Sunday, September 26, 2010

နွယ် နှင့် နွံ


နွယ်ပင်ပမာ
တွယ်ငင်လာသော
သံယောဇဉ်ကြိုး
နှောင်ဖွဲ့တိုး၍
တမြည့်မြည့်ချည်
ဖြည်နေလျက်နှင့် ရစ်ပတ်သည်။

နွံအိုင်တွင်းဝ
သက်ဆင်းကျရစ်
ကျွံဝင်နစ်ပြန်
လွတ်ရုန်းရန်ခက်
ရှောင်ခွါထွက်လည်း
လှုပ်လျက် မြုပ်ကာ နေတော့သည်။

နွယ်နှင့်နွံနက်
ရုန်းဖြတ်ခက်၍
လည်ပတ်နေကြ
ဝဲသြဃမှ
လွတ်ရစေကြောင်း
ကျွန် ဆုတောင်းသည် …
ကောင်းကျိုးဆန္ဒ ပြည့်စေသောဝ်။
***
MDW
25.9.2010
23:34

15 comments:

Anonymous said...

ဆုတောင်းတိုင်း ပြည့်စေချင်ပါသည်။

ခင်မင်စွာဖြင့်
seesein

Crystal said...

ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။ (ကဗျာလေးက ကောင်းလိုက်တာ)

ရွှေရတုမှတ်တမ်း said...

နွယ်ကလဲ ကိုယ်တိုင်ဖြတ်မှပြတ်မှာလေ..နွံ ဆိုတာလဲ မဆင်းရင် အကင်းကြီးပါ...
မမေ ရေ..ကိုကြီးကျောက်ကို စမ်းသပ်ထားတာတွေကို ၃၁ရက်နေ့မှာ..အသဲဆရာဝန်တွေ ဆွေးနွေးတိုင်ပင်ပြီး ဘာလုပ်မယ်ဆိုတာပြောလိမ့်မယ်..အခု အိမ်ပြန်ရောက်နေတယ်

Anonymous said...

မမေဓါဝီ လည်း ဧကန်န နွယ်ရစ်ပတ်နေပြီနဲ့တူတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

နွယ်နှင့်နွံကို လာဖတ်ပါတယ် မမေဓါဝီ။

ချော(အစိမ်းရောင်လွင်ပြင်) said...

နွံရော နွယ်ရော ရုန်းထွက်ဖို့ခက်တယ်
ရူပကအလင်္ကာလို့ဘဲ တင်စားရမယ်နော်။
မမေက ကဗျာလဲ အစပ်ကောင်း၊ စာလဲ အရေးကောင်းတယ်
အားကျမိတယ်..

Ko Min Htet said...

နွံထဲနစ်ပြန်
နွယ်ရစ်ခံ၍
ရုန်းရန်ခဲခက်
အခြေပျက်သော်
ဉာဏေဖက်တွယ်
သတိလွယ်ကာ
ကာကွယ်ပြုလေ
အိုမိတ်ဆွေ။

ဆုခြွေဆုတောင်း
ပြုသော်ကောင်းလည်း
ဆုတောင်းမပြည့်
ဖြစ်ခဲ့လေ့ကြောင့်
လက်တွေ့ကျင့်ကြံ
သဘောမှန်မှ
လွတ်ရန်အကြောင်း
သည်ထုံးဟောင်းကို
ပုံဆောင်းမြွက်ခြွေ
ဟောခဲ့ပေ။

မီးဝေးချိတ်မာ
ဓမ္မတာကို
ရင်မှာစွဲဘိ
အစဉ်သိလော့
ကြိုးငြိကြိုးချင်း
အိုးအိုးချင်းထိ
သဘောရှိကို
တတ်သိလိမ်မာ
သင်မေဓာသည်
ပညာဓားထုတ်
ထွင်ကာခုတ်လေ
အပြုတ်ပေ။

ကိုကိုမောင်(ပန်းရနံ့) said...

ရုန်းထွက်ဖို့ခက်ရင် မရုန်းထွက်နဲ့ပေါ့။း)))

နွယ်..
တွယ်ရစ်စမ်းပါစေ။

နွံ...
ကျွံဝင်စမ်းပါစေ။

နွယ်နှင့်နွံ
ကျွံဝင်တွယ်ရစ်
တစ်ရစ်ပြီးတစ်ရစ်
တစ်ဆစ်ပြီးတစ်ဆစ်
အဲဒါမှ အချစ်စစ်။း))


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sosegado said...

ပြည့်ဘို့ခက်တဲ့ ဆုတောင်းတစ်ခုပဲ၊ ကိုယ်တိုင်မဖြတ်နိုင်လို့။
ပျော်ရွှင်ပါစေ။

Harry said...

တရားကျသွားပြီကိုး ....
ဝတ်ကြောင်ကိုပယ်တော့မယ် ထင်တယ် ...
ဆရာလေး မေဓာဝီ ... ခွိခွိ ...

မိုးယံ said...

တရားရသွားတာလား ဂျာ။
ဒါဆိုရင် ရုန်းထွက်လိုက်ပါ နွယ်ပင်တွေ ရစ်ပတ်ထားသော ကိလေသာ နွံအိုင်ထဲမှ။ အာ ဟ

ဆရာလေး မေဓာဝီ ဂွီ။

မြစ်ကျိုးအင်း said...

နေ့ဝါ ညဝါ စာဝါတက် နေရင်းတောင် ဘယ် နွယ်က ရစ် ပါတ်သတုန်းး ။

မောင်မျိုး said...

နွယ် ... ရစ်ပတ်တတ်တဲ့ သဘောဆောင်တဲ့ ခပ်စိမ်းစိမ်းပန်း ။

အိုတစ်ပင်တည်း ရင်ထဲကနွယ်း)

မိုးစက်ပွင့် said...

မမေ ရဲ့ ပုံထဲကနွယ်က ဗူးနွယ်ဆိုတော့ ရုန်းလို့ သိပ်မခက်လောက်ဘူး ထင်တယ်။ နောက်တာပါ :-)

မမေကဗျာရော၊ ကိုကိုမောင် ကဗျာရော ကြိုက်တယ်...

နွယ် နဲ့ နွံက အသံချင်း ဆင်သလို ဖွဲ့နှောင်ဖမ်းစား တတ်တာခြင်းတူတယ်နော်။ နွေ နဲ့ နှင်း ဆိုတဲ့ ဆန့်ကျင်ဖက်သဘောလေး နှစ်ခုကို ထပ်ရေးပါဦးလားဟင် .............

Mhu Darye said...

မမေ ရဲ့ ကဗျာတွေဖတ်ရတာ သိပ်သဘောတွေ့တာပဲ ။
း)