လမ်းခုလတ်မှာ
မကြာခဏ
ဒဏ်ရာတွေရခဲ့ပေမဲ့ …
ဝမ်းနည်းဖို့လည်း
အသည်းမရှိတော့ …
ငိုကြွေးဖို့အတွက်
မျက်ရည်မရှိတော့ …
နာကြည်းဖို့ရာ
ဝေဒနာမရှိတော့ …
ဒဏ်၏ အရာ
အချိန်ကြာလို့
အသားမာတက်တာလား …
မျှော်လင့်ချက် ပျက်သုဉ်း
အရှုံးများစွာ ကြုံရလို့
ထုံအ သွားတာလား …
အမှားတွေ အမျိုးမျိုး
အဆိုးတွေ အများများ
အားလုံးကို မေ့ပစ်
နေ့အသစ်က ပြန်စ
ဝလုံးလေး ဘ၀ကို
တဖန်ပြန် ရချင်ရဲ့
ဒါပေမဲ့ …
ဒဏ်ရာရ ၀လုံး
အရှုံးနဲ့ ညစ်ပေ
အပြစ်တွေ တလှေကြီးနဲ့
ရှေ့ခရီးကို ဆက်လှမ်းဖို့
မျက်ကန်းတယောက်ပမာ
တွေဝေစွာနဲ့ … ။ … ။
***
မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၁၀
၁၀း၁၀ နာရီ
Subscribe to:
Post Comments (Atom)
8 comments:
ဝလုံးကဗျာလေး ဖတ်သွားတယ် မမေရေ။
ဘ၀ကို
ဝလုံးနဲ့စခဲ့ပေမဲ့
အလှဆုံးတော့ ဖြစ်ချင်သေးတာပေါ့။
ကျွမ်းအသဲရယ်က
လွမ်းဘဲ လွမ်းနိုင်လွန်းပါရဲ့။
မျက်ရည်တွေက
သက်သေအဖြစ်ရပ်တည်လို့။
ရင်မှာဗလာဖြစ်နေပေမဲ့
သခင်လာပေးတဲ့
အကြင်နာလေးတွေကြောင့်
ဖြေသာပါသေးတယ်လေ။
အသားမာတက်နေတဲ့
ဒဏ်ရာချိုချိုလေးတွေကြောင့်
ပျိုပျိုလွမ်းနေလျက်ပါဘဲ။
အရှုံးတွေပျက်သုဉ်း
အမုန်းတွေ
ဆုံးစေချင်လှပါပြီ။
အဆိုးတွေ အမှားတွေ
ဘယ်လောက်ပင်များများ
အားလုံးအတွက်
ဝလုံးအသက်ရှင်ရဦးမယ်။
အပြစ်ကင်းတဲ့ဝလုံး
တစ်ညလုံးထိုင်စဉ်းစား
ခရီးသွားရရင် ကောင်းမလားလို့။ :D
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
.
ကြီးမေ
ဗလာ သုည ၀လုံး
မျှော်လင့်ချက်တွေ
မပျက်သုဉ်းပါစေ
အရှုံးနဲ့လည်း
မညစ်ပေ အပြစ်တွေ အတွက်
အမျက်ပြေ
မတွေမဝေ သတိ ရှိရင်ဖြင့်
ဘာမှ မရှိတဲ့ နိဗ္ဗာန်ကို တော့
မျှော်မှန်းလို့ရပါသေးတယ်
ခင်မင်စွာဖြင့်
seesein
ဟင်း သူများတွေ ကဗျာစပ်တာ နာလိုဘူးဗျာ သူများက စပ်တတ်ဘူး
ဒါပေမဲ့ ကဗျာရှင်ရယ် မျှော်လင့်ချက် ဆိုတာ မသေမခြင်း ရှိနေနိုင်ပါတယ် ပျော်ပျော်သာနေပါဗျာ
ခင်တဲ့
ရွှေစင်ဦး
တွေဝေစွာရပ်နေတုန်း..ဗြုန်းဆိုပေါ်လာ..မဖိတ်ဘဲေ၇ာက်လာတဲ့ယောက်ကျား...ဘယ်ကမှန်းစုံစမ်းကြည့်တော့..မြားနတ်မောင်..သဒ္ဒါပေါက်လို့  ..စေလွှတ်တယ်မေ့ဆီဗျား...ထိုအစဉ်စိတ်ခဏ..မတူစွာပြောင်းခြားလို့ ..လာဟဲ့လောက..ငါအာဂဟ..ဥဒါန်းကျူးရင့်လေသတည်း....ငသန့်....
အားမငယ်ပါနဲ့ ခဲဖျက်နဲ့ ကော်ရက်ရှင်ပဲန် တွေရှိပါတယ်..
ပေပွနေတဲ့ဝလုံးလေး သန့်စင်လာအောင် သူတို့က ကူညီပေးနိုင်ပါသေးတယ်..
ဝလုံးလေး လိုရာခရီးဆက်နိုင်ပါစေ။
အလှူမှာ စားတာတွေများပြီး ဝဝပြီးလုံး လာတယ်ဆိုတဲ့ သဘောများလား..
စိတ်လက်ပြေပျောက်အောင် စနောက်တာနော်။
ပထမဆုံး အလည်ရောက်လားခြင်းပါ။ ကဗျာတွေ နဲ့ 
ပြန်လည် တုံ့ ပြန်ရေးတာတွေ့ ပြီး အားကျလို့  နည်းနည်းရေး သွားပါတယ်။
အမှားပါရင် ခွင့် လွတ်ပါ။
“ အတိတ်က အရိပ်မည်းမှာ
ထိုင်နေရင် အရူံးသမားမို့ 
ကြေမွပြီး တစစီမဖြစ်သေးသမျှ
ဒါဏ်ရာတွေ ဖာကာထေးလို့ 
ပြန်ကာလေ တခါရေးမယ်
အပြစ်မဲ့  ဝလုံး”
Post a Comment