ကျမအနှစ်သက်ဆုံး ရှေးစာဆိုများထဲမှာ စလေဦးပုညလဲ တဦးအပါအ၀င်ဖြစ်ပါတယ်။ ဦးပုညရဲ့ စာတွေကို ကျောင်းသင်ခန်းစာမှာ မသင်ရခင်ကတည်းက အဖေ့စာအုပ်ဗီရိုကြီးထဲမှာ ရှာဖွေဖတ်ရှုရင်း ရင်းနှီးခဲ့ရတယ်။
“အစွယ်လိုသူ မိဖုရား၊ အသွားခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်” … ဆိုတဲ့ ဆဒ္ဒန်ဆင်မင်း ၀တ္ထုထဲက စကားတွေ …
“အနာထပိဏ်သော၊ မောင်ပိဏ်သော၊ ၀ိသာခါသော၊ မယ်ခါသော … နောဇာနာမိ တို့မသိ” ဆိုတဲ့ သူအိုမကြီး ၀တ္ထုထဲက စကားတွေ …
“ဆံထုံးတော်ကြီး၊ တမာသီးနဲ့၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့ မရေသယ် …” ဆိုတဲ့ ရေသည်ပြဇာတ်ထဲက စကားတွေ … သဘောကျလွန်းလို့ အားအားရှိ ယူသုံးမိသေးတယ်။
ဦးပုညရဲ့ ပြောင်မြောက်တဲ့ စကားလုံးတွေကို ခုခေတ်ခါအထိ ၀တ္ထုတွေ ရုပ်ရှင်တွေ သီချင်းတွေထဲ သုံးစွဲနေကြတာလဲ ဖတ်မိ၊ ကြည့်မိ၊ နားထောင်မိပါရဲ့။ ရေသည်ပြဇာတ်တို့ သူအိုမကြီးဝတ္ထုတို့ကို ကျောင်းသင်ခန်းစာမှာ သင်ရတဲ့အခါ စာမေးပွဲဖြေဖို့ ဖတ်တာထက် ပိုပြီး နှစ်နှစ်သက်သက် ဖတ်ဖြစ် လေ့လာဖြစ်တယ်။ ဦးပုညရဲ့ ပြောင်မြောက်တဲ့ အရေးအသားတွေဟာ ဘယ်နှစ်ခါဖတ်ဖတ် မရိုးနိုင်လောက်အောင်ပါပဲ။
ဘလော့ရေးတော့ ဦးပုညကို အတုခိုးပြီး “ကြောင်နဲ့ငှက်ပြဇာတ်” ဆိုတဲ့ ပို့စ်တပုဒ် ရေးခဲ့ဖူးပါတယ်။ ဦးပုညက ဘုရားဟောဇာတ်တော် ဒေသနာတွေကို ရေးဖွဲ့တာ ဖြစ်ပေမဲ့ ကျမကတော့ လူ့လောကထဲက ဖြစ်တတ်တဲ့ သဘောလေးကို ရယ်စရာအနေနဲ့ ရေးခဲ့တာပါ။ ဦးပုညကို အတုခိုးပြီး အတင်း ဖြစ်ညှစ်ရေးရတာမို့ အရေးအသားက မနှိုင်းယှဉ်သာအောင် ကွာခြားတယ်ဆိုတာ ကိုယ်တိုင် သိနေပေမဲ့ အဲဒီပို့စ် ရေးဖြစ်ခဲ့တာကို ခုချိန်ထိ ကျေနပ်နေမိတုန်းပဲ။
***“အစွယ်လိုသူ မိဖုရား၊ အသွားခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်” … ဆိုတဲ့ ဆဒ္ဒန်ဆင်မင်း ၀တ္ထုထဲက စကားတွေ …
“အနာထပိဏ်သော၊ မောင်ပိဏ်သော၊ ၀ိသာခါသော၊ မယ်ခါသော … နောဇာနာမိ တို့မသိ” ဆိုတဲ့ သူအိုမကြီး ၀တ္ထုထဲက စကားတွေ …
“ဆံထုံးတော်ကြီး၊ တမာသီးနဲ့၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်၊ လူမြင်သမျှ၊ စိတ်ပျက်အောင်လှပါတဲ့ မရေသယ် …” ဆိုတဲ့ ရေသည်ပြဇာတ်ထဲက စကားတွေ … သဘောကျလွန်းလို့ အားအားရှိ ယူသုံးမိသေးတယ်။
