Tuesday, September 23, 2014

ပျင်းတဲ့ ကဗျာ ...

ပျင်းတဲ့အခါ ... ကဗျာရေးပါ

ကာရန်တွေနဲ့ ကစား
စကားလုံးများကို ထွေခင်း
ပျင်းတဲ့အခါ ... ကဗျာရေးပါ။

မိုးလင်းက မိုးချုပ်
အလုပ်တွေနဲ့ ရှုပ်နေရင်း
ပျင်းတဲ့အခါ ... ကဗျာရေးပါ။

စံပယ်တွေ လန်းပွင့်
နွမ်းလွင့်ပြီးတော့ ကြွေ
ပန်းခြောက်တွေအကြောင်း သီဖွဲ့
ပျင်းတဲ့အခါ ... ကဗျာရေးပါ။

နေရောင်ခြည် နွေး .. နွေး
လေနုအေး တိုက် .. တိုက်
မိုးဖြိုက်ဖြိုက် ရွာ .. ရွာ
ပျင်းတဲ့အခါ ... ကဗျာရေးပါ။
***
ကဗျာရေးရင်းနဲ့ ပျင်း
ပျင်းရင်းနဲ့ ကဗျာဖွဲ့
ဒီလိုနဲ့ ... 
ပျင်းလွန်းတဲ့အခါ ...
ကဗျာတပုဒ် ရေးဖြစ်တယ်။
***
မေဓာဝီ
၂၀၊ ၀၅၊ ၂၀၁၄
၁၈း၄၂ နာရီ

Facebook မှာ တင်ပြီးသားကဗျာလေးပါ။ ပျောက်သွားမှာစိုးလို့ ဘလော့မှာ ပြန်တင်လိုက်ပါတယ်။ 
(ပျင်းတဲ့အခါ ကဗျာရေးပါဟု ဆိုလာသူ .... သို့)

5 comments:

သူကြီးမင်း (တုံးဖလား) said...

ပျင်းပျင်းနဲ့ ဖတ်သွားတယ် ၀ါးးးးးးးးးးးး

Aunty Tint said...

အပျင်းပြေ ကဗျာတစ်ပုဒ် ဖတ်ပြီးခါမှ ပျင်းသလို ဖြစ်သွားတယ် မမေရေ.... :P

မဒမ်ကိုး said...

ပျင်းတဲ့အခါ အလုပ်မသွားချင်တာမမရေ ဟိဟိ

San San Htun said...

ပျင်းလို့  လာဖတ်တဲ့အခါ ကဗျာလေးက ချစ်စရာလေး..ပျင်းတဲ့အခါ ကဗျာများများရေးနော် မမေ...;)

သိင်္ဂါကျော် said...

ပျင်းတဲ့အခါ ကဗျာတွေလည်း လိုက်ဖတ်တယ်.. :)