Sunday, October 31, 2010

သရဲများနဲ့ ကျမ (၂)

မှတ်မှတ်ရရ ၁၉၉၀ ကျော်ကာလ သြဂုတ်လရဲ့ နေ့လည်ခင်း တခုမှာပေါ့။
ကျမ ကျောင်းက ပြန်လာပြီး အိမ်ထဲဝင်တော့ စိတ်ထဲမှာ မသိုးမသန့် ဖြစ်သလို ခံစားရတယ်။ အ၀တ်လဲဖို့ ကိုယ့်အခန်းကို အသွား တီဗီကြည့်တဲ့ ဟောခန်းကို ဖြတ်တော့ တီဗီရှေ့က သစ်သားကွပ်ပျစ်ကလေးပေါ်မှာ မတင်ဌေး ဆိုတဲ့ အိမ်အကူကောင်မလေး နေမကောင်းလို့ လှဲနေတာ တွေ့တယ်။ သူ့ဘေးနားမှာတော့ ဗေဒင်ဆရာမ ယောင်ယောင် ဘာယောင်ယောင် မဟာဘုတ်တောင် မထူတတ်တဲ့ အမျိုးသမီးတယောက် ရှိနေတယ်။ နာမည်က မဝေတဲ့။ သူက ဘာရယ်မဟုတ်ဘူး အိမ်ကိုလာလာပြီး လူကြီးတွေနဲ့ စကားစမြည်ပြော ထမင်းစား ကော်ဖီသောက် လမ်းစရိတ်တောင်းပြီး ပြန်နေကျ။

မဝေက မတင်ဌေးကို ပြုစုနေတာလား ဘာလား မသိပါဘူး။ ခေါင်းကို ယပ်ခတ်လိုက် ခြေထောက်ကို နှိပ်လိုက် ရှူဆေးတွေ သွေးဆေးတွေ ရှူခိုင်းလိုက်နဲ့ ပြာယာခတ်နေတာပဲ။ မတင်ဌေးက တော်ရုံ နေမကောင်းဖြစ်ခဲတော့ ကျမလဲ နည်းနည်းအံ့သြတာနဲ့ အ၀တ်အစားလဲပြီး သူတို့အနား သွားထိုင်ကြည့်ဖြစ်တယ်။ မတင်ဌေးက မျက်စိမှိတ်ထားပြီး တအင်းအင်း ညည်းနေတယ်။ သွားကြီးစေ့ အံကြိတ်ပြီး ခေါင်းတွေလဲ ခါခါယမ်းယမ်းနဲ့။ ကိုယ်ခန္ဓာကလည်း မငြိမ်ဘူး ရုန်းကန် လှုပ်ရှားနေတယ်။ မဝေကလဲ ခြေမချိုးလိုက် ပေါင်တွင်းကြောကို တက်နင်းလိုက် လုပ်နေတယ်။ ကြည့်နေရင်းနဲ့ မတင်ဌေးခြေသလုံးမှာ အညိုအမည်းတွေ ထင်လာသလိုပဲ။ ဒါနဲ့ မဝေပဲ တအားနင်းလို့ များလားလို့ မဝေကို ရပ်ခိုင်းလိုက်တယ်။ လှုပ်ရှားရုန်းကန်နေတဲ့ မတင်ဌေးက တချက်တချက် ငြိမ်သွားပေမဲ့ တချက်တချက်တော့ မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ အသံကလဲ ခပ်အစ်အစ်နဲ့ လည်ပင်းမှာ တခုခုဆို့နေသလိုပဲ။

အမေရောက်လာတော့ မတင်ဌေးကို ဆေးခန်းပို့ပေးဖို့ စီစဉ်တယ်။ ဆေးခန်းနဲ့ အိမ်နဲ့က ၂ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပေမဲ့ သူ့ကြည့်ရတာ အားအင်ကုန်ခမ်း ချိနဲ့နေသလိုမို့ ဆိုက်ကားခေါ်ထားတယ်။ ခြံထဲမ၀င်ဘဲ ခြံပြင်မှာပဲ စောင့်နေတဲ့ ဆိုက်ကားဆီ မတင်ဌေးကို အိမ်ထဲကနေ လူနှစ်ယောက်လောက်တွဲပြီး ပို့ရတယ်။ ဆိုက်ကားဆီလဲ ရောက်ရော သူက မစီးဘူးတဲ့။ ကျမ လမ်းလျှောက်နိုင်တယ်ဆိုပြီး လျှောက်သွားပါလေရော။ ဆေးခန်းမှာထိုင်စောင့်တော့လဲ အကောင်းပဲ၊ အလှည့်ကျတော့ ဆရာဝန်မလေးက သွေးပေါင်ချိန်တာတို့ ဘာတို့လုပ် ဟိုစမ်း ဒီစမ်း စမ်းပြီး … ဘာမှမဖြစ်ပါဘူး၊ ကောင်းသားပဲ လို့ပြောပြီး ခေါင်းမူးနေတယ်ဆိုတာနဲ့ စိတ်ကျေနပ်အောင် အားဆေးတလုံး ထိုးပေးလိုက်တယ်။ ဆရာဝန်မလေးက အမေ့ကိုတော့ ခပ်တိုးတိုးကပ်ပြောလိုက်သေးတယ်။ ဒီကောင်မလေး အလုပ်မလုပ်ချင်လို့ မူယာမာယာ များနေတာ နေမှာပါ … ဆိုပဲ။

နောက်တော့ အိမ်ပြန်ရောက်လာရော … အိမ်ထဲရောက်တာနဲ့ သူက ချိနဲ့သလို ပြန်ပြီး ခွေကျသွားပြန်တယ်။ ဟဲ့ ဟဲ့ ဖြစ်ပြန်ပြီဆိုပြီး ဆေးခန်းထပ်ပို့ပြန်တယ်။ ဟိုရောက်ရင် အကောင်း … အိမ်ထဲရောက်ရင် လူမမာ … ဆိုတော့ စိတ်ထဲ သိပ်မသင်္ကာကြတော့ဘူး။ ခုနက မဝေကလဲ ပြောသွားသေးတယ် … ဒါ သွေးရိုးသားရိုး မဟုတ်ဘူး … အမှောင့်ပယောဂ … တဲ့။ မဝေကို သိပ်မယုံကြပေမဲ့ ဟုတ်လေမလားလို့ ဇဝေါဇ၀ါ ဖြစ်ကုန်ကြပါတယ်။ ဒါနဲ့ သူတချက်တချက် မညည်းမညူဘဲ စိတ်ကောင်းဝင်နေတုန်းမှာ နင် ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲ … တခုခုမှားခဲ့သလား … လို့ မေးတော့ … သူက ပြောပြတယ်။

