Tuesday, January 18, 2011

မြား

ရင်ကိုထွင်းလျက်
ထုတ်ချင်းခတ်ကာ
ရှိုင်းနက်နင့်နွမ်း
အသည်းကျွမ်း၍
အလွမ်းမီးစ
ဟဒယထိ
တိုးဝင်ငြိသွား
ထိုသည့် မြား … ။

ပစ်မှတ် မမှန်း
မမျှော်တမ်းဘဲ
ရမ်းရဲရောင်ရော်
ပစ်လွှတ်သော်ငြား
နှလုံးသားမှာ
ထိရှားစိုက်စူး
မေ့ယစ်မူးစေ
သည်းဦးကြွေပြီ
ခြွေရက်သူတို့ ပျော်စေသား … ။

***
မေဓာဝီ
၁၈၊ ၀၁၊ ၂၀၁၁
၀၀း၁၁ နာရီ

14 comments:

Anonymous said...

မမေ ရေ

အချစ်ကဗျာလေး ကို ဖတ်သွားတယ် မျှဝေခံစား သွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကဗျာလေးက ရိုးရှင်းပြီး ထိလိုက်တာ။ ခြွေတဲ့လူတွေက လွယ်လွယ်ကူကူ ခြွေရက်ပေမယ့် ခံရတဲ့လူတွေကသာ တကယ်ခံစားကြရတာပါ အမရေ။

Maung Myo said...

ခြွေရက်သူလည်း ငိုချင်ငိုနေမှာပဲနော့် ။

မိုးယံ said...

သဘောကောင်းတဲ့ အဒေါ်ကြီးပဲ...ခြွေရက်သူတို့ ပျော်စေသားတဲ့ ... အင့် ဟင့်ဟင့်

Anonymous said...

ကြီးမေ
ကြွေပြီးပြီပေါ့့
ဆုတောင်းပေးနေတာ လက်ကျန်ကြိုးလေး ရှိနေတဲ့ သဘောလားဗျ
ခင်မင်တဲ့
seesein

ညိမ်းနိုင် said...

ဟောဗျာ......ကြွေသွားပြီလား...။ဒီလိုမှန်းသိ လာကောက်
ပါတယ်....:)

ကိုအောင် said...

ကောင်း၏ ကောင်း၏ ... :P

rose said...

မမေ... ကဗျာလေး လာဖတ်တယ်။ အစ်မက ကဗျာရေးလည်း ကောင်းတာပဲနော်။ ခြွေရက်သူတို့ ပျော်စေသား တဲ့။ အင်း....။

သားသားသန့် said...

ခြွေသူမသိ။။
ရင်မထိလဲ။။
ချစ်မိမေတ္တာ...
တိုးလို့သာမို့...
ဆက်ကာထားသည်
သား ချစ်ကလျာ သိပါစေ။။။။။
..................
ဘာမှန်းမသိဘူး
ရေးပစ်လိုက်တယ်။။
မမကဗျာထဲကခြွေ၇က်သူဖတ်ဖို့..:P
သားသားသန့်

Yan said...

ဩော်.... မမေ.. မမေ..
ဘယ်တွေပျောက်နေပါလဲ တွေးနေတာ လက်စသတ်တော့ မြှားပစ်လေ့ကျင့်နေတာကိုး. :)

နောက်တာပါဗျာ.
ရမ်းရဲရောင်ရော် ဆိုတဲ့ ပါဒလေးနဲ့ ထိရှားစိုက်စူး ဆိုတဲ့ ပါဒလေးကို သဘောကျမိတယ်.

တိတ်ကဲ မမေ.

Y.

သစ်နက်ဆူး said...

ညီမမေ..
မေဓါဝီဆိုတဲ့ ဘလော့ဂ်ကို သတိထားမိပြီး လင့်ခ်ချိတ်ခွင့်တောင်းခဲ့တာဟာ....

မြန်မာစာအရေးအသားသိပ်ကောင်းလွန်းလို့ ပါ..။
နောက်ပြီး...စကားလုံးသစ်လေးတွေ ဖတ်ရတာ ကိုယ်လဲ ပညာရတယ်..။
ကဗျာကိုတော့.ကြိုက်ပြီးသားပါ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်မှာ ထိခိုက်နာကျင်ရတဲ့အခါ ကိုယ့်ကို နာအောင် လုပ်တဲ့သူကို မေတ္တာထားနိုင်ဖို့ ခက်ခဲတယ်နော်..
ဒါပေမဲ့ ကဗျာလေးက မေတ္တာရဲ့ ရနံ့လေး ရလိုက်တယ်..
ဝိုင်းပြီး ဆုတောင်းပေးပါတယ် မမေ..
ခြွေရက်သူတွေပျော်ပါစေ လို့.................

မြစ်ကျိုးအင်း said...

ပစ်မှတ် မမှန်း ဆိုတော့ ခြွေမိသူလည်း စိတ်မကောင်းဖြစ်မှာပါပဲ။

Harry said...

ငိုချင်လျက် လက်တို့ နေသလား မမေ ...