Friday, January 21, 2011

ရွက်ကြွေ


"ရွက်ကြွေ"

အမြင့်စံကြပေမဲ့
အပွင့်ရံရတဲ့ ဘ၀ပါလေ ... ။

ဟန်မပြင် မာန်မ၀င်တတ်ပါပေါ့
မပန်ချင် ဆံပင်ထက်မှာတော့
ပန်းခက်သာဝေ ... ။

လေအဝှေ့မှာဖြင့်
မြေငွေ့ကို ခိုလှုံစမ်းချင်လို့
နန်းသခင် ပင်အိုထက်ဆီက
သက်ဆင်းလို့ ခ-ကာကြွေ
ကျလေပေါ့ မြေထက်။

မညည်းရက်ပါ
နီးလျက်သာ ဝေးသူမို့
ဆွေးပူကာ မနေအားပါဘူး
တပါးသူ ဆွတ်ချူလှမ်းပါမှ
ပန်းမာလာ လှမ်းကာသာ အခေါ်ခက်တယ်
ကွယ် ... မြေခ-ကြွေရွက် ... ။ ... ။
***

မေဓာဝီ
၂၁၊ ၁၊ ၂၀၁၁
၁၇း၁၄ နာရီ


ဝန်ခံချက် ။ ... ။ မချစ်ကြည်အေး၏ အရွက် ကဗျာကို ဖတ်ရှုခံစား ရေးဖွဲ့ပါသည်။

20 comments:

မိုးယံ said...

မမေဓာဝီ...

စီပုံးမမြင်လို့ ဒီမှာအော်မယ်နော်

BuddhaFM မှာ စာရေးဆရာ ၀ီရသူရဲ့..

အမြဲရှုံးသော ဘောလုံးပွဲ တရားလွှင့်ပေးပါလား။ နောက်ပြီး လောကမိခင်ရော ပေါ့.နှစ်ပုဒ်လောက်

rose said...

ကဗျာလေး လာဖတ်တယ် အစ်မ မေဓာဝီ။ ကဗျာ ရေးတတ်အောင် ဘယ်လို ကျင့်ရလဲပာင် ရို့စ်လည်း ကဗျာ ရေးချင်စိတ် ပေါက်လာပြီး)

သားသားသန့် said...

မမမေမေ သားသားနားလည်ဘူး..သားသားကို
ရှင်းပြရမယ်နော်...

Anonymous said...

အမရေ..
ကဗျာဆရာဦးကြင်ဥရေးတာနဲ့ ဆင်တယ်..။
ဒီကဗျာလေးခိုက်တယ်..


ညီမ

Anonymous said...

အမမေရေ ဒီကဗျာလေးကိုလည်း
ကြိုက်တယ်ဗျ
တော်တယ်ဗျာ ကဗျာတစ်ပုဒ်ဖတ်ပြီး
ကဗျာ တစ်ပုဒ်ပြန်ဖြစ်လာတာ
စာတပုဒ်ဆိုရင်တော့ နောက်ထပ် ကဗျာတွေ အများကြီးထပ်ထွက်အုံးမှာ သေချာတယ်
မျှော်နေမယ်
ခင်မင်တဲ့
seesein

Rita said...

ကဗျာစာသားတွေ အဲလို ရှောရှောရှူရှူထွက်မလာတော့တာ ကြာပြီ မမေရယ်။

ဒီကဗျာကတော့ ကွက်တိပဲ။

မောင်မျိုး said...

စတိတ်ကျောင်းမှာ သင်ခဲ့ရတဲ့ ကဗျာလေးတွေ သွားသတိရတယ်း)

Anonymous said...

ကဗျာလေးက ချစ်စရာ သနားစရာလေး မမေရေ။ ကဗျာဆို အဲလိုမျိုးလေးတွေမှ ပိုခံစားလို့ရတာကြောင့် အမကဗျာတွေကို အမြဲကြိုက်ပါတယ်။ ကာရန်ရော စကားလုံးလေးတွေပါ ချစ်စရာကောင်းတဲ့ ကဗျာလေးကို ရေးပေးပြီး ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
ညီမ ဂျမ်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ရွက်ကြွေပေမဲ့ အပင်ပေါ်ရှိစဉ်တုန်းက သစ်ပင်ကိုရော အပွင့်လေးတွေနဲ့ ပတ်ဝန်းကျင်ကိုပါ စိမ်းစိုလှပအောင် တာဝန်ကျေခဲ့တဲ့အတွက်
အနေခက်စရာမရှိပါဘူး..
တာဝန်ကျေအောင် ထမ်းဆောင်သွားတဲ့ သူရဲကောင်းတွေပါ လို့ ရွက်ကြွေတွေဘက်က ရှေ့နေလိုက်ပါရစေး)

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာက ကောင်းတယ်ဗျာ၊ မချစ်ကြည်အေး
ကဗျာဖက် ပြေးဖက်လိုက် ဒီဖက်
ဖတ်ကြည့်လိုက်နဲ့ ရေးတတ်သူမို့ ရေးကြဗျာ
ရေးကြဗျာ ... :P

မောင်လေး said...