နေ့လည်က ခြံနောက်ဘက်မှာ ဘူးစင်ထိုးဖို့ ခြံရှင်းသတဲ့။ အရင်တုန်းကတော့ ခြံကို ၀ါးရုံပင်တွေနဲ့ စည်းရိုးခတ်ထားတာပဲ။ ၈၈ အရေးအခင်း မတိုင်ခင်လေးမှာ အဘိုးရဲ့ အမိန့်အရ ၀ါးခြံစည်းရိုးကို ဖယ်ပြီး တခြံလုံးကို အုတ်တံတိုင်း ကာလိုက်တယ်။ ဒါပေမဲ့ တချို့ဝါးပင်တွေက အုတ်တံတိုင်း အတွင်းဘက်မှာ ကျန်နေခဲ့တယ်။ အဲဒီဝါးပင်တွေက အုံလိုက်ကလေး လေးငါး ဆယ်ပင် တစုတဝေး ပေါက်နေတော့ အောက်ခြေက တောင်ပို့ကလေးလို ဖြစ်နေတာပေါ့။ ခြံရှင်းနေတုန်း ၀ါးရုံ တောင်ပို့နားက မြွေတကောင် ထွက်လာလို့ သူက လက်ထဲက ပေါက်တူးနဲ့ လှမ်းရိုက်လိုက်သတဲ့။ ဒါပေမဲ့ မြွေက ဘယ်ရောက်သွားမှန်း မသိဘဲ လိပ်ပြာလေးတကောင်ပဲ တွေ့ရတော့တယ် တဲ့။ သူကလဲ စိတ်ကြီးတယ်၊ မြွေကို မတွေ့တော့ တွေ့တဲ့လိပ်ပြာကိုပဲ မဲပြီး စိတ်တိုတိုနဲ့ လှမ်းအရိုက်မှာ ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ချော်လဲကျသွားတယ်တဲ့။ အဲဒီနောက်မှာတော့ ခုလို ဖြစ်သွားတော့တာပဲ။

သူ့စကားကြားတော့ အားလုံး သဘောပေါက်သွားတယ်။ ဒါဆိုရင် တခုခု ပူးနေတာ သေချာပြီပေါ့။ သူဖြစ်ပုံကလဲ တမျိုးပဲ။ တချက်တချက်ကောင်းနေတယ်၊ တချက်တချက်တော့ နာလွန်းလို့ အော်ဟစ် ညည်းညူနေရရှာတယ်။ ဘာပဲဖြစ်ဖြစ် ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ … ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ တဖြည်းဖြည်းနဲ့ ညနေ စောင်းပြီး အပုပ်ချိန်ရောက်လာပြီ၊ အိမ်သားတွေလဲ လန့်နေကြပြီ ဆိုတော့ ဘုန်းကြီးပင့်ပြီး ရွတ်ဖတ်သရဇ္ဈာယ်ရင် ကောင်းမယ်ဆိုပြီး အိမ်နားက ဘုန်းကြီးကျောင်းက ရင်းနှီးတဲ့ ဘုန်းကြီးတပါးကို အကျိုးအကြောင်းပြောပြီး သွားပင့်ကြတယ်။ ဘုန်းကြီးက ပထမတော့ အင်တင်တင်ရယ်၊ ဒါမျိုးက အာပတ်သင့်သလားတော့ မသိပါဘူး။ ဒါပေမဲ့ ကိုယ့်ဒကာ ဒကာမတွေရဲ့ အရေးဆိုတော့ ဘုန်းကြီးလဲ မနေသာဘဲ ကြွလာပေးပါတယ်။

ဘုန်းကြီးက အခြေအနေကို အကဲခတ်ပြီး နားလည်သွားပုံရပါတယ်၊ ပါလာတဲ့ ဆေးပြင်းလိပ်ကြီး မီးညှိဖွာပြီး အင်းပြားပေါ်တင်ပြီး သူ့ကိုကပ်ပေးတယ်။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေတာပဲ။ ဘုန်းကြီးလဲ တော်တော်ကြာကြာ ဖွာလိုက် ကပ်လိုက် လုပ်ပေးပြီး မောသွားတယ်။ အင်း … သိပ်တော့မလွယ်ဘူး … နည်းနည်းကြီးတယ်လို့ မသိမသာ မိန့်တယ်။ နောက်တော့ မေတ္တာပို့ ပရိတ်တွေဘာတွေ ရွတ်ပေးပြီး ပြန်ကြွသွားတယ်။

ဘုန်းကြီးလုပ်ပေးပေမဲ့ သိပ်တော့မထူးခြားဘူး။ ပြန်သွားတော့လဲ အရင်အတိုင်းပဲ။ မျက်ထောင့်နီကြီးနဲ့ ကြည့်လိုက်၊ တအင်းအင်း ညည်းလိုက်နဲ့။ ကြည့်ရင်းကြည့်ရင်း သူ့ခန္ဓာကိုယ်မှာ အညိုအမည်းတွေ ပိုများများလာတယ်။ လည်ပင်းမှာပါ အညိုအမည်းတွေ ဖြစ်ပြီး အသံက သိပ်မထွက်တော့ဘူး။ နာတယ် နာတယ်လို့ အော်သံရယ် … တင်းပုတ်နဲ့ ၀ိုင်းရိုက်နေကြတယ် …. ဆိုပြီး မပီမသ ပြောသံရယ်တော့ ကြားလိုက်ရသေးတယ်။

