Friday, July 08, 2011

တဒင်္ဂ

တဒင်္ဂ


တဒင်္ဂပါပဲ
ဒါပေမဲ့ ...
နှင်မရတဲ့ စိတ်က
ပြင်မရတဲ့ အမှားတွေ သင့်ခဲ့တယ်။

မရင့်ကျက်သေးတဲ့ နှလုံးသား
သူ့စကားလုံးများ အောက်
ရုန်းမရတဲ့ နောက်ဆုံး
အရှုံးပေးရင်း ကျဆုံးခဲ့ရ
အဲဒီခဏမှာ ... ။

စိတ်ရဲ့ စေရာ
လေမှာလွင့်မျော
မောပန်းနွမ်းလျ
သတိရတဲ့အခိုက် ...
ကိုယ်ရှေ့မှာက အမှောင်တိုက် ... ။

x x x x x x x x x x x x
x x x x x x x x x x x x
x x x x x x x x x x x x

မိုက်တယ်လို့ ဆိုမလား
"အမှား"ဆိုတာ သိရက်နဲ့
မပြတ်သားတဲ့ စိတ်ဓာတ်ကြောင့်
နောက်ထပ် ....
ရှေ့ဆက်ခဲ့မိပြန်တယ်။

စင်စစ်မှာတော့
အချစ်မပါ
သာယာမှုလွှမ်း
မေတ္တာ ခမ်းခြောက်
သံယောဇဉ် အစက်အပြောက်က
ဘယ်လောက်ထိ ခိုင်ကျည်မှာမို့လဲ ... ။

တဒင်္ဂဟာ ...ဘ၀မဟုတ်
တဒင်္ဂဟာ ... ထာဝရမဟုတ်
တဒင်္ဂဟာ ... အထင်ကရမဟုတ်
ရှုပ်နေတာတွေကြား
အမှားတခုကို ပြင်ဖို့
တဒင်္ဂကို ရပ်တံ့
လမ်းခုလတ်မှာ ကျောခိုင်း
ဘ၀ဆက်တိုင်း ဝေးစေကြောင်း
ဆုကိုပဲ တောင်းရတော့မယ် ... ။ ... ။
***
မေဓာဝီ
၈၊ ဇူလိုင်၊ ၂၀၁၁
၁၂း၄၅ နာရီ

(လွန်ခဲ့တဲ့ တနှစ်လောက်က ရေးခဲ့တဲ့ ကဗျာလေးကို အနည်းငယ် ပြင်ပြီး တင်လိုက်တယ်)

13 comments:

ဟန်ကြည် said...

တဒင်္ဂတွေ ရင်ထဲမွှေနှောက်
စိတ်နောက်ကိုယ်ပါ ပျော်ဝင်ပါရင်း
ချစ်ခြင်းတို့ထံ ပြေးဝင်ရန်ခက်
နောက်ရက်တိုင်းမှာ မေဓာဝီသည်
ရစ်ချီနှောင်ပတ် ဖွဲ့ထုံးတတ်သော
ထိုသဘောကို စောကြောသေချာ
နားလည်ပါ၍ မေ့ပျောက်တမ်းတ
တဒင်္ဂနှင့် ဝေးကွာရပြီး
စိတ်ပုတီးနှင့် ရိပ်ကြီးအောက်တွင်
သီလရှင်ကြီး ဖြစ်စေသော်ဝ်...

အစ်မရေ...စိတ်မရှိနဲ့ဗျာ...အစ်မကဗျာဖတ်ပြီး ဆုတောင်းပေးလိုက်မိတယ်...D

seesein said...

ကြီးမေရေ တဒင်္ဂလေး ၀င်ရတုန်း ဖတ်သွားတယ် အရှုတ်တွေကြား နေရတာကို နှစ်သက်ခုန်မင်နေတုန်းပါ ကြီးမေ ဆုတောင်းတိုင်းပြည့်ပါ့မလားနော

ခင်မင်တဲ့
စစ

Nyi Linn Thit said...

ကဗျာလေး ကြိုက်တယ် မမေ..၊ ကျနော်တို့ နေ့စဉ် ရှင်သန်ရာ ဘဝမှာ ဖြစ်နေကြတဲ့ အကျိုး တော်တော် များများက တဒင်္ဂ အခိုက်အတန့်လေးမှာ ဖြစ်သွားတဲ့ အကြောင်းတွေ ကြောင့် ဆိုတာ သတိရမိတယ်..၊ ကန်ရေပြင်ထဲ ခဲကျသလိုပဲလို့ ဆိုရမယ် ထင်တယ်နော်၊ ကျသွားတာက တဒင်္ဂလေးပဲ၊ ဒါပေမယ့် အဲဒီက စ,လိုက်တဲ့ လှိုင်းတွေက တခါတလေ အဆုံးမသတ် နိုင်ဘူး၊ စိတ်ဝင်စားဖို့ ကောင်းတဲ့ မျက်ဝန်းတစုံကြောင့် ကဗျာလေးက ပိုပြီး 'ကြွ' နေခဲ့တယ်၊ အဲဒါဟာ တဒင်္ဂ အကြည့်များလား....။း))

တောက်ပကြယ်စင် said...

