ဆွမ်းချက်တဲ့နေ့ ...
နက်ဖန် ပြန်ရတော့မှာမို့ ဒီကနေ့ Birminghamဘုန်းကြီးကျောင်းမှာ ဆွမ်းဟင်း သွားကပ်ဖို့ ရည်ရွယ်ထားတာကြောင့် မနေ့က တနေ့လုံး ဟင်းချက်ရပါတယ်။ သူများတကာတွေ ဘလော့ပေါ်မှာ ဟင်းချက်တာကို အားကျလို့ ကျမလည်းပဲ ချက်တဲ့ ဟင်းတွေ ဘလော့ထဲမှာ တင်ဖို့ စိတ်ကူးပြီး ကင်မရာတဖက်နဲ့ ဟင်းချက်ခဲ့တယ် ဆိုပါတော့။



ကြက်သားကို လုံးပြီးတော့ ချက်မှာမို့ ဆား၊ နနွှင်း၊ ငရုတ်သီး၊ ကြက်သွန် ဖြူ-နီ၊ ဂျင်း၊ ငံပြာရည်၊ ဆီ ... အားလုံးနဲ့ ရောနယ် ထားတာပါ။
ပြီးတော့ မီးဖို တခုပေါ် တင်ထားရင်း၊ ခုနက kidney bean ဗူးတွေကို ဖောက်၊ ဆန်ခါထဲထည့်၊ သူ့ထဲက အရည် ချွဲပျစ်ပျစ်တွေကို သွန်ပစ်လိုက်ပါတယ်။ အဲဒါတွေ ထည့်ရင် စားလို့ မကောင်းဘူး။ ပြီးတော့ ရေပြန်ဆေးပြီး ဒယ်အိုးထဲမှာ ဆီထည့် ကြက်သွန်ဖြူ ပါးပါးလှီးထားတာလေးကို ဆီသတ်ပြီး ပဲတွေထည့် ကြော်လိုက်တာပါပဲ။ ပဲတွေ ဆီဝလို့ အက်ကွဲပြီး နူးအိလာတဲ့အခါ မီးဖိုပေါ်က ချလို့ရ ပါပြီ။

အဲဒါလေး မီးဖို တဖိုနဲ့ ကျော်နေတုန်း နောက်ထပ် မီးဖို တခုနဲ့ ငါးပိကောင် ချက်ပါတယ်။ ငါးပိကောင် ဆိုတာက ငါးတွေကို ဆားနယ်ထားတာပါပဲ။ (ပုံမှာ ပါတဲ့ ထောင်ထားတဲ့ ဗူးကလေးပါ) ဘုန်းကြီးတွေက ငါးပိကောင်ချက် ကြိုက်တတ်လို့ တခုတ်တရ ၀ယ်ပြီး ချက်ရတာပါ။ ဈေးကတော့ မဆိုးဘူး ပြောရမလား မသိ။ တဗူးကို ၂ ကျပ် ၉၉ ပြား တဲ့။ ပုံမှာ မြင်ရတာက ပဲကြော်၊ ကြက်ဟင်းခါးသီး ချက်နဲ့ငါးပိကောင် ချက်တွေပါ။ ဘုန်းကြီးကျောင်း ပို့မှာမို့ ဗူးနဲ့ တခါတည်း ထည့်လိုက်တယ်။ ပန်းကန်တွေ ဘာတွေနဲ့ လှတပတ presentation လုပ်မပြနိုင် တော့ပါဘူး။
ဟင်းချက်လိုက်၊ လက်ဆေးပြီး ဓာတ်ပုံ ရိုက်လိုက်နဲ့မို့ အလုပ်က သိပ်မတွင်တာနဲ့ အားလုံး ချက်ပြီးမှ ဓာတ်ပုံ ရိုက်မယ်လို့ စိတ်ကူးခဲ့ပါတယ်။ နောက်ထပ် ဆက်ပြီး ချက်ဖြစ်တာ တွေကတော့ ဘူးသီးနဲ့ မုန်လာဥ ရောပြီးချက်တဲ့ ချဉ်ရည်ဟင်း၊ ငါးဖယ်လုံးချက်၊ ကြက်မြစ် ကြက်သည်း နဲ့ ၀က်သားပြုတ်ကြော် တို့ပါပဲ။