ဒါနဲ့ပဲ မဖြစ်ချေဘူး၊ နောက်ထပ် ဘုန်းကြီးတပါးကို ပင့်အုံးမှ ဆိုပြီး ခြောက်ထပ်ကြီးက ရှမ်းဘုန်းဘုန်း (ယခု ပျံလွန်တော်မူပြီး) ကို ပင့်ပြန်ပါတယ်။ ရှမ်းဘုန်းဘုန်းက နားသိပ်မကြားဘူး။ အင်းတွေဘာတွေ လုပ်တယ်။ မမြင်ရတဲ့လောကနဲ့ စကားတွေဘာတွေ ပြောပြီး အဆက်အသွယ်လဲ ရှိတယ်လို့ ကြားဖူးတယ်။ ရှမ်းဘုန်းဘုန်းရောက်လာပြီး ဓားပုံစံ ကျွဲချိုကလေးနဲ့ ခပ်ဆတ်ဆတ် ခုတ်ရင်း ပါးစပ်ကလဲ တခုခုရွတ်ပေးနေတယ်။ ကြည့်ရင်းကြည့်ရင်း တဖြည်းဖြည်း ခြေထောက်ကနေ ထွက်သွားသလိုပဲ … နည်းနည်းငြိမ်သလို ရှိသွားတော့ ဘုန်းဘုန်းလဲ ပရိတ်ကြိုးလေး လည်ပင်းမှာချည်ပေးပြီး ပြန်ကြွသွားပါတယ်။

ကျမလဲ တခါမှ ဒါမျိုးမကြုံဖူးတော့ အရမ်းအံ့သြပြီး သူ့အနားက မခွါဘဲ ဖြစ်ပျက်သမျှတွေ တချိန်လုံး စောင့်ကြည့်နေခဲ့တယ်။ (မှတ်မှတ်ရရ အဲဒီအချိန်က စာမေးပွဲနီးနေပြီ၊ ဒါပေမဲ့ စာမဖတ်ဘဲနဲ့ စပ်စုနေခဲ့တာ။) ရှမ်းဘုန်းဘုန်း ပရိတ်ကြိုးချည်ပေးလို့ နည်းနည်းငြိမ်သွားတော့ အိမ်သားတွေလဲ အသီးသီး ကိုယ့်အခန်းကိုယ် ၀င်သွားကြပြီ၊ ကျမကတော့ သူလှဲနေတဲ့ ကွပ်ပျစ်ကလေးမှာ ၀င်ထိုင်ပြီး သူ့ခေါင်းရင်းကနေ ကမ္မ၀ါ၊ ပရိတ်ကြီး ၁၁-သုတ်၊ ပဋ္ဌာန်း ရှိသမျှ ဘုရားစာတွေ အခေါက်ခေါက် ထိုင်ရွတ်ပေးနေခဲ့တယ်။ အထူးသဖြင့် ကမ္မ၀ါကို များများရွတ်ပါတယ်။ ကမ္မ၀ါရွတ်ရင် မကောင်းဆိုးဝါးတွေ မလာဘူး၊ ပြေးတယ်လို့ သိထားတာကိုး။

ကျမ ကမ္မ၀ါရွတ်ပြီဟေ့ဆိုရင် သူက မျက်လုံးဖွင့်ကြည့်ပြီး လည်ချောင်းအစ်သံကြီးနဲ့ မရွတ်နဲ့ … နားညည်းတယ် … လို့ပြောတယ်။ ဘယ်ရမလဲ ကျမလဲ ဆက်ရွတ်တာပါပဲ၊ ပိုတောင် အသံပြင်းပြင်းနဲ့ ဆောင့်ဆောင့်ရွတ်လိုက်သေးတယ်။ နောက်တော့ သူက တဆင့်တက်လာပြီး ကျမကို ခိုင်းတယ်။ လည်ပင်းက ပရိတ်ကြိုးဖြုတ်ပေးပါ … တဲ့။ ဒီလောက်တော့ ကျမက လည်ပါတယ်၊ ဘယ်ဖြုတ်ပေးလိမ့်မလဲ။ ဒါပေမဲ့ သူကလဲ ပိုတော့အလည်သား … ကျမကို လာညှိတယ်၊ ပရိတ်ကြိုးဖြုတ်ပေးရင် ထွက်မယ်ဆိုပဲ။ တကယ်လား ဆိုတော့ … အင်း …. တဲ့။ ကျမလဲ ဖြုတ်ပေးရ ကောင်းနိုးနိုး စဉ်းစားနေမိသေးတယ်။ ဖြုတ်တော့ မဖြုတ်ဖြစ်လိုက်ဘူး။

ခဏနေတော့ ဒင်းက ကြမ်းလာပြန်တယ်။ အနားမှာထောင်ထားတဲ့ သင်ဖြူးဖျာလိပ်ကို ပြေးပြီးကန်တယ်။ အပွေးကုန်နေတဲ့ သနပ်ခါးတုံး၀၀ကြီးကို ပစ်ပေါက်တယ်။ အဲဒီဖျာလိပ်မှာ ကပ်နေကြတာ …. လို့လဲ လက်ညှိုးကြီးထိုးပြီး ပြောတယ်။ ကျမတို့မှာ ဖျာလိပ်ကြီး အိမ်နောက်ဖေးပို့ထားရတယ်။ ကြောက်လို့။ အကောင်တွေ အများကြီး ပြောင်ပြနေကြတယ်လို့လဲ ဆိုတယ်။ သွားသွား ဆိုပြီး အော်ပြီး ပြေးကန်လိုက် ဟိုဟာနဲ့ပေါက် ဒီဟာနဲ့ပေါက် လုပ်လိုက်မို့ ကျမတို့မှာ တီဗီထိမှာစိုးလို့ လိုက်ဆွဲနေရသေးတယ်။ အဲလိုတွေ ဖြစ်ပြန်တော့ မထွက်သေးဘူးဆိုတာ သေချာသလောက်ပဲပေါ့။ ဒီလိုသာဆို ဘာမှန်းမသိတဲ့ အကောင်တွေနဲ့ တညလုံး တအိမ်ထဲ အတူနေရမလို ဖြစ်နေတာနဲ့ နောက်ထပ်ဘုန်းကြီးတပါး ထပ်ပင့်ကြရပြန်တယ်။ အဲဒီဘုန်းကြီးကတော့ ကျမကို ပုံပြောပြလေ့ရှိတဲ့ ခြောက်ထပ်ကြီး သာသနာ့သိပ္ပံကျောင်းက ဆရာတော်ပါ။ (သံဃာအရေးအခင်းမှာ အဖမ်းခံရပြီး နောက်ပိုင်း သိပ်မကြာခင်မှာ ပျံလွန်တော်မူသွားပါပြီ။) ဆရာတော်ကို သွားပင့်တော့ ကိုယ်တိုင် လိုက်မလာပါဘူး။ ကျမအမကြီးကို တပည့်အဖြစ် လက်ဝါးချင်းရိုက် သတ်မှတ်ပြီး ရုပ်ပုံထွင်းထားတဲ့ ခပ်ညိုညို အတုံးလေးတခု ပေးလိုက်တယ်။ အဲဒါလေးနဲ့ခေါက်ပြီး ဘယ်လိုဘယ်လိုပြော ဆိုပြီး သင်ပေးလိုက်ပါတယ်။

