"ချစ်သူ ... (၂)"
ချစ်သူက “နေ”
မေကလေ “လ” ...၊
ထက်ကောင်းကင် တိမ်လွှာထဲမှာ
ဆုံခဲပေစွ။
ချစ်သူက “ရေ”
မေကလေ “တပွင့်ပန်း” ... ၊
နွေကန္တာ ရေပြာခမ်းတော့
ညှိုးခြောက်လို့ နွမ်း။
ချစ်သူက “ကဗျာ”
ကာရန်က မေလေး ...၊
သူ့ကဗျာ ကာရန်မဲ့လေတော့
နီးလျက်နဲ့ ဝေး ... ။ ... ။
***
မေဓာဝီ
၁၆.၀၉.၁၄
၁၀း၁၀ နာရီ
6 comments:
ဒီလိုဆိုတော့လဲ ကဗျာလေးက လွမ်းစရာလေးပါလား။ ရေးတတ်လိုက်တာနော်...။
ချစ်သူက “ကဗျာ”
ကာရန်က မေလေး ...၊
သူ့ကဗျာ ကာရန်မဲ့လေတော့
နီးလျက်နဲ့ ဝေး ... ။ ... ။
ကဗျာလေးအရမ်းလှတယ် မမေ..
“နဂါး”က ချစ်သူ
မေက,မူ “ခေါင်းလောင်း” …၊
မေ့ကိုရှာ ဘယ်ခါမတွေ့စေကြောင်း
သူ့ရဲ့ ဆုတောင်း …။
(မမေရဲ့ ချစ်စရာ ကဗျာလေးကို ဖျက်ဆီးတာ မဟုတ်ဘူးနော်၊ ရုတ်တရက် စိတ်ထဲပေါ်လာတာနဲ့… အဟဲ…)းD
ချစ်စရာ ကဗျာလေး ဖတ်သွားတယ် မမေရေ...
ပထမမန့်ထားတဲ့ စာကြောင်းပျောက်သွားလို့ ဒါ ဒုတိယတစ်ကြိမ် ပြန်မန့်တာ ...
မောင်ညီလင်းလဲ လူကနေပါတယ် ပညာကမနေသာ ဆိုသလိုပေါ့ မမေ.....ချစ်စရာကောင်းတဲ့ ဘလော့ဂါတွေ...
တခါတခါမှာ ကဗျာဆရာတွေက အတော်လေးရက်စက်တတ်ကြတယ်။
ကဗျာကောင်းတစ်ပုဒ် ထွက်ဖို့အတွက်နဲ့ အပြစ်မဲ့ ပန်းကလေးတွေ သေပေးရရှာတာ။ ကြွေပေးရရှာတာ။ သွေ့ပေးရရှာတာ ခြောက်ပေးရရှာတာ။း)
ဟား..ဟား..မမေ ကဗျာရော ကိုညီလင်း ကဗျာရော ကြိုက်တယ်...
Post a Comment