"... ချစ်သူ ..."
ချစ်သူက “နေ”
မေကလေ “လ” ...၊
ချစ်တဲ့သူ ရောင်အဆင်းနဲ့
ထွန်းလင်း သာ-ရ။
ချစ်သူက “ရေ”
မေကလေ တပွင့်ပန်း ... ၊
ချစ်တဲ့သူ ရေစင်ဖျန်းမှ
ဖူးပွင့်လို့ လန်း။
ချစ်သူက ကဗျာ
ကာရန်က မေလေး ... ၊
နှစ်ကိုယ်တူ ကြည်ရွင်အေးဖို့
သီကုံးမယ့် တေး။ ... ။
***
မေဓာဝီ
၁၅၊ ၀၉၊ ၁၄
၁၄း၄၄ နာရီ
7 comments:
ချစ်စရာသိပ်ကောင်းတဲ့ ချစ်သူ ကဗျာလေးး))
နေ လ ရေ ပန်း၊ ကဗျာဆန်း၊ စိတ်မှန်းကာရန်ယူ။
ထွန်းလင်းဖူးပွင့်၊ ကြည်အေးခွင့်၊ အသင့်ဖြစ်လေသူ။
မေဓာ့ကဗျာ၊ တောင်းဆုဖြာ၊ မေတ္တာပြည့်တော်မူ။
ကြည်လင်အေးချမ်းတဲ့ ကဗျာလေးကို သဘောကျမိတယ် မမေ...။
ကောင်းလိုက်တဲ့ကဗျာလေး
ချစ်သူနဲ့မေ တေးဖွဲ့ရေး
ကဗျာတွေ အရေးအသားတွေ
ဟိုအရင်ကလို ပြန်လှလာပြီ...
'မမေ'ပဲလေ... တစ်မေထဲရှိတယ်....
စကားမစပ် တဂျီးမင်းရဲ့ မှင်စက်လဲ တုနှိုင်းမမှီပါလားနော်။
So pretty.
အဲဒီလို ကာရန်နဘေတွေနဲ့  ကဗျာတွေကို ကြိုက်တယ်..မမေ ကဗျာလေးက ချစ်စရာလေး...
Post a Comment