Monday, November 12, 2007

အဝေးကြီးမှာမို့ …

ကိုယ့်ရပ် ကိုယ့်ရွာနဲ့ဝေး … မိသားစုနဲ့ဝေး … ချစ်တဲ့သူတွေ အားလုံးနဲ့ အဝေးကြီးမှာ ရောက်နေတဲ့အပြင် လောလောဆယ် ကွန်ပျူတာနဲ့ဝေး … အင်တာနက်နဲ့လည်း ဝေးနေတာမို့ ဘလော့မှာ စာအသစ်တွေ မတင်ဖြစ်တာပါ။ ဘယ်လိုပဲ ဝေးနေပေမဲ့ ကျမ ဘလော့လေးနဲ့တကွ ဘလော့ဖော် ဘလော့ဖက် အားလုံးကို အမြဲသတိတရ ရှိလျက်ပါပဲ။ အခု အချိန်ခဏလေး အားခိုက်မှာ အကြံအဖန်လုပ်ပြီး အမြန်အဆန် ဒီစာလေးကို တင်လိုက်ပါတယ်။ လာမယ့် စနေ တနင်္ဂနွေကျမှပဲ အသေအချာ ရေးနိုင်ပါတော့မယ်။ မအားလပ်တဲ့အပြင် အလွန်ကြမ်းတမ်းတဲ့ ဘ၀ဆိုတာကြီးကို လက်တွေ့ရင်ဆိုင်နေရတာမို့ … နားလည်ပေးကြပါလို့ပဲ … အားလုံးကို တောင်းပန်ပါရစေရှင် … ။

မေတ္တာဖြင့်
မေဓာဝီ
၁၂ နိုဝင်ဘာ ၂၀၀၇
ညနေ ၄ နာရီ ၀၅ မိနစ်

6 comments:

Thet Oo said...

I understand. Anyway, take care and try to enjoy new atmosphere.

ရွှေဂျမ်း said...

အားလုံး အဆင်ပြေပါစေ အစ်မရေ။

ကလိုစေးထူး said...

အဆင်ပြေပါစေဗျိုးးးးးးးးးး။

Anonymous said...

Ma May, i pray for you every night whenever i do religious activities before go to bed. May you be well!!!

Naung Lay said...

Hello A Ma,

Take care everything !!!

Anonymous said...

ဘ၀ အမောတွေ ပြေစေဖို့…
မမေ အတွက် အမှတ်တရ….


လောကဓံ တဲ့လား
ကြမ်းချင် ကြမ်းပါစေတော့လေ
အမုန်းသစ်ပင်ဆိုလို့
တပင်မှ မစိုက်ခဲ့ဖူးတဲ့ ငါ့ခြံလေးကို
သူ မနာလိုလို့ ဖြစ်မှာပါ ….

ပြောချင်ပြန်ပြီလား
နေတစ်စင်း လတစ်စင်းမပြတ်လင်းနေတတ်တဲ့
အိမ်ကလေးရဲ့ တံစက်မြိတ်အောက်မှာတောင်
ဒီတသက် အိပ်စက်ခွင့်မပေးတော့ဘူးလို့ …
မရှင်းချင်တော့ပါဘူးလေ
ခရီးမိုင်ချီတာတွေထား
ကမ္ဘာ့အပြင်ထွက်တောင် နွေးနေဦးမယ့်
င့ါအိမ်ထဲက မေတ္တာတွေ အကြောင်းကို
သူမသိသေးလို့ဖြစ်မှာပါ…

ချစ်တဲ့ သူတွေနဲ့ဝေးရာကို
လက်တွဲခေါ်သွားချင်ပြီး
ငါ့ကို အထီးကျန်စေချင်ခဲ့တဲ့ လောကဓံရေ…
မျက်ဝန်းလေး မှိတ်လိုက်ယုံနဲ့
ချစ်ရသူရင်ခွင်မှာ နားခိုခွင့်ရနိုင်ခဲ့တဲ့
ငါ့အာရုံတွေကို နင်မတားနိုင်မှတော့
ငါ့ဘ၀လည်းဘယ်လိုမှ အကျည်းတန် မနေဘူးပေါ့…

(လာရှုပ်တာ ခွင့်လွှတ်… ခွင့်လွှတ်…. နော်…`မ…´ အဟဲ )
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)