မြန်မာပြည်မှာတုန်းက နွေရောက်ပြီဆို တံမျက်စည်း လှည်း
ရလွန်းလို့ စိတ်နာမပြေနိုင်သေးဘူးဗျိုးးးးးးးး :)

Harry said...

အရွက်တွေဘက်ကခံစားရေးဖွဲ့ထားတာကိုး ..
အတွေးရော အရေးပါကောင်းပါ့ဗျာ ... နဘေလေးတွေ ထပ်ထားတာလည်း အရမ်းလှတာပဲ ... ဒီလို လေးချိုးလေးတွေ များများထပ်ရေးပါဦး
(ကျနော်တော့ မရေးဖြစ်တာကြာပြီ)
:D

အဖြူရောင်နတ်သမီး said...

ကဗျာလေး အနှစ်သာရ အရမ်းရှိတာပဲ အမရေ...
ကြွေရတဲ့..သစ်ရွက်လေးတွေ....

အိမ့်ချမ်းမြေ့ said...

မမေ...
ကဗျာလာဖတ်ရင်း မွေးနေ့ဆုတောင်းပေးသွားတာ ကျေးဇူးတင်ကြောင်း လာပြောတာပါ။

မမေ ဆီဗုံးမှာ ရေးသွားတာလေးကို မလေး ဟိုမဂဇင်းလေးထဲ ထည့်ထားပြီးသား မမေရဲ့း))
အောက်မှာ ထပ်ရေးသွားတာတော့ ထည့်တော့ဘူးရယ်..

အစစဂရုစိုက်..
ခင်မင်လျှက်..
မလေး

Anonymous said...

ပန်းပွင့်တွေဖြစ်လာဖို့ ပွင့်လာတဲ့ ပန်းတွေအစွမ်းကုန် ဖူးပွင့်ဝေဆာ လှပလာဖို့ ပန်းပင်တစ်ပင်မှာ ပင်စည်တွေ အကိုင်းတွေ အရွက်တွေ ရေသောက်မြစ်တွေ သူ့နေရာနဲ့သူ စုပေါင်းအလုပ် လုပ်ကြရတယ်နော်..။ နုလွန်းလှလွန်းလို့ဆိုပြီး အပင်ကြီးက သူ့အပွင့်တွေကို ထာဝရ သိမ်းဆည်းထားခွင့် ပိုင်ဆိုင်ခွင့် မရှိရှာဘူး။

လူ့ဘ၀ဆိုတာလဲ ရုပ်ရှင်တစ်ကားပါပဲ။ မင်းသားမင်းသမီးနဲ့တင် ရုပ်ရှင်တစ်ကား ဖြစ်လာမှာ မဟုတ်ဘူး။ ဇာတ်ပို့ဇာတ်ရန်တွေ လူကြမ်းတွေ မီးထိုးသမားတွေ အများကြီးနဲ့တည်ဆောက်ထားတယ်။

ဘာပဲဖြစ်ဖြစ်ဗျာ.. ပန်းကလေး အစွမ်းကုန်ပွင့်လန်းလှပ နိုင်ပါစေ..

sosegado said...

ပိုကောင်းသလိုပဲ
ခံစားချက်ရှိတယ်ထင်ပါရဲ့၊

ရွှေရတုမှတ်တမ်း said...

အင်ရွက်တွေကြွေတာတော့ ကောင်းတယ်ဒေါ်လေးမေရေ့..
မိုးကျရင် အင်ဖက်အောက်မှာ အင်ဥလေးတွေ စားကောင်းတယ်..

သစ်နက်ဆူး said...

ညီမမေ..
အရမ်းမြန်မာဆန်တဲ့အဖွဲ့ အနွဲ့ နဲ့ 
နန်းဆန်လွန်းလှပါတယ်...။
ကဗျာဖတ်ပြီးတော့ ရင်ထဲမှာ မကောင်းဘူးဗျာ..။
နုလွန်းတယ်လို့  ဆိုချင်ဆိုတော့...
ကိုယ်တိုင်က နန်းကျသွားတဲ့ ရွက်ကြွေဘ၀မို့ ...
ကိုယ်ချင်းစာစိတ်လေးဖြစ်သွားမိတယ်..။
သိမ်းထားရမယ့် ကဗျာလေးမို့  သိမ်းထားခွင့်ပြုပါ..။

ချစ်ကြည်အေး said...

ကောင်းလိုက်တဲ့ ကဗျာလေး ကော်မန့်မှာ ရေးသွားကတည်းက သဘောကျနေတာ၊ ဆေးစက်ကျရာ...အဲ ကီးဘုတ်ပေါ် လက်တင်ရာ ကဗျာဖြစ်သော ညီမမေပါတကား.....:)

ဟန်ကြည် said...

ကဗျာရဲ့ နရီနဲ့ ကာရန်ယူထားပုံလေးတွေကို တကယ်ပဲ သဘောကျမိပါတယ်...နုနုညံ့ညံ့နဲ့ ရင်ထဲကိုရောက်သွားစေတဲ့ စာသားတွေပါ...