ဦးပုညရဲ့ ပြောင်မြောက်တဲ့ စကားလုံးတွေကို ခုခေတ်ခါအထိ ၀တ္ထုတွေ ရုပ်ရှင်တွေ သီချင်းတွေထဲ သုံးစွဲနေကြတာလဲ ဖတ်မိ၊ ကြည့်မိ၊ နားထောင်မိပါရဲ့။ ရေသည်ပြဇာတ်တို့ သူအိုမကြီးဝတ္ထုတို့ကို ကျောင်းသင်ခန်းစာမှာ သင်ရတဲ့အခါ စာမေးပွဲဖြေဖို့ ဖတ်တာထက် ပိုပြီး နှစ်နှစ်သက်သက် ဖတ်ဖြစ် လေ့လာဖြစ်တယ်။ ဦးပုညရဲ့ ပြောင်မြောက်တဲ့ အရေးအသားတွေဟာ ဘယ်နှစ်ခါဖတ်ဖတ် မရိုးနိုင်လောက်အောင်ပါပဲ။
ဘလော့ရေးတော့ ဦးပုညကို အတုခိုးပြီး “ကြောင်နဲ့ငှက်ပြဇာတ်” ဆိုတဲ့ ပို့စ်တပုဒ် ရေးခဲ့ဖူးပါတယ်။ ဦးပုညက ဘုရားဟောဇာတ်တော် ဒေသနာတွေကို ရေးဖွဲ့တာ ဖြစ်ပေမဲ့ ကျမကတော့ လူ့လောကထဲက ဖြစ်တတ်တဲ့ သဘောလေးကို ရယ်စရာအနေနဲ့ ရေးခဲ့တာပါ။ ဦးပုညကို အတုခိုးပြီး အတင်း ဖြစ်ညှစ်ရေးရတာမို့ အရေးအသားက မနှိုင်းယှဉ်သာအောင် ကွာခြားတယ်ဆိုတာ ကိုယ်တိုင် သိနေပေမဲ့ အဲဒီပို့စ် ရေးဖြစ်ခဲ့တာကို ခုချိန်ထိ ကျေနပ်နေမိတုန်းပဲ။
တလောက အဖေပို့ပေးလိုက်တဲ့ စာအုပ်တွေထဲမှာ ဦးပုည၀တ္ထုပေါင်းချုပ် စာအုပ်လေး တအုပ်ပါလာတယ်။ ၀တ္ထု ၇-ပုဒ်ကို စုစည်းထားတာပါ။
၁) ဆဒ္ဒန်ဆင်မင်း ၀တ္ထု
၂) ယုန်မင်း ၀တ္ထု
၃) သိဝရာဇ်မင်းကြီး ၀တ္ထု
၎) ကာက၀လ္လိယ ၀တ္ထု
၅) သူအိုမကြီး ၀တ္ထု
၆) ၀ိသယှသူဌေး ၀တ္ထု
၇) အဘယမာတာ ရဟန္တာမ ၀တ္ထု တို့ပါပဲ။
ဒီဝတ္ထု ဇာတ်လမ်းတွေကတော့ အတော်များများ သိပြီးသားလို့ ထင်ပါတယ်။ အဲဒီထဲက ၀တ္ထုတွေ အွန်လိုင်းမှာ အီးဘွတ်အဖြစ် ရှိနေသလားလို့ ရှာကြည့်တော့ မတွေ့မိဘူး။ ဒါနဲ့ပဲ အားတုန်းလေး နည်းနည်းချင်းရိုက်ပြီး ဘလော့မှာ တင်ဖို့ စိတ်ကူးမိပါတယ်။ စိတ်ဝင်စားသူများ ဖတ်ဖို့၊ လေ့လာလိုသူများ ကိုးကားဖို့၊ စုဆောင်းလိုသူများ သိမ်းထားဖို့နဲ့ မြန်မာစာပေကို ချစ်မြတ်နိုးသူများ အားလုံးအတွက်ပါ။
***၁ - ဆဒ္ဒန်ဆင်မင်းဝတ္ထု။
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ကမလံ ကမလံ ကတ္တုံ၊
ဝနဒေါ ၀နဒေါ မ္ဗရံ။
သုဂတော သုဂတော လောကံ၊
သဟိတံ သဟိတံ ကရံ။ ။
ဝနဒေါ ၀နဒေါ မ္ဗရံ။
သုဂတော သုဂတော လောကံ၊
သဟိတံ သဟိတံ ကရံ။ ။
ဟူသော အလင်္ကာပါဠိ၊ လာရှိသည်နှင့်အညီ။ နီလာ မြသား၊ ပြယား ရတနာ၊ မာလာမကုဠ၊ ဒုမ္မာရပန်းခိုင်၊ အဆိုင်အဆိုင်၊ ညှာပြိုင်ရုံးညီ၊ ကုံးသီချယ်တန့်၊ တကန့် တကန့်၊ ငှက်ခါးတောင် ဖြန့်သကဲ့သို့၊ စိမ်းဖန့်ဖန့်အလျှံ၊ ရွှေဝတ်ဆံမှ၊ ကုကုင်္မံရည်၊ ကြည်ကြည်ဧချို၊ ပန်းယက်ယိုသော၊ ကြာညိုတောတထပ်။ … ။