ကြီးမေရေ မင်္ဂလာပါ။

ကဗျာလက်ဆောင်...
"ပူမှန်းသိလျက်နဲ့
တိုးမိခဲ့
ပိုးဖလံနှယ်...

ဒီလိုအမှားမျိုး
ထပ်မတိုးရအောင်
ရှောင်ကွင်းသွားသည်
သစ်ပင်အရိပ်ဆီ...။

ဆရာကိုဟန်ကြည်ကို အားကျလို့ ဟဲ မစပ်တတ်ဘဲနဲ့ ကြီးမေကို လက်ဆောင်ပေးချင်လွန်းလို့ စပ်ပေးလိုက်တယ်။

ကျန်းမာပျော်ရွှင်ပါစေ ကြီးမေရေ...

ညိမ်းနိုင် said...

အင်း....တဒင်္ဂ....တဒင်္ဂ...အဲ့တဒင်္ဂ ကြောင့်ပဲခက်နေတာ...
ခက်သာခက်....ကျွန်တော်လည်း အဲ့တဒင်္ဂကို ခုထိမက်
တုန်း....:)

မိုးယံ said...

မရင့်ကျက်သေးတဲ့ နှလုံးသား
သူ့စကားလုံးများ အောက်
ရုန်းမရတဲ့ နောက်ဆုံး
အရှုံးပေးရင်း ကျဆုံးခဲ့ရ
အဲဒီခဏမှာ ... ။

စိတ်ရဲ့ စေရာ
လေမှာလွင့်မျော
မောပန်းနွမ်းလျ
သတိရတဲ့အခိုက် ...
ကိုယ်ရှေ့မှာက အမှောင်တိုက် ... ။

သဘောကျတယ်။

မအိမ်သူ said...

မမေရေ
ကဗျာလေးကောင်းလွန်းလို့ အထပ်ထပ် ဖတ်သွားတယ်။
...
လူတွေအားလုံးဟာ
တဒင်္ဂတွေကြိုးရှုပ်လို့
ဘ၀ဇာတ်ထုပ်တွေ ထွေပြား
အမှားတွေကြားထဲမှာ
ပျော်စရာတွေ့လိုတွေ့ငြား
ရှာဖွေနေခဲ့ကြသူများချည့်ပါဘဲ မမေရေ..

Angelhlaing(May everybody be happy and healthy! said...

မမရေ...ကဗျာလေး ခံစားသွားတယ်...
ကောင်းလိုက်တာနော်...:)
ကောင်းသောနေ့လေး ဖြစ်ပါစေ...မမ

ကိုကိုမောင်(ပန်းရနံ့) said...

ဓါတ်ပုံက ကဗျာထက် ပိုလှနေလို့ ကဗျာမဖတ်ဘဲ ဓါတ်ပုံကိုဘဲ ငေးမော တွေးတောပြီး တရေးတမော အိပ်လိုက်မိတယ်။း))))
မြင်ဖူးသလိုလိုပေဘဲ။ ။

ခင်မင်လျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးပြောသလိုပ
ဓာတ်ပုံထဲက မျက်ဝန်းနက်တစ်စုံကို ပိုစိတ်ဝင်စားသွားတယ်
ဘူဒူပါလိမ့်နော်
သိချင်လိုက်တာ.. နည်းနည်းလောက်ပြောပြပါလားလို့း)

မောင်မျိုး said...

အဲ့ဒီ တဒင်္ဂ လေးကပဲ အမှတ်တရတွေ အများကြီးကို ဖြစ်စေတယ်နော့် တကယ့်ကို တဒင်္ဂမို့ပဲ မဟုတ်ရင်တော့ ............ ဘယ်ဘက်ရင်အုံကလေးမှာ ဘာမှရှိတော့မယ် မထင် ။

ချစ်ကြည်အေး said...

မေ....ပုံကို မျက်နှာအပြည့် ကြည့်ချင်တယ်၊ ဒီမျက်ဝန်းနက်တွေကို အတွေ့ တဒင်္ဂမှာ ဖြစ်သွားတာ.... မျက်နှာအပြည့် ပြ ပြ....ဒါပဲ :)

SHWE ZIN U said...

ကဗျာလေး ကို တဒင်္ဂ လာရောက် ခံစားသွားပါကြောင်း