရင် ဘလော့ ပြန်မရေး တော့ပါဘူး ဆိုတဲ့ ကတိပါ။ အဲဒီကတိက စက်တင်ဘာလ ၁၀ ရက်နေ့ကနေ အောက်တိုဘာ ၂၉- ရက်နေ့ထိသာ တည်ခဲ့ပါတယ်။ စာမရေးရရင် မနေနိုင်တဲ့ ကျမ ... မိဘတွေကို ပေးခဲ့တဲ့ ကတိကို ဖောက်ဖျက်ပြီး ဘလော့ ပြန်ရေးမိတယ်။ နောက်တော့ ဒီအကြောင်းကို ကျမ အမ သိသွားပါတော့တယ်။

အဲဒီရဲ့ အကျိုးဆက်ကတော့ ... ဘလော့အပြင် အင်တာနက် အီးမေးလ်နဲ့ မိုဘိုင်းဖုန်း အသုံးပြုခွင့်ပါ ရပ်နားခြင်း ခံလိုက်ရပါတယ်။ ဒီအသက်အရွယ် ရောက်နေပေမဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ် မရပ်တည်နိုင်သေးတဲ့ ကျမ အနေနဲ့ သူတို့ကို လွန်ဆန်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ ကျမ ဘလော့ရေးခြင်းကို ရင်နာနာနဲ့ ရပ်နားထားရတာပါ။

အခုလား ... လိုင်ဘရီကနေ ... ခဏလာသုံးနေတာပါ။ ဒီလိုပဲ ကျမက အမိန့်ဆို ဖီဆန်တတ်တဲ့ အကျင့်နဲ့ လက်တလုံးခြား လုပ်တတ်တဲ့ အကျင့်လေးက ကျန်သေးတော့ ဒီစာကို ရေးပြီး တင်လိုက်တာပါ။

မော်ဒရိတ်လုပ်ထားတဲ့ ကွန်မန့်တွေကို ကျမကိုယ်စား တင်ပေးနေတဲ့ ကိုစေးထူးကို ကျေးဇူးတင်ပါတယ်။ နောက်လည်း ကျမဘလော့လေးကို ဆက်ပြီး စောင့်ရှောက် ထားပေး ပါဦး။

အားလုံးကို ခဏနှုတ်ဆက်ပါတယ်။ နောက်တော့ အိမ်နဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းပြီး နားလည်မှု ပြန်ရတဲ့အခါ .... ဘလော့လေးဆီ ပြန်လာခဲ့ပါမယ် ... ။

လောလောဆယ်တော့ .... .... ....
မတတ်သာလို့ ခပ်ခွါခွါ နေရပါဦးမယ် ...။


မေဓာဝီ
၂၁၊ ဇန်န၀ါရီ၊ ၂၀၀၈ ခုနှစ်

24 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

မမေ စာတွေပြန်ရေးလို့ ၀မ်းသာရတာမှ မကြာသေးဘူး အခုလို ခဏနားရဦးမယ်ဆိုတော့ စိတ်မကောင်းပါဘူး။ ပြန်လာမယ့်နေ့ ကို မျှော်နေပါ့မယ်။

မြရွက်ဝေ said...

စိတ်မကောင်းဘူး မမေရေ။ စာမေးပွဲရှိလို့ စာမရေးဖြစ်တာ ထင်နေတာ။ အမြန်ဆုံး ပြန်ရေးနိုင်ပါစေ မမေ။

Swan said...

I think you're in UK. So, how come your parents can control your use of email and mobile phone? I've come across your blog only two weeks ago and I've been enjoying myself reading your old posts. I was surprised when I didn't find any comments regarding our "saffron revolution". Only now I realize you'd been gagged by your family. Is it because you're connected to the generals? Or are your parents worried about your safety?

တန်ခူး said...

မေရယ်...တို့က စာမေးပွဲများ ဖြေနေရလားလို့။ မနက်ရုံးရောက်တာနဲ့ မေ့Blogနဲ့ နိဒါန်းစတာမို့ postအသစ်လေးတွေ မတွေ့ရတိုင်း ရင်ထဲမှာ ဟာတာတာနဲ့...။ မိဘတွေနဲ့ နားလည်မှူ အမြန်ဆုံးရပါစေလို့။ အရမ်းလွမ်းနေမယ်။ Take Care မေ။

NwayLeL said...

မမေ --- ပို့ စ် ကို ဖတ်ပြီး လွမ်းသွားတာဘဲ ။

ဝေတိုး said...

So Sad!

philtre said...

it's so rubbish... so bureaucrat...
email me how can i contact u...
let's find solution together for some problem... :(

Anonymous said...

မကြာခင်စာအမြန် ပြန်ရေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Buddha Bless u always!

Anonymous said...

I think your parents are not wrong in doing so. I myself have a younger brother whom I am supporting the education and so I prefer him not to spend time on those blogs. Blogs are fine, if you use as a tool to express your feeling, improve your writing (both English and Burmese), polish style, etc.. But to waste time in blogging is something parents or guardians would found it offensive.

လူသစ် said...