သန္တာနှုတ်ကွေး၊ ယုန်သွေးတရှိ၊ ကောဝိဠာပွင့်၊ တျာတျာရင့်သော၊ ကြက်မင့်ဥသျှောင်၊ ပန်းရောင်လွင်လွင်၊ လောဟိတင်မဏိရတ်၊ တွတ်တွတ်နီမြန်း၊ မင်္သစန်း အသား၊ ပတ္တမြားကျောက်အမွန်၊ သိန်းတန်သပြာ၊ ကမ္ဗလာရွှန်းသစ်၊ တကျွန်းဖြစ်ဖြင့်၊ ၀န်းရစ်ပတ်ခြံ၊ ရံသကဲ့သို့၊ စက္ခုဝိညာဏ်တည်းဟူသော ၀တ်ယက်ယူသတ္တ၀ါ၊ ငှက်လိပ်ပြာတို့၏၊ နားရာပြီပြီ၊ ရှုစအီသော၊ ကြာနီတော တထပ်။ … ။
စိနရဋ္ဌ၊ ဂန္ဓာရတိုင်း၊ ယွန်းတို့ဂိုဏ်းနှင့်၊ နက်ရှိုင်းဘူမိရဌ်၊ ၀သုဓာတ်မှ၊ လူနတ်မကျို၊ ကပ္ပါလိုဖြင့်၊ နကိုယ်ဓမ္မစစ်၊ ကတ္တားဖြစ်သော၊ ကျူနှစ်ဘော်စင်၊ ငွေကျောပင်ကဲ့သို့၊ မြူမင်မချယ်၊ တင့်တယ်သန့်ရှင်းစွာ၊ ဃာန၀ိညာဏ်၊ နာမက္ခန်နှင့်တကွ၊ ပသာဒတို့နှင့်၊ အောင်ပ, ကုလား၊ ဆွေသား, မိတ်တူ၊ နံညွှန့်ကို ချူတတ်သော၊ ကြာဖြူတော တထပ်။ … ။
ဒွါဒရာသီ၊ ဖြူနီနှစ်ရပ်၊ ပွင့်ချပ်ခုနစ်လွှာ၊ တရာတိုင်တိုင်၊ ဖြာဖြာမြိုင်၍၊ ကာပြိုင်ညီးလျက်၊ ရွှေထီးချက်ကဲ့သို့၊ မြရွက်မုံအာ၊ ပဒုံမာဟု၊ ထုံနံ့သာရော၊ စုံစွာနှောသော၊ တောလည်း တထပ်။ … ။
သတ္တုပ္ပလ၊ ကြာကမျိုးစေ့၊ ပြကတေ့ဖြင့်၊ ရေ့အမြုတေ၊ ခရုငွေနှင့်၊ ကြွေသလင်းခဲ၊ ပုလဲပျစ်ရှက်၊ ဗိတာန်ကြက်သကဲ့သို့၊ ရေမျက်နှာတ၀ိုက်တွင်၊ အလိုက်စီဖြာ၊ ပေါက်ရောက်လာသော၊ ကြာပုဏ္ဍရိတ်၊ ဘိတ်ဘိတ်ရောင်ကျော၊ တောလည်း တထပ်၊ ငါးရပ်ဂနိုင်၊ ကြာတောမြိုင်သည်၊ မြစိုင်နီလာ၊ ရေသီတာကို၊ တန်ဆာဆင်ခြင်းငှာ ဖြစ်သကဲ့သို့လည်းကောင်း။ … ။
ဥတုသမယ၊ ကာလမှန်စွာ၊ အခါ အခါ၊ လိုလိုရာ၌၊ ဗျာလမ္ဗုမ္ဗု၊ ပန်းစုငွေဝတ်၊ စိန်ထွတ်ပုလဲ၊ ပန်းဆိုင်းဆွဲသကဲ့သို့၊ တွဲရရွဲစီရရီ၊ တညီတညာ၊ သွန်းချရွာသော၊ စက္က၀ါမောက်ဖြိုး၊ ကပ်ပြုမိုဃ်းနှင့်၊ ကိုးလုံးဂြိုဟ်နတ်၊ နက္ခတ်ကြယ်ကြီးတို့သည်၊ ခရီးလှည့်ဝန်း၊ ကောင်းကင်နန်းဝယ်၊ အဆန်းတကြယ်၊ အဘွယ်အရာ၊ တန်ဆာဆင်ခြင်းငှာ ဖြစ်သကဲ့သို့ လည်းကောင်း။ … ။
ကြာမျိုးငါးထွေ၊ မိုဃ်းရေတန္တု၊ ဥပမာန၊ ဥပမေယျ၊ သဒ္ဒအတ္ထ၊ သမ္ဗန္ဓဥပမာ၊ ညီညာမြှောက်မြင့်၊ နှိုင်းထောက်သင့်၍၊ ခြောက်ဆင့်သော စကားမျိုးတို့တွင်၊ ကြောင်းကျိုးဟုတ်မှန်၊ စကားမွန်ကို၊ မုဋ္ဌာန် ခြေးခြေး၊ ဗြဟ္မာကြွေး၏သို့၊ ရင့်လေးနာပျော်၊ အာဘော်ချိုမြ၊ ဆိုတတ်လှသော၊ သုဂတဂုဏ်ပေါင်း၊ တုန်ညောင်းဘ၀ဂ်၊ စက်သမ္ဘာရှိန်၊ မာရဇိန်သည်၊ ဣန္ဒြိယ-အနိန္ဒြိယ၊ လောကအလုံး၊ ပတ်ကုံးဟိန္ဒဂူ၊ သုံးဘုံလူတို့ကို၊ ညိုဖြူဝါရွှေ၊ ခြောက်ထွေလျှံပြောင်၊ ကိုယ်တော်ရောင်၊ ဉာဏ်တော်ရောင်၊ တန်ဆောင်ကျင်းပ၊ လင်းလင်းပြလျက်၊ အမတချမ်းသာ တည်းဟူသော၊ ရွှေချူငွေကြယ်၊ ပုလဲသွယ်စိန်ကုံး၊ ရွဲလုံးစီခတ်၊ န၀ရတ်ကိုးဖြာ၊ ရတနာတို့ဖြင့်၊ တန်ဆာဆင်ခြင်းငှာ ဖြစ်တော်မူသော၊ လူနတ်သင်းကျစ်၊ ဓမ္မရာဇ်မင်းဖျား၊ ဘုရားမြတ်စွာသည်၊ ဒက္ခိဏာပထ၊ အ၀ိန္တိဒေသ၌၊ စောရလူမျိုး၊ မြေနီဆိုးသင်္ကန်းနှင့်၊ ရဟန်းသင်္ဃာ၊ ရှင်ကိုးရာတို့အား၊ ၀ါသနာစရိုက်နှင့်၊ အလိုက်သင့်ရည်ရော်၍၊ ဟောတော်မူအပ်သော ဓမ္မပဒဒေသနာ၊ ပါဠိဂါထာကား၊ -

သိဉ္စဘိက္ခု ဣမံ နာဝံ၊
သိတ္တာ တေ လဟုမေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊
တတော နိဗ္ဗာနမေဟိသိ။ ။
ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊
ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စသိင်္ဂါတိဂေါ ဘိက္ခု၊
သြဃတိဏ္ဏောတိ ၀ုစ္စတိ။ ။
သိတ္တာ တေ လဟုမေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊
တတော နိဗ္ဗာနမေဟိသိ။ ။
ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊
ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စသိင်္ဂါတိဂေါ ဘိက္ခု၊
သြဃတိဏ္ဏောတိ ၀ုစ္စတိ။ ။
…………………………….. အစရှိသတည်း။ -
ထိုဂါထာ၏ အဓိပ္ပါယ်သော်ကား -
ချစ်သားရဟန်းတို့၊ မိစ္ဆာဝိတက်တည်းဟူသော၊ ရေဖြင့်ပြည့်သော၊ ဤအတ္တဘောတည်းဟူသော လှေကို၊ ထိုမိစ္ဆာဝိတက်တည်းဟူသော ရေသစ်မ၀င်အောင်၊ လှေပေါက်နှင့်တူသော၊ စက္ခုဒွါရ အစရှိသော အပေါက်ခြောက်ပါးတို့ကို၊ တလိန်းပွဲလျှက်နှင့်တူသော၊ ဣန္ဒြိယသံဝရ သီလဖြင့်၊ လုံစွာဖာထေး၍၊ မိစ္ဆာဝိတက် တည်းဟူသော ရေဟောင်းဝန်ကို၊ စွန့်သွန်ရသည်ဖြစ်မှ၊ ပေါ့ပါးလျင်မြန်စွာ၊ သံသရာတည်းဟူသော ပင်လယ်မြစ်၌၊ မနစ်မပျက်၊ ကမ်းတဘက်တည်းဟူသော၊ နိဗ္ဗာန်ရွှေပြည်မြတ်သို့ ရောက်ရအံ့သတည်း။
အပါယ်လေးဘုံ၌၊ အတ္တဘောကို ဖြစ်စေတတ်သော၊ သြရမ္ဘာဂိယ သံယောဇဉ် ၅-ပါး၊ သုဂတိဘုံ၌ အတ္တဘောကို ဖြစ်စေတတ်သော၊ ဥဒ္ဓံဘာဂိယ သံယောဇဉ် ၅-ပါး၊ ဤ သံယောဇဉ် ၁၀-ပါးကို၊ (ပယ်ရှား ဖြတ်တောက်နိုင်စေလော့၊ ထိုသံယောဇဉ် ၁၀-ပါးကို) ပယ်ရှား ဖြတ်တောက်နိုင်စေခြင်းငှာ၊ သဒ္ဓါအစရှိသော ဣနြေ္ဒ ၅-ပါးကို ပွါးများစေလော့၊ ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ တည်းဟူသော အတ္တဘော၏ ဖြစ်ကြောင်း၊ အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်သော ရဟန်းကို၊ သံသရာသြဃမှ ကူးမြောက်နိုင်သောသူဟူ၍ ဆိုအပ်၏ ဟူလိုသတည်း။ … ။
