Friday, September 23, 2011

ထာဝစဉ် ...

စီးဆင်းခဲ့တယ် …
စီးဆင်းနေဆဲ …
စီးဆင်းပါစေ …
အစဉ် … အမြဲ … ။
***


ဧရာဝတီကို ချစ်သော ...

မေဓာဝီ
၂၃၊ စက်တင်ဘာ၊ ၂၀၁၁
04:05 am

21 comments:

Yin said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဧရာဝတီကိုချစ်သော မေဓာဝီလို
ဧရာဝတီကိုချစ်သော မချောပါလို့..
ဧရာဝတီ ထာဝစဉ် စီးဆင်းနိုင်ပါစေ

sosegado said...

စီးတော့စီးမှာပဲ
ဒါပေမဲ့
မျက်ရည်တွေစီးသလို
မဖြစ်ချေဖို့…………..

seesein said...

ဧရာဝတီ အမြဲစီးဆင်းစေဖို့
မျက်ရည်တွေ စီးဆင်းပြီး
တောင်းဆိုရမယ်ဆိုရင်လဲ
မျက်လုံးတွေ ပေါက်ထွက်ပါစေ
တောင်းဆိုပါမယ့်
အမိဧရာ ထာဝရ စီးဆင်းစေချင်တဲ့

အရီးလေး
စစ

SHWE ZIN U said...

မမေဓါ

စီးဆင်း နေတဲ့ ဧရာဝတီ ကို မရပ်တန့်စေချင်ပါ
ဘယ်တော့မှ ဘယ်တော့မှ

ခင်မင်တဲ့
ရွှေစင်ဦး

mstint said...

'မြစ်ဧရာ' ထာဝရအေးချမ်းစွာစဉ်ဆက်မပြတ် စီးဆင်းနိုင်ခွင့်ရှိပါစေလို့ ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တောက်ပကြယ်စင် said...

ထာဝစဉ် စီးဆင်းနေပါစေ...

Anonymous said...

We love Ayarwaddy.
"SAVE AYARWADDY FOR OUR MOTHERLAND AND NEXT GENERATION"
"LONG LIVE AYARWADDY"
GYIDAW

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

ညိမ်းနိုင် said...

မြစ်ကြီးဧရာ...မရပ်စတန်း စီးဆင်းပါစေဗျာ......

Anonymous said...

အမကြီးရေ.....
မြန်မာ ပြည်တည်နေသမျှ
ဧရာဝတီ စီးဆင်းစေရမည်
ဧရာဝတီ ရှင်သန်စေရမည်
တို့ပြည်သူ ညီစေ
ဧရာဝတီ ကိုတည်စေ။

မြစ်ဆုံရေကာတာ စီမံကိန်း ကိုအကြွင်းမရှိ ကန့်ကွက်ပါသည်။

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီ အဓွန့်ရှည်စွာ တည်ပါစေသောဝ်...

သီချင်းလေးလည်းနားထောင်သွားတယ်...

မအိမ်သူ said...

မြစ်ဆိုတာစီးဖို့လေ
ပိတ်ဆို့ကာဆီးဖို့မှမဟုတ်တာ...
မြစ်ဆိုတာစီးရမယ်လေ
ရပ်တန့်နေဖို့မှမဟုတ်တာ...
မြစ်တစ်စင်း
ထာဝရစီးဆင်းနိုင်ဖို့...
တွဲလက်တွေမြဲကြစို့..။

ညီလင်းသစ် said...

ခင်ဝမ်းရဲ့ ဧရာဝတီ ကလည်း ဘယ်နှခါ နားထောင်ထောင်၊ ဘယ်တော့မှ မရိုးဘူး မမေရေ..၊ ဧရာဝတီကို အစဉ်အမြဲ အလုံးအရင်းနဲ့ စီးဆင်းနေ စေချင်ပါတယ်..။

SHWE ZIN U said...

မမေဓါ

ကဗျာလေး ကို ရအောင် နားထောင်သွားတယ် အသံလေး က အဆိုတော် လုပ်ရလောက်အောင် ကို ကောင်းသလို ကဗျာ လေး ကလည်း ခန်းနား လိုက်တာ

ခင်မင်တဲ့
ရွှေစင်ဦး

ညီလင်းသစ် said...

မမေ.. ထာဝစဉ်ရဲ့ Full Version မှာ ကွန်မန့်ပေးလို့ မရလို့ ဒီမှာပဲ နောက်တစ်ခေါက်လာပြီး (မလျှော့သော ဇွဲလုံ့လနဲ့) ကွန်မန့် လာထပ်ပေးပါတယ်၊း) ကဗျာလေး အရမ်း ကြိုက်တယ်၊ အသံနဲ့ပါ တွဲလိုက်တော့ ခံစားမှုတွေ အများကြီးပဲ ရလိုက်တယ်၊ လက်ရှိ ဖြစ်နေတဲ့ ဧရာဝတီရဲ့ ဒုက္ခကို နေမကောင်းလို့ အားနည်းနေတဲ့ အသံနဲ့ တွဲဖက် ဖော်ကျူးလိုက်တဲ့ အခါ ဝမ်းနည်း ကြေကွဲစရာ ကောင်းတဲ့ လှိုင်းတွေ ဆင့်ပွား ရိုက်ခတ်သွား တော့တယ်၊ သူ ထွင်တဲ့လမ်းပေါ်မှာ သူ.. အမြဲပဲ ငြိမ်းချမ်းစွာ စီးဆင်းနိုင်ပါစေ....။

HM said...

တိုင်းချစ်ပြည်ချစ်တွေကိုလေးစားပြီး၊
တိုင်းပြေကိုလက်ညိုးထိုးရောင်းစားသူများအားရွံရှာစွာရှူံ့ချပါတယ်
ငါတို့မြစ်ကိုလာမခိုးနဲ့

seesein said...

အသံကြားချင်လို့ နောက်တခေါက် ထပ်လာပါတယ် အဟဲ ကြီးမေ နှာရောဂါကကြာလှတယ် ...ကျန်းမာရေး ဂရုစိုက်ပါဗျို့


ခင်မင်တဲ့
seesein

မဒမ်ကိုး said...

ဧရာဝတီရယ်စီးဆင်းပါ ငြိမ်းချမ်းခြင်းတို့ပေါင်းဆုံစုစည်းရာ ............

ဟန်ကြည် said...

ဟုတ်ပ အစ်မမေရယ် full version မှာကွန်မန့်ပေးလို့မရဘူးဖြစ်နေတယ်...လှသော၊ ယဉ်သော၊ ခန့်သော ဧရာဝတီ ဆက်လက်စီးဆင်းရှင်သန်စေဖို့ ဆုမွန်ကောင်းတွေလည်း တောင်းလိုက်ပါတယ် အစ်မရေ...

ဆုတောင်းရုံပဲ တတ်နိုင်တဲ့ဘ၀ကိုလည်း အားမလိုအားမရဖြစ်မိပါရဲ့...

T T Sweet said...

ကဗျာလေးလှတယ်။ အသံလေးလဲ နားထောင်သွားတယ်။

ဧရာဝတီ ထာဝစဉ် စီးဆင်းနိုင်ပါစေ။