ညကလဲ တဖြည်းဖြည်း နက်လာပြီ။ အမကြီးလဲ ဆရာတော်သင်ပေးသလို ကြိုးစားလုပ်တာပါပဲ။ ဒါပေမဲ့ ဘာမှမထူးခြားဘူး။ မတတ်သာတဲ့အဆုံး ဆရာတော်ကို ပြန်သွားလျှောက်ပြီး ကိုယ်တိုင်လိုက်ခဲ့ဖို့ တောင်းပန်ကြပါတယ်။ နောက်ဆုံးတော့ ဆရာတော်လည်း အိမ်သားတွေကို သနားတာနဲ့ လိုက်လာခဲ့တယ်။

ဆရာတော် အိမ်ရောက်လာတော့ မတင်ဌေးကို သူ့ရှေ့မှာ ထိုင်ခိုင်းပြီး ဆရာတော်နဲ့ မတင်ဌေး အမေးအဖြေ လုပ်ကြပါတယ်။ မတင်ဌေးရဲ့ အသံက ပျက်သလောက် ဖြစ်နေပြီ၊ သေချာမဖြေနိုင်တော့ဘူး။ များသောအားဖြင့် လက်ဟန်ခြေဟန်နဲ့သာ ဖြေတယ်။ စကားပြောဖြေတဲ့အခါ ကျမက သူ့ပါးစပ်နားကို ကပ်နားထောင်ပြီး ဆရာတော်ကို ပြန်ပြောပြရတယ်။ ကြားထဲက translator ဆိုပါတော့။ ဆရာတော်နဲ့ မတင်ဌေး အမေးအဖြေလုပ်တဲ့အတိုင်း ပြန်ရေးပြပါမယ်။

“မင်းတို့က ဘယ်သူတွေလဲ ဘယ်ကလဲ”
“… … …” (မြွေပါးပြင်းထောင်သလို လက်ကိုလုပ်ပြီး နဖူးမှာအမောက်လို ကပ်ပြတယ်။)
“မင်းတို့ ဘာဖြစ်လို့ ဒီကလေးမလေးကို နှောက်ယှက်ရတာတုန်း”
“ငါတို့ ခေါင်းဆောင်ကို xxx ” (နောက်ကစကားကို သေချာမကြားရဘူး။)
“ဘာလုပ်လို့လဲ”
“သူလုပ်တာ xxx” (ခေါင်းကို လက်နဲ့ကိုင်ပြတယ်။)
“ဟ … ဒါ မတော်တဆ ဖြစ်တာပဲ … ခွင့်လွှတ်ရမှာပေါ့”
“မကျေနပ်ဘူးးးး”
(မျက်ထောင့်ကြီး နီလာပြီး ပြောတယ်။ နှာခေါင်းကလဲ တရှူးရှူးနဲ့ နှာတွေမှုတ်ပြီး အသက်ရှူသံပြင်းလာတယ်။)
“ဒါဆို ဘာလုပ်ချင်တာလဲ”
“… … …”
(အံကြိတ်ပြီး လည်ပင်းကို ဖြတ်တဲ့ပုံ လက်ဟန်ခြေဟန်နဲ့ လုပ်ပြတယ်။)

သူ့ရုပ်ကြီးကို ကြည့်ပြီး ကျမလဲ ကျောထဲက စိမ့်ခနဲဖြစ်သွားတယ်။ ကြောက်လိုက်တာ။ ဒါပေမဲ့ ဆရာတော်အနားမှာရှိလို့ မကြောက်သလိုနဲ့ ခပ်တည်တည်ပေါ့။
“ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ … ဒုက္ခရောက်ကုန်မှာပေါ့”
“… … …”
ဆရာတော်က ရွှေပြည်အေးတရားဟောပေမဲ့ ဟိုက အပြတ်ရှင်းမယ်ဆိုတာချည်းပဲ။ တော်သေးတာက ပရိတ်ကြိုးချည်ထားတော့ အပြတ်ရှင်းမရဘူး ဖြစ်နေတာတဲ့။ ကျမသာ အူတူအတနဲ့ သူတို့ပြောတာယုံပြီး ဖြုတ်ပေးလိုက်မိရင် သွားပြီ။

နောက်ဆုံးတော့ ဖြစ်ပုံကို ဆရာတော်က ရှင်းပြပါတယ်။ ဟိုးအရင်ခေတ်တုန်းက ဒီနားတ၀ိုက် ရွာကလေးမှာ နေသွားသူ တယောက်တလေက အဲဒီဝါးရုံပင်အောက်က တောင်ပို့ကလေးမှာ ရွှေတိုရွှေစလေးတွေ မြှုပ်ခဲ့သတဲ့။ သူမြှုပ်ခဲ့တဲ့ ပစ္စည်းအစွဲနဲ့ ဒီနေရာမှာ အစောင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ နောက်တော့ တဖြည်းဖြည်း အကောင်ကြီးပြီး အပေါင်းအဖော်တွေ တပည့်လက်သားတွေ များလာပုံပါပဲ။ မတင်ဌေး ဘူးစင်ထိုးဖို့ တောင်ပို့နားမှာ မြေပေါက်တော့ သူတို့ပစ္စည်းတွေ တူးယူမယ်မှတ်ပြီး ခေါင်းဆောင်ကြီးက ခြောက်လှန့်ဖို့ မြွေအဖြစ်နဲ့ ထွက်လာတာ။ မတင်ဌေးက မကြောက်ဘဲ ရိုက်လိုက်တော့ ခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပူးပြီး အသေသတ်ဖို့ လုပ်ကြတာ။