ဤသို့ ဘုရားမြတ်စွာ၊ ရှင်ကိုးရာတို့အား၊ သြ၀ါဒပေးတော်မူသည်ကို၊ အယူဖြောင့်စင်း၊ နှလုံးသွင်းလိမ်မာ၍၊ လိုက်နာကျင့်ဆောင်ကုန်သော သူတော်ကောင်း အပေါင်းတို့သည်၊ ဒါန, သီလ အစရှိသော ကုသိုလ်ဆယ်ခုကို၊ ပြုစုအားထုတ်သောအခါ၊ လူမင်း နတ်မင်း ဗြဟ္မာတို့၏ စည်းစိမ်သုခ၊ ဘုံဘ၀ကို တောင့်တ၍ ပြုကြလျှင်၊ ငါးထွေသော ဥဒ္ဓံဘာဂိယ သံယောဇဉ်တရားကို၊ ပွါးများအောင် ပြုသကဲ့သို့ ရှိရာချေသည်။ ။ ဘုရားဟောဒေသနာ အပေါင်းကလည်း၊ ၀ဋ်ကင်းကြောင်းကိုသာ ဟောတော်မူသည်။ ခုလောက ပုထုဇ္ဇန်တို့ကလည်း၊ နိဗ္ဗာန်ကို လက်လွှတ်၍၊ ၀ဋ်ကိုသာ တောင့်တကုန်သည်။ ခုလူများ လက္ခဏာ၊ ဘုရားဟော ဒေသနာနှင့်၊ စက္က၀ါဠေသု၊ ကွာဝေးသည့် အမှုကြောင့်၊ ယခုလူမြတ်၊ တရားနာ ပရိသတ်တို့သည်၊ တတ်စွမ်းပါသမျှ၊ ကုသိုလ်ကို ပြုကြလျှင်၊ ၀ဋ်ဒုက္ခဧကန်၊ လူ့စည်းစိမ် နတ်ဗိမာန်ကို၊ စိတ်ဆန္ဒတဏှာဖြင့်၊ ရပါမည့်အကြောင်းနှင့်၊ ဆုတောင်းမမှားကြစေရာ၊ သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဉာဏ်၊ သာဝကနိဗ္ဗာန်နှင့်၊ သုံးတန်သော ဆုကောင်းတွင်၊ တောင်းလိုရာ တရပ်ရပ်ကို၊ စွဲကပ်ဆုပန်၍၊ သံယောဇဉ်ကွင်းညွတ်၊ အတ္တဘောကင်းလွတ်အောင်၊ ၀ဋ်ကျွတ်ရာ နိဗ္ဗာန်ကို၊ ဆုပန်တောင်းကြရမည်။ ။ ဒွိဟိတ် တိဟိတ် ပဋိသန္ဓေနေရသသူ၊ လူမျှမဟုတ်၊ ဒုဂ္ဂတိဘ၀၊ ဖြစ်ရှာရသော၊ ဗုဒ္ဓလောင်းလျာ၊ မဟာဆဒ္ဒန်ဆင်မင်းသည်။ တိရစ္ဆာန်ဖြစ်ပါလျက်၊ သုဘဒ္ဒါမိန်းမယုတ်ကြောင့်၊ သောနုတ္တရမုဆိုးသည်၊ အကျိုးမဲ့ နှိပ်နယ်၍၊ အစွယ်ကို ဖြတ်သည်တွင်၊ မြတ်လှသော ရွှေနှလုံးဖြင့်၊ ဘုံသုံးပါး ချမ်းသာကို၊ စိတ်တဏှာမငြိ၊ သမ္ဗောဓိသဗ္ဗညာဏ်ကို၊ သန္နိဋ္ဌာန်အာသာနှင့်၊ ပတ္ထနာရည်ရွယ်လျက်၊ အစွယ်တော် နှစ်ဆူကို၊ ငရဲသူ သောနုတ္ထိုရ်အား၊ ကြည်ညိုနှစ်ထောင်း၊ လှူဖူးကြောင်းနှင့်၊ ကျမ်းဟောင်း ရှေးဇာတ်၊ ဆဒ္ဒန်မင်း အတ္ထုပ္ပတ်ကို၊ ပရိသတ်အများ၊ သဒ္ဓါပွါးအောင်၊ တရားနတ်စည် ရွမ်းလတ္တံ့။ … ။
