Thursday, October 07, 2010

နေရာမှား၍ နားမိသည် ...


ပြန်ချင်ပါလျက်
အပျံခက်နေ
ငှက်တေလေ ငါ
နေရာမှား၍ နားမိသည်။
***
(ဘိလပ်မှာ ၃ နှစ်ပြည့်တဲ့နေ့အတွက်)

16 comments:

သူကြီးမင်း (တုံးဖလား) said...

ကျန်ချင်ပါလျက်
အကြံခက်နေ
စိတ်တေလေ ငါ
နေရာအား၍ နားမိသည်။ ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရေတမာ said...

ခံစားချက်ခြင်း တိုက်ဆိုင်လိုက်တာ အမရယ်

မောင်မျိုး said...

အဲ့လို ကဗျာတိုတိုလေးတွေဖတ်ရတာ အရသာရှိတယ် ထိထိ မိမိနဲ့ ဖတ်လို့ကောင်းတယ် ။

SHWE ZIN U said...

နားတဲ့ နေရာ
တအာ အာ နဲ့
သာထက် သာအောင် လုပ်ပေတော့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

အန်ချင်ပါလျက်
အအံခက်သည်
ဘလော့တေလေ ငါ
မေဓါမှား၍ ဖတ်မိသည်။

Anonymous said...

ဆန်ချင်ပါလျက်
အမှန်ခက်နေ
မြစ်ေ၇တွေ..
သွားစရာမရှိ၍ ပိတ်ရသည်။


Myatnoe

ချော(အစိမ်းရောင်လွင်ပြင်) said...

ငံချင်ပါလျှက်
ဆားမရှိ၍ အကြံခက်နေ
ဟင်းချက်တဲ့ငါ
ငံပြာရည်လောင်း၍ ချက်လိုက်သည်။
**
သူများတွေလို အားကျမခံ နောက်သွားတာ မမေ :)
စိတ်မဆိုးဘူး ဟုတ်

Anonymous said...

ပျံသာ ပျံပါ ရွှေဟင်္သာရေ
ငှက်တေလေတော့ မလုပ်ပါနဲ့
ဘလပ် ၃နှစ်လောက်ကတော့
ပျင်းပါတယ်ဗျာ ၁၀နှစ်မှ မပြည့်သေးတာနော
ရွှေပြည်မှဆို ညောင်သီးလဲစား လေးသံလည်း နားစွင့်
နေရမယ် အခုတော့ စိတ်တိုင်းကြ လွတ်လွတ်လပ်လပ် ပျံသန်းပေးတော့
seesein

ကိုအောင် said...

သုံးနှစ် နည်းသေးတာပေါ့း)

ညိမ်းနိုင် said...

အင်းနော်...အဲလိုတွေးမိတာကြာပြီ..။အဲလိုသာ မရေးတတ်
တာရယ်...။ဒီလိုပုံနဲ့ မိုးကြီးချုပ်တော့မည်..ဆိုတာလိုပဲထင်
ပါ့.......။

မိုးယံ said...

အဲလောက်တိုတို ထိထိ ၊ တော်တော် မိတယ်။ ခံစားချက်ခြင်း ကီးညှိ စရာ မလိုတော့ဘူး။

သိင်္ဂါကျော် said...

နေရာမှားနေတယ်လား.. တစ်နေ့တော့လည်း နေရာမှန် ရောက်မှာပေါ့.. :)

sosegado said...

ကဗျာလည်းကောင်း မန့်တာတွေလည်းကောင်း

မြတ်နိုး said...

အမ..

ကဗျာတိုတို
စာဆိုလို
အပိုစကားမဆို
တိုတိုထိထိ
ရေးပါဘိ
မှတ်သိ အစုံစုံ။


အမ.. မီးမီးဆီးမှာ ကဗျာ ကော်မန့်ပေးပါ။

ကိုပေါ said...

လောကအကြောင်း
ကောင်းကောင်း...စုံလင်စွာရယ်
မသိနိုင်ဘဲ သူပျံလေတယ်
ဘဝခရီး ငြီးငိုရင်း
ခရီးကို စမ်းတဝါး
ပျံသွားတဲ့ ငှက်တေလေရယ်။

(ဝင်းဦးသံဖြင့် သီဆိုပါရန်။း-)

Harry said...

ပျံချင်ပါလျက် လား .... ပြန်ချင်ပါလျက်လား ... မမေ :D

နားမိမှတော့လည်း မပျံပါနဲ့တော့ .... ဒီကဗျာလေးဖတ်မိတော့ မောင်ပေါက်စည်ရဲ့ ကဗျာလေး သွားသတိရတယ် ... နားမိပြီးမှ ပျံသွားမယ်ဆိုရင် ...

ဝင်လာခိုနား
ပျံထွက်သွားသော်
ကိုင်းဖျားသိမ့်သိမ့် ကျန်ရစ်မည် ... တဲ့

မေတ္တာဖြင့်
ဟယ်ရီ