ခေါင်းဆောင်ကြီးထိတော့ တပည့်လက်သားတွေက စိတ်ဆိုးပြီး မတင်ဌေး လည်ပင်းကို ညှစ်၊ တကိုယ်လုံးကို တင်းပုတ်တွေနဲ့ ရိုက်၊ ဒေါသဖြစ်အောင် အမျိုးမျိုး ပြောင်ကြ နောက်ကြနဲ့ ၀ိုင်းသမကြတာပေါ့။ ဒါကြောင့် ခမျာမှာ အညိုအမည်းတွေ ပေါ်ပြီး ထွန့်ထွန့်လူး ညည်းညူနေရရှာတာပါ။ အဲ … ခြံထဲကလဲ ထွက်တော့ သူတို့ပိုင်နက် ကျော်သွားတာမို့ ဆက်မလိုက်ကြတော့ဘူး၊ ဒါကြောင့် ဆေးခန်းရောက်ရင် အကောင်းပတိ ဖြစ်နေတာတဲ့။ သူတို့ကလဲ ပူးတုံခွါတုံပါ။ ပူးနေချိန်ဆို မျက်ထောင့်နီနီ အံကြီးကြိတ်ထားတယ်။ ခွါနေချိန်ဆို ဖျာလိပ်တို့ သနပ်ခါးတုံးတို့လို သစ်ဝါးနဲ့ လုပ်တဲ့အရာတွေကို ကပ်ပြီး မတင်ဌေးမြင်သာအောင် အမျိုးမျိုး ခြောက်လှန့်ကြ နောက်ပြောင်ကြတယ်။ ပုံစံတွေက ရုပ်ကြမ်းကြီးတွေ အကြေးခွံအကွက် အကွက်တွေလဲပါသတဲ့။ (အဲဒါက နောက်ပိုင်း မတင်ဌေးပြန်ပြောပြတာပါ)

အကျိုးအကြောင်း ရှင်းပြပြီးနောက် ဆရာတော်က သူ့သီလနဲ့ တိုင်တည် သစ္စာပြုပြီး နတ်တွေ အကုန်လုံးကို ပင့်ဖိတ်တယ်။ ဒီအိမ်မှာနေတဲ့သူတွေကို မနှောက်ယှက်ဖို့ သူတို့ထက် စီနီယာနတ်တွေကို အမိန့်ပေးခိုင်းတယ်။ မင်းတို့ကိုလဲ မနှောက်ယှက်ဘူး၊ အိမ်သားတွေကိုလဲ မနှောက်ယှက်နဲ့။ ဒါကိုမှ နှောက်ယှက်မယ်ဆိုရင် မင်းတို့ဒီမှာ မနေရအောင် လုပ်ရလိမ့်မယ်လို့လဲ ပြောတယ်။ ပြီးတော့ နွားနို့ရယ် ပေါက်ပေါက်ရယ် အမွှေးတိုင်ရယ် အဲဒီတောင်ပို့နားမှာ သွားချပြီး မတင်ဌေးကိုယ်တိုင် တောင်းပန်ခိုင်းတယ်။ နဂါးစောင့်တဲ့ သိုက်မို့ နွားနို့ပေါက်ပေါက်နဲ့ တောင်းပန်ရတာလို့ ပြောတာပဲ။

ညဘက်မို့ ခြံထောင့်က တောင်ပို့နားမှာ အတော်လေး မှောင်နေပါတယ်။ အဲဒီနားမှာ သရက်ပင် သုံးပင် တြိဂံလို ပေါက်နေတဲ့နေရာကို ကျမတို့ငယ်ငယ်က မြေပုံတွေဘာတွေ ဆွဲပြီး ရတနာသိုက် ရှာတမ်း ကစားခဲ့ဖူးသေးတယ်။ ခုတော့ တောင်ပို့က ရတနာသိုက် ဖြစ်နေပါရောလား။ မတင်ဌေး သွားတောင်းပန်တော့ ကျမတို့လဲ ခပ်ကြောက်ကြောက်နဲ့ လိုက်သွားကြည့်ကြတယ်၊ ဘာမှတော့ မမြင်ခဲ့ရဘူး။ ၀ါးရုံပင်က လေတိုက်လို့ တရှဲရှဲမြည်တာနဲ့ ကြောက်ပြီး ပြန်ပြေးလာခဲ့ကြတာပဲ။

ခြံနောက်ဘက်မှာက သစ်ပင်ကြီးတွေအပြင် ရေတွင်းအိုကြီးရယ်၊ အိမ်သာ သုံးလုံးရယ်၊ ရေစင် အမြင့်ကြီး တခုရယ် ရှိတယ်။ အရင်ကတော့ ပြေးလွှားဆော့ကစားကြ စစ်တိုက်တမ်း တူတူပုန်းတမ်းကစားကြတဲ့ နေရာဆိုပါတော့။ အဲဒီနောက်ပိုင်း ကျမတို့တွေ ခြံနောက်ဘက်ကို နေ့ရော ညပါ မသွားရဲကြတော့ဘူး။ အိမ်သာကိုလဲ အိမ်ထဲက အိမ်သာပဲ သွားဖြစ်ကြတော့တယ်။ မယုံဘူးလို့ အမြဲပြောလေ့ရှိတဲ့ကျမလဲ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကြုံရတော့ မယုံချင်လို့ မရတော့ပါဘူး။ တခြားသူတွေ တစ္ဆေသရဲ ပူးပြီး ပြန်ထွက်သွားရင် ဘယ်လိုနေသလဲ မသိပေမဲ့ မတင်ဌေးကတော့ ရက်အတော်ကြာမှ အညိုအမည်းတွေ ပျောက်ပြီး အသံလဲ ဖြည်းဖြည်းချင်း ပြန်ထွက်လာပါတယ်။

သူတို့ကို တစ္ဆေလား သရဲလား ဥစ္စာစောင့်လား နတ်နဂါးလား ဆိုပြီး တခုခုတော့ ခေါင်းစဉ်မတပ်ချင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ မျက်စိနဲ့ မမြင်ရတဲ့ ဒီလိုလောကသားတွေ ရှိနေတယ်၊ သူတို့နဲ့ ကိုယ်က ကြားခံနယ်ချင်း မတူလို့ နိစ္စဓူဝ မမြင်မတွေ့ရပေမဲ့ ခုလို အခန့်မသင့်တဲ့အခါမျိုးမှာ တွေ့မြင်နိုင်သလို ၀င်ရောက်ပူးကပ်နိုင်တယ်၊ သူတို့ကိုကိုယ်က မထိခိုက် မစော်ကားဖို့နဲ့ ကုသိုလ်ပြုတဲ့အခါ အမျှဝေဖို့ မေတ္တာပို့ပေးဖို့ လိုတယ် ဆိုတာကိုတော့ ကျမ ကောင်းကောင်း သဘောပေါက်ခဲ့ရပါတော့တယ်။
***
မေဓာဝီ
၃၁၊ အောက်တိုဘာ၊ ၂၀၁၀
၁၈း၀၉ နာရီ

(အသိပေးခြင်း။ … ။ ၆ လတခါ မဆုံချင်ဘဲ ဆုံနေရတဲ့ စာမေးပွဲကြောင့် ဘလော့ဂင်းခြင်းကို ခေတ္တ နားရပါဦးမယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ပြန်ဆုံကြပါစို့။)

25 comments:

Harry said...