***အပါယ်လေးဘုံ၌၊ အတ္တဘောကို ဖြစ်စေတတ်သော၊ သြရမ္ဘာဂိယ သံယောဇဉ် ၅-ပါး၊ သုဂတိဘုံ၌ အတ္တဘောကို ဖြစ်စေတတ်သော၊ ဥဒ္ဓံဘာဂိယ သံယောဇဉ် ၅-ပါး၊ ဤ သံယောဇဉ် ၁၀-ပါးကို၊ (ပယ်ရှား ဖြတ်တောက်နိုင်စေလော့၊ ထိုသံယောဇဉ် ၁၀-ပါးကို) ပယ်ရှား ဖြတ်တောက်နိုင်စေခြင်းငှာ၊ သဒ္ဓါအစရှိသော ဣနြေ္ဒ ၅-ပါးကို ပွါးများစေလော့၊ ရာဂ, ဒေါသ, မောဟ, မာန, ဒိဋ္ဌိ တည်းဟူသော အတ္တဘော၏ ဖြစ်ကြောင်း၊ အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်သော ရဟန်းကို၊ သံသရာသြဃမှ ကူးမြောက်နိုင်သောသူဟူ၍ ဆိုအပ်၏ ဟူလိုသတည်း။ … ။
ဤသို့ ဘုရားမြတ်စွာ၊ ရှင်ကိုးရာတို့အား၊ သြ၀ါဒပေးတော်မူသည်ကို၊ အယူဖြောင့်စင်း၊ နှလုံးသွင်းလိမ်မာ၍၊ လိုက်နာကျင့်ဆောင်ကုန်သော သူတော်ကောင်း အပေါင်းတို့သည်၊ ဒါန, သီလ အစရှိသော ကုသိုလ်ဆယ်ခုကို၊ ပြုစုအားထုတ်သောအခါ၊ လူမင်း နတ်မင်း ဗြဟ္မာတို့၏ စည်းစိမ်သုခ၊ ဘုံဘ၀ကို တောင့်တ၍ ပြုကြလျှင်၊ ငါးထွေသော ဥဒ္ဓံဘာဂိယ သံယောဇဉ်တရားကို၊ ပွါးများအောင် ပြုသကဲ့သို့ ရှိရာချေသည်။ ။ ဘုရားဟောဒေသနာ အပေါင်းကလည်း၊ ၀ဋ်ကင်းကြောင်းကိုသာ ဟောတော်မူသည်။ ခုလောက ပုထုဇ္ဇန်တို့ကလည်း၊ နိဗ္ဗာန်ကို လက်လွှတ်၍၊ ၀ဋ်ကိုသာ တောင့်တကုန်သည်။ ခုလူများ လက္ခဏာ၊ ဘုရားဟော ဒေသနာနှင့်၊ စက္က၀ါဠေသု၊ ကွာဝေးသည့် အမှုကြောင့်၊ ယခုလူမြတ်၊ တရားနာ ပရိသတ်တို့သည်၊ တတ်စွမ်းပါသမျှ၊ ကုသိုလ်ကို ပြုကြလျှင်၊ ၀ဋ်ဒုက္ခဧကန်၊ လူ့စည်းစိမ် နတ်ဗိမာန်ကို၊ စိတ်ဆန္ဒတဏှာဖြင့်၊ ရပါမည့်အကြောင်းနှင့်၊ ဆုတောင်းမမှားကြစေရာ၊ သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေကဉာဏ်၊ သာဝကနိဗ္ဗာန်နှင့်၊ သုံးတန်သော ဆုကောင်းတွင်၊ တောင်းလိုရာ တရပ်ရပ်ကို၊ စွဲကပ်ဆုပန်၍၊ သံယောဇဉ်ကွင်းညွတ်၊ အတ္တဘောကင်းလွတ်အောင်၊ ၀ဋ်ကျွတ်ရာ နိဗ္ဗာန်ကို၊ ဆုပန်တောင်းကြရမည်။ ။ ဒွိဟိတ် တိဟိတ် ပဋိသန္ဓေနေရသသူ၊ လူမျှမဟုတ်၊ ဒုဂ္ဂတိဘ၀၊ ဖြစ်ရှာရသော၊ ဗုဒ္ဓလောင်းလျာ၊ မဟာဆဒ္ဒန်ဆင်မင်းသည်။ တိရစ္ဆာန်ဖြစ်ပါလျက်၊ သုဘဒ္ဒါမိန်းမယုတ်ကြောင့်၊ သောနုတ္တရမုဆိုးသည်၊ အကျိုးမဲ့ နှိပ်နယ်၍၊ အစွယ်ကို ဖြတ်သည်တွင်၊ မြတ်လှသော ရွှေနှလုံးဖြင့်၊ ဘုံသုံးပါး ချမ်းသာကို၊ စိတ်တဏှာမငြိ၊ သမ္ဗောဓိသဗ္ဗညာဏ်ကို၊ သန္နိဋ္ဌာန်အာသာနှင့်၊ ပတ္ထနာရည်ရွယ်လျက်၊ အစွယ်တော် နှစ်ဆူကို၊ ငရဲသူ သောနုတ္ထိုရ်အား၊ ကြည်ညိုနှစ်ထောင်း၊ လှူဖူးကြောင်းနှင့်၊ ကျမ်းဟောင်း ရှေးဇာတ်၊ ဆဒ္ဒန်မင်း အတ္ထုပ္ပတ်ကို၊ ပရိသတ်အများ၊ သဒ္ဓါပွါးအောင်၊ တရားနတ်စည် ရွမ်းလတ္တံ့။ … ။