လွမ်းလွန်းလို့ အိပ်ယာပေါ် ဂျွမ်းပစ် ပစ်ထိုးနေမိတယ်ဗျာ။ ဟဲ

Min Min said...

မမေ စိတ်မကောင်းပါဘူးဗျာ. ခု လို စာရေးတာကို ရပ်တန့်ရမယ်ဆိုတာ ကျွန်တော်တို့ မလိုလားပါဘူး။ မကြာခင်မှာ ကိုယ်တိုင် ရပ်တည်နိုင်မည့် သူတစ်ယောက်ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မမေ မိဘတွေကိုလည်း ဥပမာ စာသားလေး လက်ဆောင်ပေးပို့ချင်ပါတယ် ..

မိဘတွေက ဒီမိုကရေစီလှုပ်ရှားမှုထဲမှာပါတဲ့ လူငယ်တွေကို ဟန့်တားနေကြတယ်ဆိုတာ သိရပါတယ်၊ မဟန့်တားကြပါနဲ့၊ ကိုယ်ကြောက်လို့ ကိုယ့်သားသမီးတွေပါ ကြောက်ဖို့ သင်ပေးတယ်ဆိုရင် သိပ်ပြီးဆိုးတာပေါ့၊
(အဖွဲ့ချုပ်ရုံး။ ဟိုပုံး ၁၂-၂-၈၉)
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

လေးစားလျက်
မင်းမင်း

Anonymous said...

Hi May,

I am sorry to hear that. I like your blog.I'll be waiting........

Good luck!

လင်း said...

ပျောက်နေတာ ဒါကြောင့်ကိုး။ ပြန်လာလို့ ရမဲ့နေ့ မျှော်
နေမယ်နော်။ အိမ်နဲ့ သေချာညှိကြည့်ပါအုန်း။ လွမ်းနေမယ် မမေရေ

Ashin Mettacara said...

ချက်ထားတဲ့ဆွမ်းတွေက တော်တော်ကောင်းမယ့်ပုံပဲ။ ဦးဇင်းတို့တော်ဘုဉ်းချင်လာပြီ။ ကဲကဲကြုံရင်လာလည်ပါအုံး။ http://ashinmettacara-eng.blogspot.com/

http://ashinmettacara.blogspot.com/

May Burma said...

I am sorry to hear this. You are a good writer. Time is precious and blogging is addictive.

I only do it as a duty for my country and also because I am not a student and I do not work.

For young students and workers they should be disciplined.

Thus I have to agree with your family.

Ko Paw said...

ကြည့်စမ်း….တိုင်းပြည်မလွတ်လပ်ရင် ဘယ်လောက်နစ်နာသလဲဆိုတာ အခု လက်တွေ့ဘဲ။ စာရေးကောင်းတဲ့လူတယောက် သူ့ရဲ့ တောက်ပြောင်တဲ့ အရည်အသွေးတွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်မရရှာဘူး။ လွတ်လပ်တဲ့ တိုင်းပြည်မှာ ဆိုရင်တော့ ဘယ်မိဘက အလကားနေ ရင်း ကိုယ့်သားသမီးထူးချွန်ထက်မြက်တဲ့ ၀ါသနာပါတဲ့ အလုပ်ကို ပိတ်ပင်ပါ့မလဲ။

သည်တော့ လူတွေ သူစိတ်ပါဝင်စားရာ၊ အားသန်ရာ (Pursuit of Happiness) ကို လွတ်လပ်စွာ လုပ်နိုင်တဲ့ အခြေအနေကို မရောက်ရောက်အောင် ကျနော်တို့အားလုံး ဖန်တီးပေးကြရမယ်။ တိုင်းပြည်လွတ်လပ်ဘို့ အားသွန်ခွန်စိုက် ကြိုးပမ်းကြရအောင်။

မေပျို said...

မမေရေ
သဲလည်း မအားတာနဲ့ မလာဖြစ်လို့ အခုမှပဲ သိတော့တယ်။ မြန်မြန်အဆင်ပြေပါစေ အမ။

လေးစားစွာဖြင့်
မေပျို

ရတနာစိုး said...

မမရေ....အားလုံး အဆင်ပြေပါစေနော်။

Min Min said...

မမေက တကယ်ပဲဗျာ. လုံးဝတောင် ပြန်မလာတော့ဘူး။း(

Anonymous said...

I donot understand your situation why your parents block your doing bloggers. Do they afraid of military gov?
You web is nice to see your feeling and some informations that people may interested.
Anyway, do your best.

ရတနာစိုး said...

မမရေ....မြန်မြန်ပြန်လာနိုင်ပါစေလို့ ရတနာဆုတောင်းပေးပါတယ်

CMS said...

စောင့်မျှော်လျှက်ပါ အစ်မ :)

Anonymous said...

i support ur blog just like many other MEs.

_________________________

Make my word a crime
I will cry out louder
Silence my voice
I will find another
Make my voice a crime
I will create a new one
Hunt me down
I will find a new place to hide
Lock me away
Tens will rise to take my place
You cannot silence me
You cannot stop me
I and my kind are forever.
Ø

_________________________

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

မမေ…
ဘယ်တော့ပြန်လာမလဲ လာလာကြည့်တာပါ..
အဆင်ပြေပါစေရှင်..