အဲဒါ နဂါးသိုက်ပေါ့ ... ဒါပေမဲ့ နဂါးကလည်း ဘယ်လို နဂါးပါလိမ့် ... ပေါက်တူးနဲ့ဆော်တာတောင် ခေါင်းမှာ ဒဏ်ရာရသွားတယ်ဆိုတော့ ခပ်ညံ့ညံ့ နဂါးဖြစ်မယ် ... မီးတွေ ဘာတွေနဲ့လည်း ပြန်မမှုတ်ဘူး ... မျက်စောင်းထိုးရင် ပြာဖြစ်ဖို့ နေနေသာသာ သူတောင် အပြေးကောင်းလို့ လွတ်သွားတာ ဆိုတော့ ... ရွှေရှိတယ်ဆိုရင် သွားတူးတာ မဟုတ်ဘူး .... ရွှေဈေးတက်နေတဲ့ဟာ ....

Soe Mya Nandar Thet Lwin (Borros Roxo) said...

မနေ့က အဆက်ဆိုတော့ ဒီနေ့ ထပ်လာဖတ်တာ။

တခါမှ မကြုံဖူးလို့ မယုံကြည်ပေမယ့် အဲလို လောကသားတွေ ရှိတာကိုတော့ လက်ခံတယ်။

အင်္ဂလန်မှာ သရဲပေါတယ်လို့ ရင်းနှီးတဲ့သူတွေက ပြောတယ်။

သရဲမကြောက်တတ်လို့ပဲလား ဒါမှမဟုတ် သရဲထက် နန္ဒာကပဲ ပိုကြောက်ဖို့ ကောင်းလို့ပဲလား သရဲဆိုတာ တခါမှ မကြုံဖူးဘူး။

စကားမစပ် လန်ဒန်က ကောလင်းဒေး ဘုန်းကြီးကျောင်း ရံပုံငွေအတွက် ဒီဇင်ဘာ ၁၉ရက်မှာ မြန်မာ့ယဉ်ကျေးမှု့ သုခုမ ပဒေသာကပွဲနဲ့ စာပေဟောပြောပွဲ အစီအစဉ် လုပ်ဖြစ်မယ်။

အဲဒီပွဲမှာ နန္ဒာက အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာနဲ့ အစီအစဉ်တင်ဆက်သူ လုပ်ပေးဖို့ ရီကွက်စ် လုပ်လာလို့ လုပ်ဖြစ်မယ်။ လူ၃၀၀လောက် လာမယ် မှန်းထားကြတယ်။

အသေးစိတ် အစီအစဉ်ကို မေးလ်ပို့ လိုက်ပါမယ်။ လာနိုင်ရင် လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ် မမေဓါဝီ။

စာမေးပွဲ အခက်အခဲမရှိ ဖြေဆိုနိုင်ပါစေ။

ခင်မင်လျှက်
နန္ဒာ

Anonymous said...

အမ... အမဆီက အခါခါကြားရပေမဲ့ ခုလိုစာအဖြစ်ရေးပြတော့လဲ ဖတိရတာ ကြိုက်တယ်။
အပိုအလိုမရှိ အဖြစ်အပျက်ကို တိုက်ရိုက် ရေးပြထားတော့ ဖတ်ရတာ အရသာလဲရှိတယ်။

နောက်ဆုံး နိဂုံးလေးကိုလဲ သဘောကျတယ်။

ညီမ

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေရေ...
ဘကျောက်လဲ နဂါးသိုက်ဆိုတာ ကြုံဖူးတယ်..ဒါပေမဲ့ အိပ်မက်ထဲမှာသာပြတာ အပြင်မှာသွားကြည့်တော့ ဧရာမ မြွေဟောက်ကြီးတွေ့လို့ ရေးစရာ သိတ်မထူးဆန်းတော့ မရေးခဲ့ဘူးလေ..အိပ်မက်ကတော့ သူသူကိုယ်ကိုယ် မက်တတ်တာပဲ။
အိပ်မက်ထဲမှာတော့ သိတ်ထူးဆန်းတာပဲ နိုးတော့လဲ ဘယ်နေရာဆိုတာ အကုန်မှတ်မိတယ်..

The Queen said...

ဥစ္စာစောင့် ဝင်ပူးတာတော့ ကိုယ်တွေ့ မြင်ဘူးပါတယ်။ အပူးခံ ရသူ ရဲ့ အသံတွေ ကိုယ် အမူ အရာတွေ လုံးဝပြောင်းသွားတာ အံ့ဩ စရာ အရမ်းကောင်းတယ်။ မမြင်ရတဲ့ ပရ လောကသားတွေ ရှိတယ် ဆိုတာ ယုံတယ်။

SHWE ZIN U said...

ကျမသာ အူတူအတနဲ့ သူတို့ပြောတာယုံပြီး ဖြုတ်ပေးလိုက်မိရင် သွားပြီ။

မမေဓါ ရေ တော်သေးတာပေါ့ တော်တယ်ဗျာ
အမ သာဆို ဖြုတ်ပေးလိုက်မှာ အူတူအတ ကိုး

ကောင်းကင်ပြာကြီးရဲ့အောက်မှာ မယုံနိုင်စရာ တွေ မထင်မှတ်တာတွေ အများကြီးနော် ကိုယ့် ဥာဏ်လေး တထွာတမိုက် နဲ့ လျှောက်ငြင်းလို့ မရဘူး

သြ..ဒါနဲ့ အဲဒီသိုက် ကို မတူးဘူးလားဗျာ ရွှေစင်ဦး တောင် သိုက်ရှိတဲ့ နေရာသိသွားလို့ သိုက်ဆရာ လုပ်ရမလားတောင် စိတ်ကူးမိတယ်

စာမေးပွဲ ကို ချောမောစွာ စိတ်ချမ်းသာစွာ ဖြေဆိုအောင်မြင် နိုင်ပါစေ

ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

:P said...