ချက်ပြုတ်ပြီးတဲ့အခါ ညနေ ၅ နာရီ ထိုးနေပါပြီ။ နောက်တနေ့မှာ ဘာမင်ဂန် က ဘုန်းကြီးကျောင်းကို သွားဖို့ အသင့် ဖြစ်ပြီ ဆိုပါတော့ ... ။
ဖြည့်စွက်ချက် … ။
အိမ်ပြန်ရောက်ပြီမို့ … ဟင်းပွဲလေးတွေ ထပ်တင်လိုက်ပါတယ်။ လက်ရေစိုကြီးနဲ့ ရိုက်တဲ့ ပုံမို့ ခပ်တုန်တုန် ဖြစ်နေတာ သည်းခံ ကြပါရှင်။
အိုးကလေးနဲ့က ကြက်မြစ် ကြက်သည်းချက်ပါ။ ဗူးအကြီးက ကျက်သွားတဲ့ ကြက်သား၊ အနောက်က ဗူးက ငါးဖယ်လုံးချက်။ ရှေ့က ဗူးကတော့ ၀က်သားပြုတ်ကျော်ပါ။ အဟမ်း … ကိုယ့်ဟင်းကိုယ် ပြန်ကြည့်ပြီး သွားရည်တောင် ကျလာပြီ။ လောလောဆယ် စားစရာ မရှိဘူး။ အိမ်မှာ တယောက်ထဲ … :(
အိမ်ပြန်ရောက်ပြီမို့ … ဟင်းပွဲလေးတွေ ထပ်တင်လိုက်ပါတယ်။ လက်ရေစိုကြီးနဲ့ ရိုက်တဲ့ ပုံမို့ ခပ်တုန်တုန် ဖြစ်နေတာ သည်းခံ ကြပါရှင်။
အိုးကလေးနဲ့က ကြက်မြစ် ကြက်သည်းချက်ပါ။ ဗူးအကြီးက ကျက်သွားတဲ့ ကြက်သား၊ အနောက်က ဗူးက ငါးဖယ်လုံးချက်။ ရှေ့က ဗူးကတော့ ၀က်သားပြုတ်ကျော်ပါ။ အဟမ်း … ကိုယ့်ဟင်းကိုယ် ပြန်ကြည့်ပြီး သွားရည်တောင် ကျလာပြီ။ လောလောဆယ် စားစရာ မရှိဘူး။ အိမ်မှာ တယောက်ထဲ … :(
***
ဆွမ်း ကပ်တဲ့နေ့
ဒီကနေ့ ... နေ့လည် ၁ နာရီ အိမ်ကထွက်ခဲ့တယ်။ မနေ့က ချက်ခဲ့တဲ့ ဟင်းတွေကို ဒီဗူးနီနီကြီးထဲ ထည့်လို့ပေါ့။ ဆွမ်းဗူး နီနီ ကြီးကို ရွက်ပြီး ဘုန်းကြီးကျောင်း မသွားခင် ကဗျာ တပုဒ် စပ်ချင်တာနဲ့ .... အခုလို ... ရေးလိုက်မိသွားတယ်။
ဆွမ်းဗူးနီနီ မေဓာဝီရွက်လို့
ဘုန်းကြီးကျောင်းသို့ ထွက်ခဲ့တယ်။
ဦးရီးတော်ရယ် ကားကိုမောင်းပေါ့
ကျောင်းတော်ကြီးက ဝေးလှတယ်။

ဘုန်းကြီးကျောင်းသို့ ထွက်ခဲ့တယ်။
ဦးရီးတော်ရယ် ကားကိုမောင်းပေါ့
ကျောင်းတော်ကြီးက ဝေးလှတယ်။
ကျောင်းကြီးပေါ်မှာ မေ မဆော့ပါ့
ဦးဥတ္တရကို ကြောက်လှတယ်။
သောက်တော်ရေလဲ ဖန်ခွက်ကွဲရင်
ဘုန်းကြီးဆူလို့ ဆဲလိမ့်မယ်။
အိမ်မပြန်ခင် ဘုရားရှင်ထံ
ဦးထိပ်ပန်ကာ
လိုရာဆုများ တောင်းခဲ့တယ်။
ဥတုရာသီ အေးနေပြီမို့
အမြန်ပြန်ဖို့ ပြင်ကြတယ်။
ညနေလည်းစောင်း ကားကိုမောင်းရင်း
ကျောင်းတော်ကြီးက ခွါခဲ့တယ်။
နောက်ထပ်တခါ ကျောင်းပိတ်ပါမှ
ဘာမင်ဂန်သို့ လာစို့ကွယ် ...