ဒီနေ့တော့ နိဒါန်းလောက်ပဲ တင်ပါအုံးမယ်။ အများကြီး တင်လိုက်ရင် ဖတ်တဲ့သူတွေ မောသွားမှာစိုးလို့ နောက်တပတ်မှ ဆက်တင်ပါမယ်။ အကယ်၍ ဒီဝတ္ထုတွေကို အီးဘွတ်အဖြစ် ရှိပြီးသားဆိုရင်လဲ ကျမကို လက်တို့ကြပါအုံး။ စာအကျအပေါက်နဲ့ စာလုံးပေါင်း အမှားအယွင်းများ ရှိခဲ့ရင် စာရိုက်တင်သူ ကျမတာဝန်သာဖြစ်ပါတယ်။ မြန်မာစာပေကို ချစ်မြတ်နိုးသူများ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်လျက် …
မေဓာဝီ
၂၂၊ ၆၊ ၂၀၁၁
၉း၂၄ နာရီ
ရည်ညွှန်း။ ... ။ ဦးပုည၀တ္ထုပေါင်းချုပ် (ဟံသာဝတီပိဋကတ်စာပုံနှိပ်တိုက် - ၁၉၄၀)
16 comments:
Thank you and your dad who sent the book.If i praise U Pone Nya's beauty of writing,i might be horsekeeper:)I do appreciate most of his writing.I have frequent quote " ngel ngaung sout pel nout ne thee saga mae mhar lou so mhe yin shar toe aung yeik chin ye"What a wonderful words and composition.I always salut him.
Gyidaw
Thank you and your dad who sent the book.If i praise beauty of U Pon Nya's writing,i might be horsekeeper:)I often have quote of his"ngel ngaung sout pel nout net tee saga mae mhar lou so mhee yin shar toe aung yeik chin ye"What a wonderful words and composition.
Gyidaw
ှုဦးပုညရဲ့ ၀ထ္ထုထဲမှာ ဆဒ္ဒန်ဆင်မင်းတစ်ပုဒ်ပဲ ကောင်းကောင်းဖတ်ဖူးတယ်...ဖတ်ချင်လွန်းလို့ ရှာပေမယ့်လည်း မတွေ့ပြန်ဘူး ဖြစ်နေတာ အခုမှပဲ ဖတ်ရတော့မယ်...ကော်ပီကူးပြီး မှတ်ထားလိုက်တယ်...ဒါမှ အစအဆုံး သတ်သတ်မှတ်မှတ် ဖြစ်သွားအောင်လို့...အပင်ပန်းခံပြီး ရိုက်ပေးထားတဲ့ မေဓာဝီကိုလည်း ကျေးဇူးတင်ပါတယ်...စကားမစပ်...ကာက၀လ္လိယ ဇာတ်ကို ဦးပုညရေးတယ်ထင်ပါတယ်...မေဓာဝီဆီမှာက စာအုပ်ကောင်းတွေ စုံတာကြောင့် ရှိရင် တင်ပေးစေချင်ပါရဲ့...ဒါပေမယ့် အပန်းတကြီးတော့ မလုပ်ပါနဲ့လေ...အဲဒီထဲက စာသားတွေ ပြောင်မြောက်တာကို ငယ်ငယ်ကတည်းက သဘောကျခဲ့ပေမယ့် တစ်ခါမှ ကျကျနန မဖတ်ဖူးတော့ ဖတ်ချင်စိတ်ဖြစ်လာလို့ပါ...အစစ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါရစေ..