စိတ်ဝင်စားစရာကောင်းတယ်..။

အသေသတ်ပစ်မယ်ဆိုတော့ မလွယ်ဘူးနော်...

မသိလို့ မှားမိတာကို ခွင့်မလွှတ်နိုင်ကြဘူး စိတ်ကြီးကြတယ်...

Anonymous said...

ကြီးမေ ရေ စီနိယာနတ် တွေ ဂျူနီယာနတ်တွေ ရှိသေးလားဗျ စီနီယာ ၀ိဥာဏ် ဂျူနီယာ ၀ိဥာဏ် တွေ ရောပေါ့ ပြောမယုံ ကြုံဖူးမှ သိကြတာပေါ့ ...စည်းစိမ်ကတော့ ကြုံဘူးသေးပေါင်ဗျာ

စိတ်အေးချမ်းစွာဖြင့် စာမေးပွဲကို ဖြေနိုင်ပါစေ။ ခေတ္တသာ နားခွင့်ပြုပါမည်။
အမြဲထာဝရ မျှော်နေပါမည်။

ခင်မင်စွာဖြင့်
အရီးလေး seesein

Unknown said...

A good illustration and felt as same feeling when reading the thrill story of Sayagyi Shwe U Daung at midnight.

sosegado said...

မကျွတ်မလွတ် ဖြစ်ရတာမလွယ်ပါလား၊
လောဘအစွဲကြောင့် ငါ့ဟာ ငါ့နေရာ ငါ့ခေါင်းဆောင် အစွဲတွေ
တော်တော် ကြောက်စရာကောင်းပါလား၊
ဘာလုပ်လုပ်ပွဲပေးကြတာ ဒါကြောင့်လား မသိဘူး၊

ကိုအောင် said...

သာသနာ့သိပ္ပံကျောင်းကတော့ ထိန်းသိမ်းသူမဲ့ တိတ်ဆိတ်နေဆဲ၊ နဂါးသိုက်ဆိုတော့ ဂဠုန်သိုက်
ရော ရှိဖူးလားဗျ :P

မြစ်ကျိုးအင်း said...

မြန်မာပြည်က တော်တော်များများကတော့ တောင်ပို့တွေဆို အလေးထားကြတာများတယ်။
ကျနော် အဖိုးအိမ်အောက်က တောင်ပို့ဆိုရင် ရာဇမတ်ကာပြီး နွားနို့တွေ အမွှေးတိုင်တွေ အမြဲ ကပ်တယ်။ တောင်ပို့က တဖြည်းဖြည်း ကြီးလာပြီးတော့ အမောက်တွေလို ဘေးဘက်တွေ အပေါ်ဘက်ကနေ ထွက်လာတာ ကိုယ်တွေ့ မြင်ဖူးတယ်။ တောင်ပို့တွေရဲ့ သဘောကိုက အဲဒီလိုလား နယ်လွန်ဖြစ်ရပ်လားတော့ မသိဘူး။

ပူးနေသူဘေးမှာ တရားစာတောင် ထိုင်ရွတ် ပေးလိုက်သေးတယ်။ ကျနော်သာဆို တယောက်ထဲ ရွတ်ပေးရဲမှာ မဟုတ်ဘူး။

မိုးယံ said...

31 ဘုံထဲ သူတို့လဲ ပါသကိုး.... ခပ်လန့်လန့် နဲ့ ဖတ်သွားတယ်။ ပြီးပြီ။

သတ္တိကိုလေးစားပါတယ်။

အစ်မလဲ စာမေးပွဲ အဆင်ပြေပါစေ။ စာမေးပွဲ ပြီးလို့ အသစ်တင်မှ ထပ်လာဖတ်ဦးမည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အဟဲ
ဒီနေ့တော့ တကယ်ကြောက်သွားပြီ
ဖတ်ရင်း ကြက်သီးထလိုက်တာ
အဲဒီလို ပူးတာတေတွတော့ တွေ့ခဲ့ဖူးတယ်..
မယုံချင်ပေမဲ့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေ သက်သေအထောက်အထားတွေကြောင့် ယုံတတ်သွားခဲ့တယ်..
အံ့သြဖို့ကောင်းတဲ့ မမြင်ရတဲ့ ပရလောကဟာလည်း တကယ်ကို ရှိနေတာဘဲနော်
အကောင်လိုက် မမြင်ရတာဘဲ ကျေးဇူးတင်လှပြီ
ကြက်သီးထလွန်းလို့ ...
မမေ စိတ်ချမ်းသာစွာနဲ့ စာမေးပွဲဖြေနိုင်ပါစေ..

~ဏီလင်းညို~ said...

မမြင်နိုင်တဲ့ လောကသားတွေပဲနော်မမေရေ့......။
ဖတ်ရတာလည်း......ရေးတာကောင်းတော့ လန့်စရာတောင်ကောင်းလာတယ်.....ဟိဟိ။
ဒါပေမယ့် ဒီလိုစာမျိုးဆို မဖတ်ရလည်း မနေနိုင်လေ......။

စာမေးပွဲလည်း.......ချောချောမွေ့မွေ့အောင်မြင်စွာဖြတ်သန်းနိုင်ပါစေလို့ဗျာ.......

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Anonymous said...

လာဖတ်သွားပါတယ်
အဲလိုမျိုးတွေ ကြုံတာပဲကြားဖူးတယ်
တခါမှ ကြောက်စရာတော့ကိုယ်တွေ့မကြုံဖူးသေးဘူး:)

စူးနွယ်လေး

သူကြီးမင်း (တုံးဖလား) said...

