ဖြစ်လာသမျှ
ပျက်ရမည်မှာ
ဓမ္မတာတည်း။
သာယာအေးချမ်း၊ ဘ၀လမ်း၌
မသမ်း ဘယာ၊ ရှိနေပါသော်
ပျော် တမွေ့မွေ့၊ မေ့ တလျော့လျော့
ပေါ့ တဆဆ၊ နေခဲ့ကြပြီး
ဖိစီးအပူ၊ ကျွမ်းဆူလောင်မြိုက်
ဖြစ်လာခိုက်မှ၊ ဗုဒ္ဓ ဓမ္မ
သံဃာ့အားကိုး၊ ရှိလျှင်ခိုးကာ
ကိုးကွယ်ရာကို ရှာကြသည်။
သံသရာဝဲ၊ သြဃထဲ၌
ရှင်ကွဲတလီ၊ တွေ့မည်သေကွဲ
မမြဲနိစ္စ၊ ကြုံရမည်ချည်း
ဖြစ်ပြီးလျှင် ပျက်၊ နှိပ်စက်တတ်သော
ဤသဘောဟု၊ ကြံ-တွေး-ပြု-ကြည့်
ကပ်သတိဖြင့်၊ မှတ်-သိနေဖို့ လိုပေသည်။
***
မေဓာဝီ
၁၊ ၂၊ ၁၂
၂၀း၀၂ နာရီ
Subscribe to:
Post Comments (Atom)
16 comments:
ကိုရင် လာဖတ်တယ် ကျောင်းအမကြီးရေ..
သတိပေးတုန်းခဏတော့လုပ်ကြည့်သေးတယ်..ဒီစာမျက်နှာကလည်းထွက်ရော ပျောက်ရော :D
ဟုတ်တယ်ဗျာ၊ ခလုတ်ထိမှ အမိတ,တာထက် နေ့စဉ်ဘဝမှာ သတိလေးကပ်ပြီး နေနိုင်တာက အကောင်းဆုံးပါပဲ၊ ကျနော်တို့ လောကီသားတွေ ကတော့ မေ့မေ့လျော့လျော့ ရှိချိန်တွေ သိပ်များလွန်း လှတယ်..၊
စကားမစပ် ပို့စ်တင်ရတာ အဆင်ပြေသွားပြီလား မမေ..။
ကြီးမေ
နေ့စဉ် သတိကပ်ဖို့ ကြိုးစားရင်း ကြိုးစားရင်း လွတ်လွတ်နေတုန်းဘဲ ကြီးမေ။
အချိန်တိုင်း ကပ်သတိ မှတ်သိဖို့
သတိရပြန်ပေါ့ ကြီးမေ
ခင်မင်တဲ့
အရီးစ
သတိကတော့မေ့လျော့နေတာများတယ်မမမေရေ .
တကယ်ပါ ရလဲ ဖြတ်ခနဲဖြစ်နေတယ် .. အချိန်တွေကကုန်မြန်တယ် ခလုတ်ထိမှအမိတ နေကြတာကိုကဆိုးလွန်းနေတာပါး))
ချစ်တဲ့
မဒိုးကန်
မမေဓါဝီ ရေ
သီလရှင် တော့ ဝတ်မသွားနဲ့ အုန်းနော် အရာရာ မြဲမယ် မှတ်နေတဲ့ လူတွေ လူတွေ (ရွှေစင်ဦး)ကထိပ်ဆုံး ကပေါ့ သနားစရာ ကောင်းလှပါတယ် ရေပွက်ပမာ
ခင်မင်တဲ့
ရွှေစင်ဦး
ဟုတ်တယ်.. အစ်မရေ... သိလျက်နဲ့ မကျင့်တာက မသိတာနဲ့အတူတူပဲတဲ့... သေမင်းက ကြိုက်တဲ့အချိန်ရောက်လာနိုင်တယ်.. ကိုယ်တွေလည်း အမြဲတမ်း သတိနဲ့ ကျင့်ကြံကြိုးကုတ်ရမယ်... သံဝေဂတဲ့.. တိုတိုလေးနဲ့ ထိမိလှတယ်..
ခင်မင်လျက်
နေ၀သန်
သိလျှက်နှင့် မှတ်ဖို့ခက် မမှတ်ဖြစ်တာက ပိုဆိုးပါတယ်၊
သိပါတယ် သိနေပါတယ် ဒါပေမဲ့…………….
သတိမတင်ခဲ့ပါ။
လာလည်ပာတယ် ခင်ဗျာ :) သံသရာကို လိုက်ရှာနေတဲ့ ကျွန်တော် သံသရာကဗျာနဲ့ စတွေ့သွားတယ် ..
ဒာလေးရေဖြစ်ပာတယ် လာရောက်ဝေဖန်ပာအုံး :) http://manouharblood.blogspot.com/2012/02/blog-post.html
ကဗျာလေး ဖတ်ပြီး သတိကပ်နိုင်အောင် ကြိုးစားပါ့မယ် မမမေရေ..
ကဗျာရေးစွမ်းရည် ပိုမြင့်လာတယ်။ တရားနဲ့လဲ နီးလာတယ်လို့ ယုံကြည်တယ်။ ကဗျာဆိုတာ ရင်ထဲက ခံစားရမှ ဖွဲ့လို့ရတဲ့စာလို့ ယုံကြည်လို့ပါ။ ဒါပေမဲ့ တစ်ချို့ အချစ်ကဗျာများကတော့ သူများရဲ့ ခံစာချက်ကို ဖွဲ့ကြသည်လည်း ကြားဘူးပါ၏။ သို့သော် သံဝေဂလင်္ကာကား မိမိကိုယ်တိုင်ခံစားပြီးမှသာ ဖွဲ့ဆိုသည်ဟု... ယုံမိပါသည်။ (မောင်ကြီး)
ကောင်းလိုက်တဲ့ကဗျာလေးဗျာာ
ကိုယ့်ကိုကိုယ်ဆင်ခြင်ရအုံးမယ်ဗျာ
မောင်ဘကြိုင်
အစ်မရေ...
သံဝေဂ ရမိတယ်ဆိုတာထက် ကဗျာကောင်းကောင်းလေးကို ဖတ်ခွင့်ရတဲ့အတွက်ပိုကျေနပ်မိတယ်ဗျာ။
သံဝေဂ ရစရာတခုခုများ ကြုံထားလို့လား။
ဖြစ်ပြီး ပျက်မှာ တခါတခါ သတိရမိပေမယ့် ဖြစ်ခြင်းရဲ့ အရသာထဲမှာပဲ မျောမျောသွားတယ်။
သံဝေဂကဗျာလေးဖတ်ရင်းသတိချပ်သွားတယ် မေရေ။
ကဗျာလေးကကောင်းလို့ကူးယူသွားတယ်နော်။ ကျေးဇူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တစ်ခါလေ ငါ့ကိုယ်ကြီးက ပူလိုက်တာ ပူလောင်နေတာ သိရဲ့သားနဲ့ အအေးနဲ့ဝေးရာကို ပိုပိုလျှောက်မိနေသလိုပဲ
သံဝေဂတွေအများကြီးပဲ အစ်မရေ ။။။။
ကဗျာလေးကသံဝေဂရစေသာမို့ fမှတင်ပါရစေ မမေ
Post a Comment