ကိုးဖို့လာအပ်လာရင် လာယူပြီး သုံးစွဲမည်ဖြစ်ကြောင်း၊ တင်ပေးတဲ့ မမေကိုလည်း ကျေးဇူးတင်ကြောင်း။ ပြီးတော့ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေလို့ ဆုတောင်းပေးပါကြောင်း။
တင်ပေးရင်ကျေးဇူးတင်ရတာပေါ့ မမေရယ်
ကိုးကားဖို့လိုတဲ့အခါ စာတွေ အလွယ်တကူရှာတွေ့တာပေါ့
ခုတလော လမ်းသိပ်မထွက်ဖြစ်လို့ ပျောက်နေမိတယ်
မမေ လာလည်သွားတာတွေ သိပ်ကျေးဇူးတင်တယ်
ရှာဖို့ခက်တဲ့ ရှားပါးစာလေးတွေ ဖတ်ခွင့်ရတာ မမေတို့အဖေကိုရော မမေကိုပါ ကျေးဇူးတင်ပါတယ်။
ဦးပုညရဲ့ စာပေအရေးအသားတော့ အထူးချီးကျုးဖို့မလိုအောင် ကောင်းမွန်ပြီးသားမို့ မပြောတော့ပါဘူး
နောက်လဲ ဖတ်ပါဦးမယ်
Thanks a lot for your sharing. I also like U Ponnya's composition skill very much.
Good ၏။ တိမ်မြုပ်နေတာ ပြန်ဖော်ပေးတော့ ကုသိုလ် အများကြီးရမှာ။
ညီမ ရေ အားလုံးအတွက် ကောင်းပါတယ် ကျေးဇူးပါ
ကောင်းတယ်ဗျိုး...၊သူအိုမကြီးဖတ်ချင်တယ်...၊ကျေးဇူး
တင်ပါတယ်ဗျာ...။
စာကောင်းပေကောင်းလေးတွေ ရှယ်ပေးတာ အရမ်းကျေးဇူးတင်ပါတယ် မမေရေ..
လာလည်သွားတဲ့အတွက်ကော ကွန်မန့်တွေအတွက်ကော အားလုံးကျေးဇူးပါနော်..။
မမေဓါဝီက မြန်မာစာမှာ ထွန်းပေါက်တယ်နော်... စိတ်လည်းဝင်စားသလို ကိုယ်တိုင်လည်း အရေးအဖွဲ့တွေက အလန်းစားပဲ... ကျွန်တော်က မြန်မာစာကို စိတ်ဝင်စားတယ်.လေ့လည်းလေ့လာပေမယ့် ပါဠိလိုတွေကျ စိတ်ထဲနည်းနည်းပျင်းသလိုလိုဖြစ်နေတာလေးတော့ အဲဒီ အကျင့်ဆိုးကို ပြင်ရဦးမယ်.... ဒါတွေအားလုံး ရိုက်ပြီးသွားရင် PDF လေးလုပ်ထားဦးမှ... (ဒါနဲ့ ဘာလို့ စကင်ဖတ်ပြီး အရင်မတင်သလဲ.. နောက်မှ အီးဘုတ်ကောင်းကောင်းဖြစ်အောင် ရိုက်လို့ရတာပေါ့... )
ခင်မင်လျက်
နေ၀ဿန်
စာရိုက်ရမှာ တော်တော် မလွယ်ဘူးပဲ။ ခက်ခက်ခဲခဲ ရိုက်ထားရမှာ သိနေလို့ စာဖတ်သူတွေအပေါ်ထားတဲ့ စိတ်ကို ပီတိဖြစ်မိပါရဲ့။ ရှာရခက်တဲ့ စာတွေဖြစ်နေလို့ သေချာစောင့်ဖတ်ပါ့မယ်။
Great ... I'll read until the end and save it :D
Thanks for this post... ဆဒ္ဒန်ဆင်မင်းဇာတ်တော်က စာသားတွေကို ရှာနေတာကြာပါပြီ... ခု ဒီမှာ အဆင်သင့်တွေ့လိုက်ရလို့ကျေးဇူးတင်ပါတယ်နော်...
ဗဟုသုတနဲ့ ပညရစရာ နေရာလေးပါ
Post a Comment