တော်သေးတာပေါ့။ သရဲက အဆော့သန်တဲ့ မေဓာဝီကို မပူးဘဲ မတင်ဌေးကို သွားပူးလို့။ ဧကန္တကတော့ မတင်ဌေးက ရုပ်ချောပုံပေါ်တယ်။ ဒါကြောင့် သရဲက သဘောကျပြီး ၀င်ပူးတာဖြစ်မယ်။ မေဓာဝီကိုတော့ သရဲကတောင် လန့်ပြေးရတယ်ထင်ပါ့။ ဒါကြောင့် ၀င်မပူးရဲတာများ ဖြစ်နေမလားဘဲ။း)))။

ဘာဘဲဖြစ်ဖြစ် သရဲပုံပြင်လေးကို ဖတ်ခွင့်ရလိုက်တာကတော့ ဒီလိုမျိုး မျက်စိနှင့် မမြင်နိုင်တဲ့ ပရလောကသားတွေ ရှိပါသေးလားဆိုပြီး အိုင်ဒီတစ်ခုတော့ ရသွားပါတယ်။ ဖတ်ကောင်းကောင်းနဲ့ ဖတ်လိုက်တာ ဆုံးသွားတာတောင် မသိလိုက်ဘူး။

ပျော်ရွှင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ညိမ်းနိုင် said...

ကြုံဖူး၊ကြားဖူးတယ်...။မယုံလို့လဲမရ..၊ကိုယ်ကလည်း
မယုံချင်..။နောက်ဆုံးတော့ မပတ်သက်ပဲနေတာအကောင်း
ဆုံးလို့ဆုံးဖြတိလိုက်တယ်ဗျ..။ကြောက်လည်းကြောက်တာ
ကိုး :D

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သိုက်ကိုယုံတယ်။ အညာဘက် ရွာတွေမှာ အဲလိုအဖြစ်မျိုးတွေ မကြာခဏကြားရပါတယ်။ အခုဆောင်းပါးလေးက တော်တော်ဖတ်လို့ကောင်းသားတယ်။ ဆောင်းပါးအတွက် ကျေးဇူးပါ

Anonymous said...

ကြီးမေရေ
ဒီနေ့လည်း အပျော်ဆုံးနေ့ တနေ့ထဲမှာပါမယ်ထင်တယ်ဗျ
ကြီးမေ ကျန်းမာချမ်းသာစွာနဲ့ စာတွေကျက်နိုင်ဖတ်နိုင် ရနိုင်ပါစေလို့ စစ ဆုတောင်းပေးပါတယ်

ခင်မင်စွာဖြင့်
အရီးလေး စစ

ရာဇာထွေး said...

မင်္ဂလာပါ မမမေ..ဒီပို့စ်လေးဖတ်ရတာစိတ်ဝင်စား စရာကောင်းသလိုကြောလည်းချမ်းပါတယ်..
ဖတ်ကောင်းကောင်းနဲ့အလုပ်ထဲမှာဖတ်ပြီးအပြန်ကြမှ
ကျွန်တော်ဒုက္ခဖြစ်တာမမမေရေ..အိမ်နဲ့စက်ရုံကြားမှာ မလေး သင်္ချိုင်းရှေ့နေဖြတ်ရတာလေ..ခါတိုင်းဆိုပြဿနာမရှိဘုးလေ..အေးဆေးဘဲ..။ အဲဒီနေ့ကမမမေ၇ဲ့ပို့စ်အစွမ်းတွေလေ..ကျွန်တော်ပြန်တဲ့အချိန်လည်းကြည့်အုန်းလေမနက် ၄း၀၀နာရီလေ..မကြောက်ဘဲနေလို့ရမလား..ကျွန်တော့် အလုပ်ချိန်က ညနေ၄း၀၀နာရီကနေမနက်၎း၀၀နာရီအထိလေ..ဟဲဟဲကျွန်တော်လည်းဘာသားနဲ့ထုထားတာမှတ်လို့..။
တခုလောက်ခွင့်တောင်းပါရစေမမမေ..။ မမမေရဲ့ အဖေ့ကဗျာလေးတွေနဲ့တခြားဗဟုသုတရှိစေတဲ့ပို့စ်လေးတွေကို www.eainlwanthu.ning.com/ မှာရှိတဲ့ကျွန်တော့်ရဲ့ဘလော့လေးမှာတင်ချင်ပါတယ်မမမေ..။ စာကောင်းပေကောင်းလေးတွေကိုသူငယ်ချင်းတွေကိုဖတ်စေချင်တဲ့ဆန္ဒကြောင့်ပါ..နောက်ပြီးဘလော့တွေဝင်ကြည့်ဖို့အခက်အခဲရှိတဲ့ပြည်တွင်းကသူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီးတင်ချင်လို့ပါမမမေ..။ တင်ဖြစ်ရင်လည်းမမမေ ရဲ့ဘလော့ကိုဘဲကျွန်တော်ပြန်
ညွှန်းမှာပါမမမေ..yarzar.htwe5@gmail.com/ ဒါကျွန်တော့်ရဲ့ မေးလ်ပါမမမေ..။
ခင်မင်လေးစားစွာဖြင့်..

rose said...

မမ မေဓာဝီ...အလည်ရောက်ပါတယ်ရှင့်။ သရဲ ၀ိဥာဉ် မမြင်ရတဲ့ လောကသားတွေ အကြောင်း စိတ်ဝင်စားလို့ သရဲများနှင့်ကျွန်မ ပို့စ်တွေ အကုန်ဖတ်သွားပါတယ်။ ထပ်ရေးပါဦးနော်။ ရို့စ် ဘလော့ဂ်လေးကိုလည်း အလည်လာ ပါဦးရှင့်။ ဘလော့ဂ်ဂါ အသစ်လေးပါး)
http://redroseofburma.blogspot.com/

Unknown said...

ရေးထားတဲ့ စာလေးတွေကို ဖတ်ပြီး
ဘလောဂ်ပိုင်ရှင် မမ ကို မြင်ဖူးချင်စိတ်တွေ
တဖွားဖွား ပေါ်လာမိတယ်ဗျာ ... ။
အင်မတန်ဆွဲဆောင်မှုရှိအောင်ရေးတတ်လိုက်တာ။
အဲ ... မမ မှာကာမပိုင်ရှိလား ၊ မရှိလားတော့
ကျွန်တော် မသိပါနော်။ တော်ကြာဦးသဝန်ကြောင်ကြီးများ
ဖြစ်နေရင် ပြဿနာ။

မောင်လေး

Crystal said...

စိတ်ဝင်စားဖို့ကောင်းလိုက်တာ...

Raymond.Kyaw Minn Naing said...

Exorcism တွေခတ်စားနေတယ်နော်..။ :D