Saturday, August 14, 2010

မိုး ... သို့ ...

ရီပြာအုံ့မှိုင်း ရှစ်ခွင်တိုင်းတို့
ညို့ဆိုင်းမိုးမည်း မစဲစွေရွာ
ဤကမ္ဘာကို
အေးမြစိုပြေ ပါစေလော့ … ။

မြစ်ချောင်းအိုင်အင်း စမ်းရေတွင်းသို့
ခုန်ဆင်းမိုးစက် ဆင်းသက်ကြွေကာ
ဤရေပြာကို
ဝေဆာစီးဆင်း ပါစေလော့ … ။

စိမ်းမြစိုဝင်း စပါးခင်းနှင့်
လယ်ခင်းနန်းထက် ဖြန်းပက်ညင်သာ
ဤမြေယာကို
သာယာတင့်ဆန်း ပါစေလော့ … ။

သောကလောင်မီး စိတ်ဖိစီးလျက်
အိမ်ပြန်ခက်သူ ရင်ခွင်ပူမှာ
မေတ္တာမိုးရေ ရွာသွန်းခြွေချ
ဤနှမအား
အပူများ ငြိမ်းအေးပါစေလော့ … ။
***
မေဓာဝီ
၁၄၊ သြဂုတ်၊ ၂၀၁၀
၈း၃၀ နာရီ

7 comments:

Min said...

Hi,
How's your father?
Wish your father get well soon.

သူကြီးမင်း (တုံးဖလား) said...

အေးမြ ဝေဆာ
သာယာ ငြိမ်းအေး
ပိုက်ထွေး မေတ္တာ
သုခါ သောမနသ်
ဇောတတ် ရွှင်လန်း
ကြာပန်း သို့သွင်
တသွင် သွင်စီး
ပူမီး ငြိမ်းတတ်
မိုးနတ် ဒေ၀ါ
သွန်းရွာ ပါလော့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

စိတ်အေးအေးထားပါ
ကြီးမေ
သောကများစွာ ဖိစီးတိုင်းသာ
ရောဂါပျောက်မူ မျှဝေသောက အကုန်ယူမည်
အိမ်ပြန်ခက်လည်း မေတ္တာဓါတ်အား များနေလျှင်ကား ငြိမ်းအေးပါစေ တောင်းဆုဝေသည် ။

ခင်မင်စွာဖြင်
seesein

khin oo may said...

ဇော်ဂျီများလားအောက်မေ့တယ်။

khin oo may said...

အားလုံးအဆင်ပြေကျန်ူးမာ အပူဓါတ်ငြိမ်းအေးပါစေ.

သက်ဝေ said...

မေ...
မေ့ဆီမှာ ပူပန်သောကတွေ ရှိနေရင် အမြန်ဆုံး အေးချမ်းရပါစေ လို့ ဆုတောင်းပေးပါတယ်...
အစစ အဆင်ပြေပါစေ...

SHWE ZIN U said...

သောကလောင်မီး စိတ်ဖိစီးလျက်
အိမ်ပြန်ခက်သူ ရင်ခွင်ပူမှာ
မေတ္တာမိုးရေ ရွာသွန်းခြွေချ
ဤနှမအား
အပူများ ငြိမ်းအေးပါစေလော့ … ။

စိတ်မကောင်း ဖြစ်မိတယ် အမြန်ဆုံး နေကောင်း ကျန်းမာ အဆင်ပြေပါစေ

ခင်မင်တဲ့
ရွှေစင်ဦး