Friday, March 11, 2011

ဝသုနြေ္ဒ၏ ရှိုက်သံ (၂)

(ပုံယူရာ)

ဝသုနြေ္ဒ၏ ရှိုက်သံ

အခါတပါး၌ လူတို့သည် …
မြေပေါ်မှာဖွား မြေတွင်ပျော်ပါးကြကုန်၏။
မြေအားထွန်ယက် စိုက်ပျိုးလျက်ရှိကြကုန်၏။
မြေကိုတူးဆွ အိုးအိမ်တည်ဆောက်ကြကုန်၏။

ထို့နောက်တဖန် …
မြေကိုထွင်းဖောက် ရတနာကျောက်တို့ကို ရယူကြကုန်၏။
မြေကို ဖောက်ခွဲ ကျောက်ခဲမကျန် အသုံးတော်ခံကြကုန်၏။
မြေပေါ်စွန့်ပစ် အညစ်အကြေး မြေကိုလိမ်းကျံပေးကြကုန်၏။

ထိုသို့လျှင် …
မြေ၏အနှစ် ရသမျှ ညှစ်ထုတ်ကြကုန်၏။
မြေ၏အနာ ဒဏ်ရာဒဏ်ချက် ဥပေက္ခာပြုလတ်ကုန်၏။
မြေပေါ်ကျောခင်း မြေပေါ်နင်း၍ မြေကို မေ့လျော့ကြကုန်၏။

ထိုသောအခါ …
ဝသုနြေ္ဒ ကမ္ဘာမြေကြီး

နာကျည်းငိုရှိုက်
သည်းခိုက်စွာ တုန်လှုပ်လေတော့ သတည်း။ … ။
***

မေဓာဝီ
၁၁၊ မတ်၊ ၂၀၁၁
၁၇း၀၄ နာရ

11 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဂျပန်လို အလှူရှင်နိုင်ငံတစ်ခု အခုလို ဘေးဒုက္ခ
ရောက်တာ ၀မ်းနည်းစရာပါ၊ တစ်ရက်နဲ့ စုတ်
တဲ့ တရုတ်မိတ် စီးပွားရေး ဈေးကွက်က
ကာဗွန်ဒိုက်အောက်ဆိုဒ်တွေ များများ
ထုတ်တော့ ကမ္ဘာကြီးလည်း မြန်မြန် ပျက်မယ်။

Angelhlaing(May everybody be happy and healthy! said...

မမရေ့ ဗျာလေးခံစားအားပေးသွားတယ်နော်။
ဆေးစက်ချရာအရုပ်ထင်စေမယ်ဆိုတာ
မမကိုပြောတာထင်ပါရဲ့.။
အားပေးသွားလျှက်မမ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ညီလင်းသစ် said...

အမှန်ပဲ မမေဓာဝီရေ...၊ ကျနော်တို့မှာ ဒီကမ္ဘာမြေလေး တစ်ခုပဲရှိလို့ တော်တော့တယ်၊ သုံးလေးခုများ ရှိရင် ဘယ်လောက်များ ဖျက်ဆီးကြမလဲ မသိဘူး၊ တခါတခါ ကမ္ဘာကြီးကို ကြည့်ရတာ မလိမ္မာတဲ့ သားသမီးတွေ တပြုံတမကြီး ဝိုင်းဒုက္ခပေးလို့ ဒူးနဲ့မျက်ရည်သုတ်နေရ တဲ့ အမေအိုကြီးနဲ့တူတယ်၊ စကားမှားတော့မလို့..၊ အမှန်က ဒီလောက်မအိုသေးပါဘူး၊ ခပ်ငယ်ငယ်ပေမယ့် ပင်ပန်းဆင်းရဲလွန်းတဲ့ ဒဏ်တွေကြောင့် အိုစနာကျနေတဲ့ မိခင်တစ်ယောက်နဲ့ တူနေတာ...၊ ဒီကဗျာလေးမှာ အဲဒါတွေ အကုန်ပါတယ်..။

ကျောက်သုနြေ္ဒ said...

နာကျည်းငိုရှိုက် မျက်ရည်လှိုင်းကြီးတွေကတော့ သင်္ဘောတောင် ကုန်းပေါ်ရောက်သွားပါ့လား..
ဝသုနြေ္ဒရယ်....
ဒါတောင် ဆံရေမညှစ်သေးလို့နော်...

မောင်မျိုး said...

ကျနော်လည်း ကိုညီ ပြောတဲ့စကားလေးနဲ့ ကဗျာကိုတွဲဖတ်သွားတယ် အစ်မရေ ဟုတ်တယ်နော် ပိုင်ဆိုင်ချင်တာတွေများတော့ မမြင်ရတဲ့ ရှု့ထောင့်ကနေလည်း အရှုံးတွေဝင်လာတတ်တယ်ဆိုတာ မေ့နေကြတယ် ။

seesein said...

ကြီးမေ သည်းခံနိုင်တဲ့အဆင့်ကျော်လွန်ကုန်ရင် ကမ္ဘာမြေကြီးတောင် တုန်လှုတ်တယ်နော်
ကြီးမေ အစစအရာရာ အဆင်ပြေပါစေ။



ခင်မင်တဲ့
seesein

မိုးယံ said...

ထိုသောအခါ …
ဝသုနြေ္ဒ ကမ္ဘာမြေကြီး
နာကျည်းငိုရှိုက်
သည်းခိုက်စွာ တုန်လှုပ်လေတော့ သတည်း။ … ။

ထို့နောက်...ထို့နောက် မှာကွယ်

မြေကိုခြေကန် မိုးယံနေလည်း အဆုံးတစ်နေ့မှာကွယ် မြေသို့ဝပ်ဆင်း ကျောခင်းရပေမည်တည်း ။ :P ဟီးဟီး

Anonymous said...

မေဓာဝီရေ အမြင်လေးတော့ ကြိုက်သွားပြီ မြေကြီးက သည်းမခံနိုင်တော့တာဖြစ်မယ်နော် ရွှင်လန်းချမ်းမြေ့ပါစေ
တောက်ပကြယ်စင်

မြစ်ကျိုးအင်း said...

ဒီတခါတုန်လှုပ်တာ တော်တော်ပြင်းတယ်။ နူကလီးယား ဓါတ်ပေါင်းဖိုတွေတောင် ပေါက်ကွဲကုန်ပြီ။ အဲဒီ အငွေ့တွေ ထိုင်ဝမ်ကိုတောင် ရောက်လာမယ် ဆိုပဲ။
ခက် ခက်ရချည်ရဲ့။

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီ ၀သုနြေ္ဒကြီး အမှတ် (၃) အဖြစ် မရှိုက်ပါစေနဲ့လို့ဘဲ ဆုတောင်းပေးရတော့မှာပေါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးစက်ပွင့် said...

မေရေ... အမြင်တွေ ထပ်တူကျပါတယ်။ ကဗျာလေးအတွက် ကျေးဇူး။