သွားမယ် ... သွားမယ် ... ။ ... ။
***
မေဓာဝီ
၃ ဇန်န၀ါရီ၊ ၂၀၀၈
၂၃း၀၅ နာရီ
(အဲဒါက ဘာမင်ဂန် ဘုန်းကြီးကျောင်းက စေတီပုံပါ။ ငြိမ်းချမ်းရေး စေတီ ... တဲ့။)
ပုံတွေက အကုန်တင်လို့ မရ ဖြစ်နေပါတယ်။ နက်ဖန် အိမ်ပြန်ရောက်မှ ကြိုးစား ကြည့်ပါဦးမယ်။
မေဓာဝီ
၃ ဇန်န၀ါရီ၊ ၂၀၀၈
၂၃း၀၅ နာရီ
(အဲဒါက ဘာမင်ဂန် ဘုန်းကြီးကျောင်းက စေတီပုံပါ။ ငြိမ်းချမ်းရေး စေတီ ... တဲ့။)

11 comments:
မမေဓာဝီရေ..
ကဗျာလေးကောင်းတယ်ဗျာ။
ရေးတတ်ပါ့။
မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။
ဟင်းပွဲတွေကိုကြည့်ရင်းဖတ်လိုက်မိလို့ တံတွေးကို မနည်းပြန်,ပြန်မျိုချနေရတယ်ဗျို့။ ပုံတွေကြည့်ရတာနဲ့ တင်တော်တော့်ကို အရသာရှိမယ့်ပုံပဲ :-P
မေကစာရေးကောင်းသလို ဟင်းချက်လည်းကောင်းမယ့်ပုံပဲ...ဟင်းစပ်ကလည်းတည့်၊ဟင်းအရောင်အဆင်းလေးကလဲ လှဆိုတော့ ဆရာတော်ဦးဥတ္တရ ဖုန်းပေးလို့အတော်ကောင်းမှာပါ။
တိုက်တိုက်ဆိုင်ဆိုင် တို့လဲအဲဒီနေ့က အာရုံဆွမ်းကပ်ဖြစ်တယ်။
နန်းကြီးသုပ်ပါ။သာဓု အတူခေါ်ကြစို့နော်...။
har har, u r so nice!
that poem is nice.
Thanks for sharing!
Good Luck!
next time, please send the dishes in the attached files :D
hey, one of your posts was quoted in
http://moemaka.blogspot.com/2008/01/blog-post_03.html
thar du, thar du, thar du
:D
ကိုဇနိ … အားပေးတာ ကျေးဇူးပါရှင်။
အဟုတ်ပဲ ကိုညီလင်းသစ် … ကိုယ်ချက်တာမို့လား တော့မသိဘူး။
တော်တော် အရသာအရှိသား။ :P
မခိုင်ရေ .. မေက စိတ်လို လက်ရရှိမှ ချက်တာ။ တခါတခါ ချက်ရင်လည်း အရမ်းကြာတာပဲ။
အဲဒီနေ့က တနေကို ကုန်ရော။ မခိုင်ရဲ့ အလှူအတွက်လည်း သာဓုခေါ်ပါတယ်ရှင်။
သမုဒယတွယ်တဲ့ ညီမလေးနွယ် … မမေရဲ့ ကဗျာက ဆရာကြီး မင်းသုဝဏ်ကို ခိုးချထားတာလေ … ဟဲဟဲ။
ကိုဖိုးထွေးရေ … လောလောဆယ်တော့ ဓာတ်ပုံတွေပဲ ကြည့်ပြီး မြည်းလိုက်တော့နော်။ လင့်ခ်အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်လေးဟန … သာဓုခေါ်တဲ့အတွက် ကုသိုလ်တွေ ရသွားပြီ … ။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင် … ။
မမရေ......အရမ်းကောင်းတာဘဲ။ ရေးထားတာရေ၊ ဟင်းပွဲတွေကလည်း မြင်မြင်ချင်း စားစရာကောင်းနေတယ်။
ကြက်သွန်ဖြူနီ ရှားပါးတဲ့အရပ်ကလာတာနဲ့တူတယ်။ ကြက်သွန်ဖြူနီ သင်ထားတာ နဲနေလို့...
သာဓု ပြောချင်တာ ၂ရက်ရှိပြီ။ မနေ့က ဘာဖြစ်လို့ ကော်မန့်ပေးမရသလဲ မသိ..
I am also watering now..sha lut..
Your poem made me smile..nice.
Post a Comment