Thursday, December 24, 2009

ခရစ်စမတ် အပိုင်းအစများ

ခရစ်စမတ်နဲ့ ရာသီဥတု
နက်ဖန်ဆို ခရစ်စမတ် ရောက်ပြီ။ ဒီနှစ် ခရစ်စမတ်ကို အဖြူရောင် ခရစ်စမတ်လို့ ဆိုရမလားပဲ။ ဘိလပ်မြေ တခွင်လုံး အဖြူရောင် နှင်းတွေ ဖုံးနေတယ်။ ခရစ်စမတ် မတိုင်ခင်ကတည်းက တနိုင်ငံလုံး အပူချိန်တွေ သိသိသာသာ ကျနေပြီ။ ဒီနှစ် ထူးထူးခြားခြား တောင်ဘက်ပိုင်းမှာ နှင်းတွေ အရင်စမြင်ရတယ်။ နောက်တော့ မြောက်ပိုင်း … နောက် တနိုင်ငံလုံးနီးပါး ရေတွေခဲ၊ နှင်းတွေကျပြီး လေယာဉ်၊ ရထား၊ ကားတွေလည်း အသွားအလာခက်ကုန်ကြတယ်။ ယာဉ်တိုက်မှု မတော်တဆမှုတွေလည်း တော်တော်များတယ်။ စကော့တလန်မှာ အနုတ် ၁၆ ဒီဂရီ စင်တီဂရိတ်ထိ အပူချိန်ကျသတဲ့။ အနှစ် ၂၀ အတွင်း အဆိုးရွားဆုံးဆိုပဲ။

စက်ဘီးလေးလည်း နှင်းတွေဖုံးလို့ မရုန်းနိုင်ရှာ
နှင်းခြုံလွှာဆင်မြန်းရင်း ချမ်းနေရှာတဲ့ ကားလေးတွေ


နှင်းဦးထုပ်ဆောင်းထားတဲ့ အမှိုက်ပုံးတွေ
***
ခရစ်စမတ် ဈေးဆိုင်တန်း

ကျမလည်း ကျောင်းပိတ်ပိတ်ချင်းပဲ ကျောင်းတက်တဲ့မြို့ကလေးကနေ ဦးရီးတော်ရှိရာမြို့ကို သွားလိုက်တာ ကံကောင်းတယ်ဆိုရမယ်။ အဲဒီအချိန်က ခုလောက် ရာသီဥတု မဆိုးသေးဘူး။ ခရီးသွားလို့ အဆင်ပြေသေးတယ်။ နောက်တရက် ဘာမင်ဂန်ကို ဗီဇာကိစ္စသွားတော့လည်း အေးအေးဆေးဆေးပဲ။ အပြန်မှာ ဓာတ်ပုံတောင် လျှောက်ရိုက်ခဲ့သေးတယ်။

ဈေးသည် ဈေးဝယ် စုံလို့ရယ်

ချမ်းချမ်းစီးစီး ကိုယ်လုံးတီး (အရုပ်ကြီးကိုပြောတာပါ)

တကိုယ်တည်းသာ ငေးနေရှာ

ဘိုးဘိုးဘွားဘွား ဈေးဝယ်သွား

နတ်မြင်းပျံကြီး ပျော်ပျော်စီး

တဖြည်းဖြည်း ခရစ်စမတ်နားနီးလေ ရာသီဥတုက ဆိုးလေလားမသိပါဘူး။ ဒီအချိန်ဆို လူတွေက ဈေးဝယ်ထွက်ကြ၊ ခရီးထွက်ကြ၊ အပြင်အထွက်များတဲ့ အချိန်။ ဒီလိုအချိန်မှာ ရာသီဥတု တအားဆိုးတော့ လူတွေ ပိုပြီး ဒုက္ခရောက်ကြတယ်။ လူတွေတွင်မကပါဘူး၊ ငှက်ကလေးတွေလည်း ဒုက္ခရောက်ကြတာပဲ။ တချို့ငှက်တွေက ဆောင်းတွင်းဆို နွေးတဲ့ဒေသကို ပြောင်းကြပေမဲ့ ခိုကလေးတွေကတော့ ဝေးဝေးမပျံကြဘူး။ ခမျာများမှာ အအေးဒဏ်ကို ဒီအတိုင်းသာ ကြံ့ကြံ့ခံကြရရှာတယ်။

