Monday, February 18, 2013

အရောင်မဲ့ ကမ္ဘာ

"The Colourless Earth"

Let me fly by my strength,
Even I have wingless.

To continue my expedition,
By myself sailing;
For peace and tranquil.
I remove my selfishness,
And be folding the arrogance.

I’m searching for the locus,
Where these can be eliminated;
Worry, doubtful, quarrel and jealous.

Despite without colourful;
No red, purple, blue and yellow
But that place will be peaceful.

It is the colourless earth
Where I’m trying to search
And walking to the freedom path.
***
MDW
18/02/13
17:45
"အရောင်မဲ့ ကမ္ဘာ"

တောင်ပံမဲ့သော်ငြား
ရှိသမျှ အင်အားနဲ့
ငါ … ပျံသန်းသွားပါရစေ ... ။

အတ္တတွေကို ခွါချ
မာနတွေကို ခေါက်သိမ်း
ငြိမ်းချမ်းမှု တခုအတွက်
ကိုယ့်ကိုယ်ကိုယ် ရွက်လွှင့်လို့
ခရီးဆက်ခွင့် ရချင်တယ် ... ။

အဘိဇ္ဈာ , ဗျာပါဒ
သံသယနဲ့ ပဋိပက္ခများ
ဖယ်ရှားနိုင်တဲ့ တနေရာ …
ငါလေ ဖွေရှာမိ … ။

အဲဒီနေရာ ...
နီ ပြာ ၀ါ ခရမ်း
အရောင်စုံမလွှမ်းပေမဲ့
ငြိမ်းချမ်းတဲ့ နေရာ
'အရောင်မဲ့ ကမ္ဘာ'လေ
ရှာဖွေရင်း လျှောက်လှမ်း
လွတ်မြောက်ရာလမ်းဆီ … ။
***
မေဓာဝီ
၈၊ ၀၂၊ ၁၃ ~ ၁၈၊ ၀၂၊ ၁၃
၁၁း၀၀ နာရီ (မြန်မာစံတော်ချိန်)
(For 18th Jan' 2013)

7 comments:

ညိမ်းနိုင် said...

ကောင်းလိုက်တဲ့ စာသားလေးတွေ...၊တစ်ခါတစ်လေကျ
တရားမရနိုင်သေးပေမယ့် အရောင်မဲ့ကမ္ဘာလေးကိုတမ်း
တမိပါရဲ့အစ်မရယ်...၊လျှောက်လမ်းတော့မရှာနိုင်သေး
ပါဘူး၊ကိုယ့်မှာလည်း ရောင်စုံတွေနဲ့လေ....၊

Anonymous said...

ညီမမေ
အေရာင္မဲ့ကမ ၻာတဲ့ လား
ကဗျာလေးက ကောင်းတယ် ညီမမေ...
အရောင်တွေနဲ့ ကျွမ်းဝင်နေတဲ့ ပန်းချီသမားတောင်..
လောကကို ငြီးငွေ့ လာရင် ညီမမေ ပြောတဲ့ကမ္ဘာလေးမှာ
ငြိမ်သက်ပြီး ငေးမောနေချင်မိတယ်..


သစ်နက်ဆူး

ညီလင်းသစ် said...

တကယ့်ကို ခွန်အားပါလှတဲ့ ကဗျာလေးပါပဲ မမေ...၊ ဘယ်နဲ့ညာကို လူးလာခေါက်တုံ့ ဖတ်နေမိတယ်၊ ကဗျာအောက်က ရက်စွဲနဲ့ အချိန်အရ မြန်မာကဗျာကို အင်္ဂလိပ်ကို ပြန်တာဖြစ်မယ် ထင်တယ်၊ ဗားရှင်း နှစ်ခုစလုံးကို သဘောကျမိတယ်..၊

အရောင်အသွေးစုံထဲ ကမ္ဘာထဲကနေ အရောင်တွေကင်းမဲ့ရာ နေရာကလေးကို မှန်းမျှော်ကြည့်ရရုံနဲ့တင် ငြိမ်းချမ်းမှု တစုံတရာကို ခံစားလိုက်ရ သလိုပါပဲ၊ စပြီး 'ဖူး' တဲ့ အချိန်ကနေ 'ပွင့်' လာတဲ့အထိ ဆယ်ရက်ကြာတဲ့ ဒီကဗျာလေးအတွက် two thumbs up ပါ မမေရေ...။း)

Ma Tint said...

နက်နက်နဲနဲ ကဗျာလေးပါလား မမေရေ။
ငြိမ်းချမ်းတဲ့ အရောင်မဲ့ ကမ္ဘာလေးကို တမ်းတမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

“ အရောင်မဲ့ကမ္ဘာ ဖွေရှာတမ်းတ
မှန်းဆသော်လည်း ရောက်နိုင်ခဲစွ
ကိုယ်တိုင်ကလည်း မီးသွေးခဲ . . . ”

ရေးတုန်းကတော့ ကဗျာပဲ မမေရေ...ရေးရင်းနဲ့ ကပြောင်ဖြစ်သွားတာတော့ တတ်နိုင်ဘူးဗျာ...တစ်ခါတစ်ခါကျတော့လည်း မမေကို အားကျသဗျ...လေးလေးနက်နက် စူးစူးစိုက်စိုက် တွေးနိုင်တာကို ပြောတာပါ...သည်မှာတော့ အပြင်က ၀န်ထုပ်တွေဖိလွန်းလို့ အတွင်းကို မပေါ့ပေါ့အောင် ဟာသဖောက်ပေးနေရတာ တစ်ခါတစ်ခါ စိတ်တောင် ကုန်မိသေး...

မြသွေးနီ said...

သဘောကျနှစ်သက်မိတယ် မမေရေ..
အတွေး အသုံးအနုန်းလေးတွေက အစ...
အရောင်မဲ့ ကမ္ဘာကို ကိုယ်တိုင်တော့ ဘယ်တော့မှ ပျံသန်းခွင့်ရမယ် မသိ..
အခုတော့ အရောင်တွေကြားထဲမှာ နစ်မြုပ်နေဆဲ..

San Htun said...

ကဗျာလေးက လေးနက်ပြီး ကောင်းလိုက်တာ မမေရေ...