နှင်းဒဏ်ခံနေရတဲ့ ခိုကလေးနှစ်ကောင်
***
ခရစ်စမတ် ရုပ်ရှင်

ကျမတို့တူဝရီးကတော့ အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးနေပြီး တယ်လီဗေးရှင်းကြည့်လိုက် အစားအသောက်စားလိုက် တရားနာလိုက် သီချင်းနားထောင်လိုက် နေနေကြတာပဲ။ စာမေးပွဲဖြေပြီး လူရောစိတ်ပါ ပင်ပန်းနေတဲ့ ကျမကို သနားလို့ထင်ပါရဲ့၊ ဦးရီးတော်က အလိုလိုက်ထားတယ်။ စာမသင်ပေးဘူး၊ ရုပ်ရှင်တွေပေးကြည့်တယ်။ ကျမအကြိုက်ပေါ့။ ပိတ်ရက်ရာသီဆိုတော့ တယ်လီဗေးရှင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကောင်းတွေ လွှင့်တယ်။ ကျမတို့ဆီမှာ သင်္ကြန်ဆိုရင် သင်္ကြန်မိုး လွှင့်သလို ဒီမှာတော့ ခရစ်စမတ်ဆိုရင် A Christmas Carol ဆိုတဲ့ ဇာတ်ကား ပြလေ့ရှိတယ်။ ချားလ်စ်ဒစ်ကင်ရဲ့ ၀တ္ထုကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ကျမလည်း ဒီရောက်မှ ကြည့်ဖူးတယ်။ အဖြူအမည်း ခေတ်ကနေ အခုအချိန်ထိ အကြိမ်ကြိမ် ပြန်ရိုက်ရတဲ့ ရုပ်ရှင်ပါ။ အဲဒီထဲက ဇာတ်ကောင် Scrooge ကြီးက အကြင်နာတရားမရှိ၊ လောဘကြီးပြီး ကပ်စေးနည်းတဲ့ လူခွစာကြီးပေါ့။ ခရစ်စမတ်တွေ ဘာတွေလည်း သူမသိဘူး၊ သူသိတာ ပိုက်ဆံ၊ သူ့စီးပွါးရေးပဲ။ သူ့ဝန်ထမ်းကိုတောင် ခရစ်စမတ်ရက်မှာ ခွင့်မပေးချင်ဘူး၊ တညမှာ အဲဒီလူကြီးကို သရဲလေးကောင်က ပညာလာပေးကြတယ်။ တချို့လည်း ကြည့်ဖူးကြပါလိမ့်မယ်။ မကြည့်ဖူးသေးသူတွေလည်း ယူကျု့မှာ ရှာကြည့်လို့ရပါတယ်။ (ဒါက အမြည်းပါ)



***
ခရစ်စမတ် သီချင်း

တယ်လီဗေးရှင်းမှာ လွှင့်တဲ့ ခရစ်စမတ်သီချင်းတွေထဲက ဒီသီချင်းလေးကို ကျမ နှစ်သက်မိတယ်။ အန်ဒီဝီလျံဆိုထားတာပါ။ Silver Bells တဲ့။ နားထောင်ကြည့်ကြပါဦး။



Silver bells … silver bells
It’s Christmas time in the city
Ring-a-ling, hear them sing
Soon it will be Christmas day …

အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြည်နူးဖွယ် ခရစ်စမတ် ဖြစ်ပါစေရှင် ... ။
***
မေဓာဝီ
၂၃၊ ဒီဇင်ဘာ၊ ၂၀၀၉
၂၃း၁၀ နာရီ

13 comments:

Anonymous said...

Merry X-mas and happy holiday!

Happy Happy New year!

All your dreams will come on the New year.


Nyima

ကိုပေါ said...

Merry Christmas!!!!

ကိုအောင် said...

ခရစ်စမတ် ပိတ်ရက်မှာ ပျော်ရွှင်ပါစေ။

pandora said...

မမေရေ
ပျော်ရွှင်ကြည်နူးဖွယ် ခရစ်စမတ် ပိတ်ရက်လေးကို ပိုင်ဆိုင်ပါစေ။ လင်းလက်တဲ့ အနာဂတ်တွေကိုလည်း ၂၀၁၀က သယ်ဆောင်လာပါစေ။

Steve Evergreen said...

:)

khin oo may said...

လာဖတ်သွားတယ်။မေဒါဝီ. နစ်သက်ပါတယ်။

PAUK said...

မမေရေ..
ပျော်ရွှင်စရာ ခရစ်စ်မတ်စ် ဖြစ်ပါစေ..။။
ပျော်ရွှင်စရာ နှစ်သစ်လည်း ပိုင်ဆိုင်ပါစေ..။။
ပုံတွေအောက်က စာသားလေးတွေကို
သဘောကျနေတယ်။။

ဈေးသည် ဈေးဝယ် စုံလို့ရယ်
ချမ်းချမ်းစီးစီး ကိုယ်လုံးတီး (အရုပ်ကြီးကိုပြောတာပါ)
တကိုယ်တည်းသာ ငေးနေရှာ
ဘိုးဘိုးဘွားဘွား ဈေးဝယ်သွား
နတ်မြင်းပျံကြီး ပျော်ပျော်စီး

ATN said...

Merry X'Mas ပါ မမေ...

Nge Naing said...

Merry Christmas and Happy New Year!
ခရစ်စမတ်ကာလကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းရပါစေ။

ခိုင်စိုးလင်း said...

ဟက်ပီးနယူးယီးယားပါ မမေ

ကလူသစ် said...

Merry X'mas ပါဗျာ။ နှင်းမရှိတဲ့နေရာက သူတွေကတော့ နှင်းအတုပါးပါးလေးနဲ့ ရှာကြံပျော်ကြ၊ နှင်းထုထဲက လူတွေကတော့ ဒွတ်ခများကြ။ အင်း...တမျိုးပဲ

kay said...

Merry X'Mas ပါ မမေ...

နှင်းတွေ ထဲမှာ..လူးသွားတယ်..ဒီမှာတော့.. ပူပြင်းသော ခရစ်စမတ်လေ..

Unknown said...

မေဓါဝီသူလေးရေ
ခရစ်စမတ်လက်ဆောင်လေးလက်ခံပေးပါ။
goodnews4e.blogspot.com